ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ဖုန်ကြားရှင်၏
ကိုးကန့်တပ် (MNDAA)နှင့် တပ်မတော် တို့၏ တိုက်ပွဲများကြောင့် တရုတ်
ပြည်တွင်းမှ ပြန်ရောက် လာသည့် မြန်မာ အလုပ်သမား (၇၂၀၀) ကျော် ရှိပြီ
ဖြစ်ကြောင်း ပြန်ရောက် လာသည့် မြန်မာ အလုပ်သမား များကို ကူညီပေး နေသည့်
ကွမ်းလုံ မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းမြို့က The Messenger Media
သို့ ပြောသည်။ အဆိုပါ မြန်မာ လုပ်သား များသည် မိမိ အစီအစဉ်ဖြင့်
ပြန်လာကြသူများ ဖြစ်ပြီး၊ ကွမ်းလုံမြို့သို့ ရောက်ရှိလာသူ များကို
အစိုးရနှင့် ကြက်ခြေနီတို့ ပူးပေါင်း၍ လားရှိုးမြို့သို့ ကူညီ ပို့ဆောင်ပေး
ခဲ့ကြောင်း သိရ သည်။
စစ်ရေး ပြင်ဆင်မှုတွေကြောင့်
နေ့စဉ်လိုလို ပြန်လာနေ ကြတယ်။ ကွမ်းလုံမြို့ကို ရောက်ရင်တော့ ကျွန်တော်တိုက
အစားအသောက်တို့၊ ကြက်ခြေနီ ကလည်း အမျိုးသမီး တစ်ကိုယ်ရေသုံး ပစ္စည်းတွေ
ထောက်ပံ့တယ်။ ကျွန်တော်တိုကပဲ သူတို့ ပြန်နိုင်ဖို့ ကားတွေ စီစဉ် ပေးတယ်။
သူတို့ ကတော့ ဟိုဘက်မှာ အများကြီး ကျန်သေးတယ်လို့ ပြောတယ်။ အတိအကျတော့
မသိရသေးဘူး ဟု ၎င်းက ပြောသည်။
အဆိုပါ မြန်မာ အလုပ်သမား
များမှာ မြန်မာပြည် အလယ်ပိုင်း ဒေသများ ဖြစ်သော နတ်မောက်၊ မလှိုင်၊
တောင်တွင်းကြီး၊ မြန်မာပြည် အောက်ပိုင်းမှ ခရမ်း၊ သုံးခွ၊ ၀ါးခယ်မ
မြို့များ၌ နေထိုင်ကြသူများ ဖြစ်ပြီး၊ တရုတ် ပြည်တွင်းတွင် ကြံခုတ်
လုပ်သား၊ မရမ်းခြံ လုပ်သားများ အဖြစ် လုပ်ကိုင်သူများ ဖြစ်ကြောင်း သိရသည်။
မနေ့ကလည်း တစ်ရာကျော်လောက် ပြန်လာမယ် ဆိုပြီး အကြောင်းကြားတယ်။ ဒါပေမဲ့
လောက်ကိုင်နဲ့ ချင်းရွှေဟော်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတော့ ပြန်မလာနဲ့ဦး၊
တိုက်ပွဲ အခြေအနေ ကြည့်ပြီးမှ ပြန်လာလို့ ပြောထားတယ် ဟု ဒေါက်တာ
သိန်းမြို့က ပြောသည်။ ထို့အပြင် လောက်ကိုင် တိုက်ပွဲများကြောင့်
တရုတ်နိုင်ငံ အတွင်း စစ်ဘေးရှောင်နေသည့် မြန်မာနိုင်ငံသား (၁၉၈) ဦးအား
တရုတ် အစိုးရက မြန်မာ အစိုးရထံ ဖေဖော်ဝါရီလ (၂၈) ရက်နေ့၌ ပထမဆုံး အကြိမ်
လွှဲပြောင်း ပေးအပ် ခဲ့သည်။
လောက်ကိုင်ဒေသတွင်
ဇန်န၀ါရီလ (၉)ရက်နေ့မှစတင်၍ တပ်မတော်နှင့် MNDAA၊ အခြား တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့်
ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအား
စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ရန် တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်ထံ
အာဏာလွှဲပြောင်း ပေးအပ် လိုက်ကြောင်း ဇန်န၀ါရီလ(၁၇)ရက်နေ့ က
နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့သည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34127
ပြည်တွင်းသတင်း
March 24, 2015
ရွှေသံစဉ် ဂီတအဖွဲ့ မှ လောက်ကိုင်ဒေသ ဒုက္ခသည်များကို ငွေကျပ် သိန်း (၂၀) ကျော် သွားရောက် လှူဒါန်း
ရွှေသံစဉ်ဂီတ အဖွဲ့ မှ လောက်ကိုင်ဒေသ ရှိ ကျဆုံးစစ်သည်များ ဒဏ်ရာရ
