ကမ္ဘာပေါ်တွင် လည်ပတ်စရာ အကောင်း ဆုံးဒုတိယမြို့အဖြစ် ပုဂံမြို့အား
သတ်မှတ် လိုက်ကြောင်း Wanderlust Travel Magazine ၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
Wanderlust Travel Magazine သည်
ကမ္ဘာပေါ်တွင် လည်ပတ်ချင်စရာ အကောင်းဆုံးမြို့ များနှင့် နိုင်ငံများ
စာရင်းကို ကမ္ဘာလှည့် ခရီးသည် များ၏ ထောက်ခံမဲ အပေါ် အခြေခံ၍ နှစ်စဉ်
ထုတ်ပြန်လေ့ရှိပြီး မြန်မာနိုင်ငံသည် ယခုနှစ်၏ လည်ပတ်ချင်စရာ အကောင်းဆုံး
နိုင်ငံများအနက် န၀မ မြောက် နိုင်ငံ အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ပုဂံသည်
ကမ္ဘာပေါ်တွင် နံပါတ်တစ် သွားရောက် လည်ပတ်ချင်စဖွယ် အရှိဆုံးမြို့ အဖြစ်
ယမန်နှစ်က သတ်မှတ်ခံခဲ့ ရသည်။
အခုဆိုရင်
မြန်မာနိုင်ငံကို ပြည်ပခရီး သွားတွေ အများကြီး ၀င်လာ နေပြီ။ တစ်ဖက် မှာလည်း
အဲဒီလို ၀င်လာတဲ့အတွက် ထိခိုက် ဆုံးရှုံးမှုတွေ ရှိနိုင်ပေမယ့်
ကျွန်တော်တို့ဆီမှာ responsible tourism ကို အကောင်အထည် ဖော်နေတာ ရှိတယ်။
အဲဒါကို ဖိဖိစီးစီး လုပ်နိုင်ရင် အဲဒီလို ထိခိုက်ဆုံးရှုံးမှု တွေကို
ကာကွယ်နိုင်ပါတယ် ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ
အထွေထွေ အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောသည်။ ၂၀၁၅ ခုနှစ် ခရီးသွား
ရာသီတွင် မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ငါးသန်းခန့်
ဝင်ရောက်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31277
No comments:
Post a Comment