တအောင်းဒေသနှင့် ကိုး ကန့်ဒေသတွင်ဖြစ်ပွားနေသော ပြင်းထန်သည့်
တိုက်ပွဲများ ရပ် ဆိုင်းခြင်းမရှိဘဲ တစ်နိုင်ငံလုံးအ
ပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေး နွေးပွဲများပြုလုပ်နေခြင်းသည် အ
လုပ်မဖြစ်နိုင်ကြောင်း ပလောင် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) က
သဘောထားကြေညာ ချက်တစ်စောင်ထုတ်ပြန်သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အတွက် ရန်ကုန်မြို့တွင်
ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နေသော်လည်း မြန်မာ့တပ်မတော်က တအောင်း
ဒေသ၊ ကိုးကန့်ဒေသတွင် ထိုးစင်ဆင်နေသဖြင့်
တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်မှာ စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့်
နိုင်ငံရေးအဖြေရရှိနိုင်မည်မဟုတ်ဟု သတိပေးထောက်ပြလိုကြောင်း ကြေညာချက်တွင်
ဖော်ပြထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
သဘောတူညီချက်စာချုပ်ချုပ်ဆို နိုင်ရန်
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့်
အစိုးရက ဖွဲ့စည်း ထားသော ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်း
ကော်မတီ (UPWC) တို့ ဆွေးနွေး ပွဲများစတင်သည့် မတ်လ ၁၇ ရက်တွင် PSLF က
အဆိုပါထုတ်ပြန် ချက် ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။
ရန်ကုန်မြို့တွင် ပြုလုပ်သော အထက်ပါဆွေးနွေးပွဲသို့ PSLF က
တက်ရောက်သော်လည်း အရေး ပါသည့် ခေါင်းဆောင်များတက် ရောက်ခြင်းမဟုတ်ဘဲ
လုပ်ငန်းအ ဖွဲ့ကိုသာ တက်ရောက်စေခဲ့သည်။တအောင်းဒေသ၊ ကိုးကန့် ဒေသများတွင်
မြန်မာ့တပ်မတော် က တပ်အင်အားများပြားစွာ ဖြန့်ကြက်ထိုးစစ်ဆင်လျက်ရှိပြီး တ
အောင်းတပ်မတော် (TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်မတော် (AA)
တို့ပါဝင် သည့် တိုင်းရင်းသားစုပေါင်းတပ် ဖွဲ့ကို ပြည်ပကျူးကျော်စစ်သဖွယ်
တိုက်ခိုက်စစ်ဆင်နေကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။
ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့သည် တရားဝင် ရွေးကောက်ထားသည့်
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရ ကို ၀င်ရောက်တိုက်ခိုက်ခဲ့သော
ကြောင့် တပ်မတော်အနေဖြင့် ပြတ်ပြတ်သားသား ပြန်လည်
တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကိုးကန့် ဘက်က ပါဝင်တိုက်ခိုက်ပေးနေ သည့်
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့၏ လုပ်ရပ်များကို မည် သည့်နည်းနှင့်မျှ
လက်မခံနိုင် ကြောင်း ဖေဖော်ဝါရီက ပြုလုပ်ခဲ့သည့် 7Day News နှင့်
အင်တာဗျူးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားထားသည်။
မြန်မာ့တပ်မတော်အနေဖြင့် တအောင်းဒေသ၊ ကိုးကန့်ဒေသ များတွင်
ထိုးစစ်ဆင်မှုများကို ရပ် တန့်ခြင်း၊ စစ်ဆင်ရေးတပ်များ
ပြန်လည်ရုပ်သိမ်းခြင်းတို့ မပြုသရွေ့ မိမိတို့အနေဖြင့်လည်း ခုခံကာ ကွယ်သည့်
စစ်ရေးနည်းလမ်းဖြင့် ဆက်လက်ခုခံတိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း PSLF ၏
သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
http://7daydaily.com/story/33967#.VQjoufAYuM8
No comments:
Post a Comment