စစ်သည်များ အပါအ၀င် စစ်ဘေးရှောင် ဒုက္ခသည်များကို ငွေကျပ်သိန်း (၂၀) ကျော်
သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ မကြာမီရက်ပိုင်းက ရွှေသံစဉ်ဂီတ
ဖျော်ဖြေရေး အဖွဲ့အနေဖြင့် စစ်ဖြစ်ပွားရာ လောက်ကိုင်ဒေသသို့
သွားရောက်ခဲ့ပြီး ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကာ အ၀တ်အစား အသုံးအဆောင်
ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့ သွားရေး လာရေးနဲ့ စက်သုံးဆီ စရိတ်တွေ အတွက် အဝေးပြေး မော်တော်ယာဉ် ပိုင်ရှင်တွေနဲ့ တခြား အဖွဲ့ အစည်း တွေက လှူဒါန်းလိုက်တာတွေ ရှိပါတယ်။ ဒီ ငွေကြေးတွေနဲ့ပဲ လှူဒါန်းခဲ့ တာပါ ဟု ရွှေသံစဉ် ဂီတ အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုဝင်းမော်က ပြောသည်။ ရွှေသံစဉ် ဂီတ အဖွဲ့သည် မူလ အစီအစဉ် အရ စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် ဂီတဖြင့် ဖျော်ဖြေရန် စီစဉ်ခဲ့ သော်လည်း ကျဆုံး စစ်သည် များ၏ မိသားစု အခြေအနေ များကို မြင်တွေ့ရ သောကြောင့် ဖျော်ဖြေခြင်း မရှိခဲ့ဘဲ အလှူငွေသိန်း (၂၀) ကျော်နှင့် အ၀တ်အထည်များ ကိုသာ လှူဒါန်းခဲ့ကြောင်း ၎င်းက ပြောသည်။
လောက်ကိုင်ဒေသတွင် ယခုလ (၂၁) ရက်နေ့ အထိ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားလျက် ရှိပြီး နှစ်ဖက် စစ်သည်များ ထိခိုက် ကျဆုံးလျက် ရှိကြောင်း သိရသည်။ ရွှေသံစဉ် ဂီတ အဖွဲ့သည် ပြီးခဲ့သည့် ဇန်န၀ါရီလ တစ်လလုံး ဗိုလ်ချုပ်ရာပြည့် ပွဲတော် ရန်ပုံငွေ အတွက် အနယ်နယ် အရပ်ရပ်သို့ လှည့်လည် ဖျော်ဖြေရာ ငွေကျပ်သိန်း (၂၀၀) ခန့် ရရှိခဲ့ပြီး ပွဲတော် ဖြစ်မြောက်ရေး ကော်မတီထံ သို့ လှူဒါန်း ခဲ့သည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34125

သင်္ကြန် လုံခြုံရေး အတွက် မြို့နယ် အလိုက် အထူးစီမံချက်ဖြင့် ကြပ်မတ်မည်
ယခုနှစ် သင်္ကြန်တွင် ရန်ကုန်၌ လုံခြုံရေးကို ခရိုင်နှင့်မြို့နယ်အလိုက်
အထူး စီမံချက်ဖြင့် ကြပ်မတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်
တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထံမှ သိရသည်။
အခု လောလောဆယ် သင်္ကြန် လုံခြုံရေးစီမံချက်က ဆွဲနေတုန်း။ ခရိုင်အလိုက်၊ မြို့နယ် အလိုက် စီမံချက်တွေ ခွဲလုပ်မှာ။ သက်ဆိုင်ရာ မဏ္ဍပ်တွေမှာ ရဲတပ်ရင်းတွေနဲ့ တွဲလုပ်ရမယ်။ အထူး စီမံချက်ပေါ့ ဟု ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူ ဒုရဲမှူး ပြည့်စုံက The Messenger Media သို့ ပြောသည်။
ယခုနှစ်တွင် သက်ဆိုင်ရာ မြို့နယ်အလိုက် ခရိုင်အုပ်ချုပ်ရေးမှူးများကို အရက်ရောင်းချသော ဆိုင်များအား လိုင်စင်ချပေးမှုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း၊ အရက်သေစာ သောက်စားမူးယစ် ရမ်းကားမှုများ၊ ခိုက်ရန် ဖြစ်ပွားမှုများကို ကြိုတင် ကာကွယ်နိုင်မည့် နည်းစနစ် များကို စီမံချက် ချမှတ်ရာတွင် ခရိုင်အလိုက် ရဲမှူးများ၊ ရဲတပ် ရင်းအရာရှိကြီးများနှင့် ဆွေးနွေးနေကြောင်း ရဲမှူးပြည့်စုံက ဆိုသည်။ ရန်ကုန်မြို့တွင် သင်္ကြန်တွင်း၌ ကားတိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ သရုပ်ပျက် ၀တ်ဆင်မှုများကို နှစ်စဉ် ကြုံတွေ့နေရ သဖြင့် ထိန်းချုပ်နေ ရကြောင်း ရဲတပ်ဖွဲ့ ဝင် များက ဆိုသည်။ ယမန်နှစ် သင်္ကြန်ကာလ အတွင်းကမူ အထူး စီမံချက် ရေးဆွဲခြင်း မပြုခဲ့ဘဲ လုံခြုံရေး ကိုသာ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
