February 5, 2015

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် Voter Education,Voter Training များ စီစဉ် ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၎
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဗျူရိုမှ အကြီးတန်း ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး
Mr.Scot  Marciel ၊  မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E.Mr. Derek Mitchellနှင့် ဒုတိယ အတွင်းဝန်/ ဒုတိယ ကောင်စစ်ဝန် Mr.Jeffrey Warnerတို့အား ယနေ့ညနေ ၃နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂ဝ၁၃ခုနှစ်မှစ၍ မဟာဗျူဟာ စီမံကိန်း ရေးဆွဲ ဆောင်ရွက်နေမှု၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် နည်းဥပဒေများ ပြင်ဆင်ရေး ဆွဲရာတွင် နိုင်ငံရေး ပါတီများ၊ များသို့ချပြ၍ အကြံပြုချက်များရယူ ဆောင်ရွက်ခဲ့မှု၊ ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲ အတွက် Voter Education,Voter Training များကို စီစဉ်ဆောင် ရွက်နေမှု၊ နိုင်ငံတကာ ဥဘျနမလနမ များအား ဖိတ်ခေါ်သွားရန် စီစဉ်ထားမှု တို့အား ရှင်းလင်း ပြောကြား သည်။
အမေရိကန် ပြည်ထောင်စု ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးတို့က ပွင့်လင်းမြင်သာသော  ရွေးကောက်ပွဲ ဖြစ်ရေး ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ၊ နိုင်ငံ တကာ အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အပေါ် ကူညီ ဆောင်ရွက်ပေးမှုများ၊ နိုင်ငံတကာ Observer များအား ဖိတ်ခေါ်မည့် အစီအစဉ်တို့နှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်၊ ဦးဝင်းကိုနှင့် ကော်မရှင် ရုံးမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။  
http://myawady.net.mm/allnews/localnews/item/59893-2015-02-05-10-44-03

No comments:

Post a Comment