မျိုးစောင့် ဥပဒေအား အမျိုးသား ပညာရေး ဥပဒေကဲ့သို့ ထပ်မဖြစ်စေ
လိုကြောင်း ဖန်တီးအိမ် အမျိုးသမီး အဖွဲ့များ ကွန်ရက်မှ ဒါရိုက်တာ
ဒေါ်ရွှေရွှေစိန်လတ်က The Messenger Media သို့ ပြောသည်။
လွှတ်တော်မှာ အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်း
နိုင်ရင် မျိုးစောင့် ဥပဒေ မလိုဘူးလို့ ပြောထားတယ်။ ဒါက အမျိုးသမီး
အားလုံးနဲ့လည်း ဆိုင်တယ်။ ဘာသာရေး ပဋိပကလည်း မဖြစ်တော့ဘူး။ လူမျိုးရေး
ပဋိပက္ခလည်း မဖြစ်လာဘူး။ ဒါသည် အမျိုးသမီး အရေး နဲ့လည်း ဆိုင်တယ် ဆိုပေမယ့်၊
လူတိုင်းနဲ့ ဆိုင်တယ်။ ဖြစ်နေ တာတွေက အကြမ်းဖက် မှုကြောင့် ဖြစ်ပြီးတော့
တရား မျှတမှု ရရှိအောင် အကြမ်းဖက်မှု တွေကို ကာကွယ်တဲ့၊ အားလုံး ပါဝင်တဲ့၊
ဥပဒေတွေ အားလုံး လက်တွေ့ကိုင် တွယ်နိုင်တဲ့ ဥပဒေတွေ ပေါ်ထွက် လာဖို့
အရေးကြီးတယ်။ ဟိုက မကျေနပ်၊ ဒီက မကျေနပ်တဲ့ အမျိုးသား ပညာရေး ဥပဒေ
လိုထပ်ပြီးတော့ မဖြစ်စေ ချင်ဘူး။ အမြင်ကြီးကြီးနဲ့ ရှုထောင့် ပေါင်းစုံက
နေပြီး တော့ ကြည့်ဖို့ လိုပါတယ် ဟု ၎င်းက ပြောသည်။
ဥပဒေ
ရှုထောင့်မှ သော်လည်းကောင်း၊ (ကျား၊မ) ရေးရာ ရှုထောင့်မှ သော်လည်းကောင်း၊
အမျိုးသမီးများ ရှုထောင့်မှသော် လည်းကောင်း၊ တခြား နည်းလမ်းဖြင့်
ဆောင်ရွက်နိုင်ရန် လွှတ်တော်သို့ တင်ပြ ထားကြောင်း၊ အမျိုးသမီးနှင့်
သက်ဆိုင်ပါက အမျိုးသမီးများ အသံနှင့်၊ ဘာသာရေးနှင့် သက်ဆိုင် ပါက ဘာသာစုံမှ
အသံတို့ ပါဝင် သင့်ကြောင်း ၎င်းက ဆိုသည်။ မျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့
အစိုးရရဲ့လုပ်ရပ်တွေက တကယ်တော့ ထိရောက်မှု မရှိ ပါဘူး။ အမျိုးသမီးတွေရဲ့
အခွင့်အရေးကို ထိခိုက်တယ် ဟု အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ တစ်ဦး
ဖြစ်သော မသိန်္ဒီဦးက The Messenger Media သို့ ပြောသည်။
လွှတ်တော်တွင်း ဥပဒေများ ဆွေးနွေး နေချိန်တွင် မိမိတို့ တင်ပြချက် များကို
ဝိုင်းဝန်း၍ ခြိမ်းခြောက်မှုများ၊ အနိုင်ကျင့်မှုများ ဖြစ်ပေါ်လာ ပါက
နိုင်ငံတော် ရှေ့ဆက်မည့် အပြန်အလှန် ဆွေးနွေး အဖြေရှာခြင်း အလားအလာ
ကောင်းများ ရရှိနိုင်တော့မည် မဟုတ်ကြောင်း Equality Myanmar မှ ဒါရိုက်တာ
ဦးအောင်မျိုးမင်းက The Messenger Media သို့ ပြောသည်။
မျိုးစောင့် ဥပဒေကြမ်း (၄) ချက်နှင့် ပတ်သက်၍ ပြည်သူ့ ဆန္ဒနှင့် အညီ ဥပဒေ
ကြမ်းများကို ကျယ်ကျယ် ပြန့်ပြန့် အသိပေးခဲ့ပြီး၊ ပြည်သူ များ၏ အမြင်နှင့်
သဘောထား များကို မူကြမ်းများတွင် ထည့်သွင်း စဉ်းစား ခဲ့ကြောင်း၊ ပြည်တွင်း
ဥပဒေပြု လုပ်ငန်းစဉ်၏ ရလဒ်များ အပေါ် ကြိုတင် မှန်းဆ ပြောကြား ဝေဖန်ခြင်း
များသည် ပြည်သူများ၏ သဘောထား အမြင်များ အပေါ် လွှမ်းမိုး သြဇာ သက်ရောက်မှု
ရှိရန်နှင့်၊ ပြည်သူများ အကြား လှုံ့ဆော်မှု ရှိစေရန် ကြိုးစားမှု တစ်ခု ဖြစ်
ကြောင်း ယမန်နေ့က နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန် ထားသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31273
No comments:
Post a Comment