စီမံချက် ဖိုင်နယ် အဆင့် မရောက်သေးဘူး။ အင်အားတော့ တိုးမြှင့်ချ ထားမယ်။ လောလောဆယ် အစီအမံတွေ လုပ်နေတယ်။ သရုပ်ပျက် ၀တ်စား ဆင်ယင်မှုတွေ ကိုလည်း စစ်ဆေးရမယ် ဟု ရန်ကုန်တိုင်းဒေသကြီး ရဲ့တပ်ဖွဲ့ မှ ဒုတိယရဲမှူးကြီး ၀င်းကြည်က The Messenger Media သို့ ပြောသည်။ သင်္ကြန် လုံခြုံရေး လုပ်ဆောင်ရာတွင် ရဲတပ်ဖွဲ့ အပြင် အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ စည်ပင်သာယာရေး၊ ကျန်းမာရေး အဖွဲ့ များနှင့် ပါ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး သင်္ကြန် မဏ္ဍပ်များရှိ အလုံပိတ် အခန်းများကိုပါ စစ်ဆေး သွားမည် ဖြစ်ကြောင်း ဒုရဲမှူးကြီး ၀င်းကြည်က ဆိုသည်။
ယခုနှစ်တွင် သင်္ကြန်မဏ္ဍပ် (၁၀၀)ခန့် တင်ပြထားသော်လည်း (၇၀)ကျော်သာ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ သင်္ကြန်မဏ္ဍပ်များ၏ လုံခြုံရေး အစီအစဉ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မတ်လ (၂၅)ရက်နေ့ နောက်ဆုံး ထား၍ တင်ပြပေး ရမည် ဖြစ်ကြောင်း သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34156

သင်္ကြန်မဏ္ဍပ် (၇၀) ခန့်သာ ခွင့်ပြုမည်
ရန်ကုန်မြို့ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန် လျှောက်ထားသူ (၂၀၄)ဦးအထိ
ရှိသော်လည်း ရေကစားမဏ္ဍပ် (၇၀)ခန့် သာ ခွင့်ပြုရန် စီစဉ် ထားကြောင်း
ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ
(လမ်းနှင့်တံတားဌာန)ထံမှ သိရသည်။ အဆိုပါ မဏ္ဍပ် ဆောက်လုပ်ခွင့်
ကန့်သတ်ရခြင်းမှာ ယာဉ်ကြော ပိတ်ဆို့မှုများ၊ မလိုလား အပ်သည့် ပြဿနာများ
မဖြစ်ပေါ်စေရန် အတွက် ဖြစ်ကြောင်း သိရသည်။
မဏ္ဍပ်လျှောက်ထားသူများတဲ့ အတွက် မဲစနစ်နဲ့ပဲ ဆောင်ရွက်မယ်။ မဲမပေါက်တဲ့သူ
တွေကိုတော့ ခွင့်ပြုမှာ မဟုတ်ဘူး ဟု YCDC အင်ဂျင်နီယာ (လမ်းနှင့်တံတားဌာန)
မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မဏ္ဍပ်များ ဆောက်လုပ် ခွင့်ပြုရာတွင်
မဏ္ဍပ်များအား ရှေ့မျက်နှာ အကျယ် အရှည်ပေ (၁၀၀) မှ (၁၂၀) ကြား၊ မြေပြင်
အမြင့်အား ပေ (၂၀) အထိသာ အကြီးဆုံး ဆောက်လုပ် ခွင့်ပြုမည် ဖြစ်ပြီး၊
ယင်းသတ်မှတ်ချက်ထက် ကျော်လွန်ပါက ဆောက်လုပ် ခွင့်ပြုမည် မဟုတ်ကြောင်း
သိရသည်။
