March 24, 2015

ရွှေသံစဉ် ဂီတအဖွဲ့ မှ လောက်ကိုင်ဒေသ ဒုက္ခသည်များကို ငွေကျပ် သိန်း (၂၀) ကျော် သွားရောက် လှူဒါန်း

ရွှေသံစဉ်ဂီတ အဖွဲ့ မှ လောက်ကိုင်ဒေသ ရှိ ကျဆုံးစစ်သည်များ ဒဏ်ရာရ စစ်သည်များ အပါအ၀င် စစ်ဘေးရှောင် ဒုက္ခသည်များကို ငွေကျပ်သိန်း (၂၀) ကျော် သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ မကြာမီရက်ပိုင်းက ရွှေသံစဉ်ဂီတ ဖျော်ဖြေရေး အဖွဲ့အနေဖြင့် စစ်ဖြစ်ပွားရာ လောက်ကိုင်ဒေသသို့ သွားရောက်ခဲ့ပြီး ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကာ အ၀တ်အစား အသုံးအဆောင် ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
                 ကျွန်တော်တို့ သွားရေး လာရေးနဲ့ စက်သုံးဆီ စရိတ်တွေ အတွက် အဝေးပြေး မော်တော်ယာဉ် ပိုင်ရှင်တွေနဲ့ တခြား အဖွဲ့ အစည်း တွေက လှူဒါန်းလိုက်တာတွေ ရှိပါတယ်။ ဒီ ငွေကြေးတွေနဲ့ပဲ လှူဒါန်းခဲ့ တာပါ ဟု ရွှေသံစဉ် ဂီတ အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုဝင်းမော်က ပြောသည်။ ရွှေသံစဉ် ဂီတ အဖွဲ့သည် မူလ အစီအစဉ် အရ စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် ဂီတဖြင့် ဖျော်ဖြေရန် စီစဉ်ခဲ့ သော်လည်း ကျဆုံး စစ်သည် များ၏ မိသားစု အခြေအနေ များကို မြင်တွေ့ရ သောကြောင့် ဖျော်ဖြေခြင်း မရှိခဲ့ဘဲ အလှူငွေသိန်း (၂၀) ကျော်နှင့် အ၀တ်အထည်များ ကိုသာ လှူဒါန်းခဲ့ကြောင်း ၎င်းက ပြောသည်။
                လောက်ကိုင်ဒေသတွင် ယခုလ (၂၁) ရက်နေ့ အထိ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားလျက် ရှိပြီး နှစ်ဖက် စစ်သည်များ ထိခိုက် ကျဆုံးလျက် ရှိကြောင်း သိရသည်။ ရွှေသံစဉ် ဂီတ အဖွဲ့သည် ပြီးခဲ့သည့် ဇန်န၀ါရီလ တစ်လလုံး ဗိုလ်ချုပ်ရာပြည့် ပွဲတော် ရန်ပုံငွေ အတွက် အနယ်နယ် အရပ်ရပ်သို့ လှည့်လည် ဖျော်ဖြေရာ ငွေကျပ်သိန်း (၂၀၀) ခန့် ရရှိခဲ့ပြီး ပွဲတော် ဖြစ်မြောက်ရေး ကော်မတီထံ သို့ လှူဒါန်း ခဲ့သည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34125

No comments:

Post a Comment