February 5, 2015

ဖေဖော် ဝါရီ ဒုတိယ ပတ်တွင် မဟာ ဗန္ဓုလ ပန်းခြံ လှည်း တန်း ခုံးကျော် တံတား အနီးနှင့် မင်္ဂလာဒုံ မြို့နယ် တို့၌ လေထု တိုင်း တာရေး စက်များ အထိုင်ချ တပ်ဆင်မည်

ရန်ကုန်မြို့ရှိ လေထု ညစ်ညမ်းမှုများကို တိုင်းတာရန်  ဖေဖော်ဝါရီ ဒုတိယပတ်တွင် ရန်ကုန်မြို့ တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ၊  လှည်းတန်း ခုံးကျော်တံတား အနီးနှင့် မင်္ဂလာဒုံ မြို့နယ်တို့ ၌

လေထုတိုင်းတာရေး စက်များကို  အထိုင်ချ တပ်ဆင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြိုတော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထိုကဲ့သို့ လေထုတိုင်းတာ ရေး စက်များကို မဟာဗန္ဓုလပန်းခြံ၊ လှည်းတန်း ခုံးကျော်တံတား အနီးနှင့် မင်္ဂလာဒုံမြို့နယ် တို့ ၌ အထိုင်ချ တပ်ဆင်သွားမည်ဖြစ်ပြီး ကျန် ၁၁ နေရာ၌ ရွှေ့ပြောင်း လေထုတိုင်းတာရေး စက် များကို  တပ်ဆင်သွားမည်ဖြစ်ရာ  စုစုပေါင်း ၁၅ နေရာ၌  တပ်ဆင် သွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ စက်များဖြင့် လေထုထဲတွင် ပါဝင်သော အမှုန်ပမာဏ၊ ကာဗွန်ဒိုင်အောက်ဆိုက် စ သည့် ဓာတ်ပစ္စည်း ၁၄ မျိုးကို  တိုင်းတာ စစ်ဆေးကာ နိုင်ငံတကာထက် ကျော်လွန်သည်ဟု စစ်ဆေးတွေ့ရှိပါက လေထုညစ်ညမ်းရေး စီမံကိန်းများ ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရ သည်။ ရန်ကုန်မြို့ရှိ လူဦးရေမှာ ၅ ဒသမ ၂ သန်း ရှိပြီး လူဦးရေနေထိုင်မှု သိပ်သည်းလာခြင်း၊ မော်တော်ယာဉ်များ များပြားလာခြင်းနှင့်အတူ ၎င်းတို့ အသုံးပြုသည့် ဇိမ်ခံပစ္စည်း၊ မိလ္လာစနစ် နှင့် အမှိုက်စွန့်ပစ်ခြင်း စနစ်များကြောင့် လေထုညစ်ညမ်းမှုများ ရှိလာပြီး သဘာဝဘေး အန္တရာယ် ကျရောက်နိုင်သည့်စာရင်းတွင် အဆင့်လေးနေရာ ရောက်ရှိနေပြီဖြစ်ကြောင်း သိရ သည်။ ထို့အပြင် မော်တော်ယာဉ်များမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက်များကို လမ်း ဘေး၌ သစ်ပင်များစိုက်ပျိုးကာ စုပ်ယူနိုင်သော်လည်း ရန်ကုန်မြို့တွင်း လမ်းများ၌ လမ်းဘေး သစ်ပင်စိုက်ပျိုးမှု အားနည်းနေသေးကြောင်း သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ် သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် ရရှိလာပြီးနောက် တင် သွင်းလာသည့် မော်တော်ယာဉ် ၈ဝ ရာခိုင်နှုန်းမှာ ရန်ကုန်မြို့တွင်း မောင်းနှင်လျက်ရှိရာ လေ ထုညစ်ညမ်းမှုများ  ပိုမို ဖြစ်ပွားလာသည့်အပြင် စက်မှုဇုန်များမှ ထွက်ရှိသော အခိုးအငွေ့များမှ လည်း လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်စေကြောင်း၊ လာမည့် ၂ဝ၅ဝ ပြည့်နှစ်တွင် လူဦးရေ ပိုမို များပြားလာပြီး အပူချိန်နှင့် ရာသီဥတုအပြင် လေထုညစ်ညမ်းမှုများ ပိုမို များပြားလာနိုင် မည် ဖြစ်ကြောင်း သိရသည်။ 
http://myawady.net.mm/allnews/localnews/item/59874-2015-02-05-09-55-20

No comments:

Post a Comment