ရန်ကုန်၌ သင်္ကြန်မဏ္ဍပ်များ နေရာချ ထားပေးရာတွင် လူစည်ကားသည့် နေရာများ ဖြစ်သည့် ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း၊ ပါရမီလမ်း စသည့် မြို့နယ်များတွင် ဆောက်လုပ်ခွင့်ပြု ရန် စီစဉ်ထားကြောင်း သိရသည်။ မဏ္ဍပ်လျှောက်တဲ့ သူကများတော့ အရေအတွက်ကို တိုးပြီးချထားပေး သင့်တယ်။ အခုနောက်ပိုင်းဆို လူငယ်တော်တော် များများက မဏ္ဍပ်ထိုင်တာ များလာတဲ့ အတွက်ပါ ဟု မဏ္ဍပ် ဆောက်လုပ်ရန် လျှောက်ထားသူ ကိုအောင်လေးက ဆိုသည်။ ပြီးခဲ့သည့်နှစ် သင်္ကြန်တွင် ရန်ကုန် သင်္ကြန်မဏ္ဍပ် လျှောက်ထားသူ (၁၈၁) ခုရှိ သော်လည်း မဏ္ဍပ် (၉၀) နီးပါးသာ ဆောက်လုပ်ခွင့်ပြု ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ထံမှ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34155

KIA နဲ့ မြန်မာတပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်
ကချင်ပြည်နယ် မန်စီဒေသဘက်မှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး KIA တပ်တွေ တနင်္လာနေ့အထိ တိုက်ပွဲဆက်ပြီးဖြစ်နေပါတယ်။ တိုက်ပွဲကြောင့် တပ်ဖွဲ့ဝင်ကျဆုံးတဲ့ဦးရေကို နှစ်ဘက်စလုံးက တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ အခုလို ထိုးစစ်တိုက်ပွဲတွေရပ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ဆက်လက် ကြိုးပမ်းဖို့လိုကြောင်း ကချင်ခေါင်းဆောင်တွေကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ် တင်ပြပေးထားပါတယ်။
ကချင်ပြည်နယ်မှာ တနင်္လာနေ့ထိ တိုက်ပွဲတွေဆက်ပြီးဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်လို့ KIA ဒုဗိုလ်မှူးကြီးနော်ဘိုက ဗွီအိုအေကို အခုလိုပြောပါတယ်။
“မန်စီမြို့နယ်မှာဖြစ်ပါတယ်။ သူတို့ တပ်မဟာ (၃)၊ တပ်ရင်း (၂၇) နေရာမှာ။ ရှေ့တန်းနေရာပေါ့၊ တပ်ရင်း (၂၇) ဆိုတာ။ မနေ့ကတော့ လေကြောင်းတိုက်ခိုက်တာတော့ မကြားဘူး။ ခြေလျင်နဲ့တိုက်တယ်လို့ပဲ ကြားတယ်။”
တနင်္ဂနွေနေ့ကစတင်ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ တိုက်ပွဲစတင်ဖြစ်ခဲ့တဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့ အစိုးရဘက်က တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေမယ့် မြန်မာတပ်မတော်ဘက်က သစ်မှောင်ခိုရှင်းလင်းရေးလုပ်ဆောင်တာကနေ KIA နဲ့ တိုက်ပွဲစဖြစ်တယ်လို့ သတင်းတွေထွက်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ဒုဗိုလ်မှူးကြီးနော်ဘိုက
“သူတို့က သစ်မှောင်ခိုတွေကို ဖမ်းဖို့လာတယ်လို့ ပြောတာ။ အဲဒါ ကျနော်တို့ အဲလိုပဲကြားပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာ သစ်ခုတ်ဖို့နေရာလည်း မရှိပါဘူး။ ဟုတ်လည်းမဟုတ်ပါဘူး။ သစ်တွေလာရင်တော့ အောက်ပိုင်းကနဲ့ မြန်မာနိုင်ငံကလာတဲ့သစ်တွေ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ သစ်ခုတ်တယ်၊ ရောင်းတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။”
အခုလိုတိုက်ပွဲတွေဖြစ်နေပေမယ့် KIA ဘက်က အပစ်အခပ်ရပ်စဲရေး ဆက်လက်ဆွေးနွေးကြိုးပမ်းသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။
“အတွေ့အကြုံအရပြောမယ်ဆိုရင်တော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲ လုပ်တိုင်းကတော့ တိုက်ပွဲလည်းဖြစ်ပါတယ်။ ဒါက ခါတိုင်းလည်းဖြစ်ပါတယ်။ …ပေးတယ်လို့ ကျနော် သိပါတယ်။ ဒါပေမယ့် ကျနော်တို့က ဆက်ပြီးမှ ဆွေးနွေးသွားမှာဖြစ်ပါတယ်။”
