ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းဌာန၏ အကြံပေး ဒေါက်တာ ကျော်လတ်က ပြောကြားခဲ့သည်။ ရန်ကုန်မြို့အား စတုရန်းမိုင် ၁ဝဝ ခန့်တိုးချဲ့ လိုက်ပါက ယင်းစတုရန်းမိုင်တွင် လူဦးရေ ရှစ်သန်းခန့် နေထိုင်နိုင် မည် ဖြစ်ကြောင်း သိရ သည်။ လက်ရှိ လူဦးရေ ငါးသန်းနှင့် အသစ် ထပ်တိုးလာမည့် လူဦးရေ ရှစ်သန်းဖြင့် ပေါင်းပါ က ရန်ကုန်မြို့မှာ အနာဂတ်တွင် လူဦးရေ စုစုပေါင်း ၁၃ သန်း နေထိုင်နိုင် မည် ဖြစ်သည်။ နောက်ထပ် နှစ်ပေါင်း နှစ် ၃ဝ နှင့် နှစ် ၄ဝ ကြားဖြင့် အခက်အခဲမရှိ နေထိုင်နိုင်မည် ဖြစ် ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းဌာနမှ တာဝန်ရှိသူများက စတု ရန်းမိုင် ၁ဝဝ ခန့် တိုးချဲ့မည့် အစီအစဉ်ကို ဖေဖော်ဝါရီလတွင်း၌ မြို့တော်ဝန်နှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ကို စတုရန်းမိုင် ၁ဝဝ ခန့် ထပ်မံတိုးချဲ့ ပါက ရန်ကုန်မြို့အတွင်း၌ လမ်းများ၊ ရေပေးစနစ်၊ လျှပ်စစ်စနစ်၊ သယ်ယူပို့ဆောင်ရေး စနစ် များကိုလည်း အသစ်တိုးချဲ့မည့် စတုရန်းမိုင်အတွက် သီးသန့် စနစ်တကျ ဖော်ဆောင်သွားရ မည်ဖြစ်သည်။ အဆိုပါ စတုရန်းမိုင် ၁ဝဝ ခန့် တိုးချဲ့မည်ဆိုလျှင် ပုဂ္ဂလိက ကုမ္ပဏီများကို လုပ် ကိုင်ခွင့်ပေးမည် မဟုတ်ဘဲ အစိုးရက လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။
http://myawady.net.mm/allnews/localnews/item/59908-2015-02-05-12-44-51 |
No comments:
Post a Comment