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေကြားတိုက်ပွဲတွေဖြစ်နေတာတွေရပ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းသင့်တယ်လို့ ကချင်အမျိုးသားလွှတ်တော် ဦးခက်ထိန်နန်ကပြောပါတယ်။
“အခု ဖြစ်ပျက်နေတဲ့ဟာတွေကတော့ ကျနော်တို့လည်း အခုတလောပဲ တောက်လျှောက်ပဲ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အနေအထားပေါ့လေ။ ဒါကို ဘယ်လို ထိန်းသိမ်းကာကွယ်ကြမလဲဆိုတဲ့ အနေအထားကတော့ အားလုံးကတော့ ဝိုင်းဝန်းဖြေရှင်းသွားကြရမယ့် အနေအထားပဲပေါ့။ အဲလိုပဲ သုံးသပ်တယ်။”
အခုလို ကချင်ပြည်နယ်ဘက်မှာ မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တချိန်တည်းမှာပဲ ရှမ်းပြည် ကျောက်မဲ ဘက်မှာလည်း PNLA တအောင်း (ပလောဝ်) လွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာစစ်တပ်တို့ တနင်္ဂနွေနေ့က တိုက်ပွဲလေးကြိမ်လောက် ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က MNDAA ကိုးကန့်လက်နက်ကိုင်တပ် နဲ့မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မန်စီ မြို့နယ် အတွင်း တိုက်ပွဲ ပြင်းထန်
![]() |
ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်နေတဲ့ကြားက ကချင်မှာ တိုက်ပွဲတွေ ပြင်းထန် |
တပ်မတော် ဘက်က လေကြောင်း တိုက်ခိုက်မှုတွေ လည်း ရှိခဲ့ပြီး မတ်လ ၂၃ ရက် မနက် အထိ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကေအိုင်အိုက ပြောပါတယ်။
တရုတ် နိုင်ငံဘက်ကို ဦးတည်တဲ့ သစ်တွေ တင်ဆောင် လာတဲ့ ကားတန်းကို အစိုးရ ဘက်က လာရောက် တားဆီးစဉ် ဗန်းမော် ကနေ နန့်ခမ်းကို သွာတဲ့ တောင်ပေါ်လမ်း ပေါ်က မထက် ရွာမှာ KIA အဖွဲ့နဲ့ အစိုးရ တပ်ဘက်က ခမရ ၃၁၇၊ တပ်မ၈၈ လက်အောက်ခံ တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်တာလို့ ကေအိုင်အိုဘက်က ပြောပါတယ်။
အစိုးရ ဘက်ကတော့ သစ်မှောင်ခို ရှင်းလင်းရေး လုပ်ဆောင်တာလို့ သူတို့ ဘက်ကို အကြောင်းကြားခဲ့တယ်လို့ ကေအိုင်အေ နည်းပညာ အထောက်အကူ အဖွဲ့က ဦးဒေါင်ခါးက ပြောပါတယ်။
မတ်လ ၂၀ ရက်နေ့က ထပ်မံ ဖြစ်လာခဲ့တဲ့ အဲဒီ တိုက်ပွဲ တွေနဲ့ ပတ်သက်လို့ ရန်ကုန်မှာ ကျင်းပတဲ့ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေနွေးပွဲမှာ တင်ပြ ဆွေနွေး ခဲ့ကြပေမဲ့ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲလို့ ကေအိုင်အိုဘက်က ပြောပါတယ်။
အခုလို အခင်းအကျင်းမျိုးက ညှိနှိုင်း ဆွေးနွေးမှုတွေ စတင်ကတည်းက ဖြစ်နေကျ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်တိုင်း အစိုးရဘက်က ထိုးစစ်ဆင်ပြီး ကြီးမားတဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လေ့ရှိပေမယ့် အခု တစ်ကြိမ်ကတော့ အစိုးရဘက်က တိုက်လေယာဉ်တွေနဲ့ပါ တိုက်တဲ့အဆင့် ရောက်လာတယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။
တနင်္ဂနွေနေ့ မတ်လ ၂၂ ရက်နေ့ အထိ အစိုးရဘက်က တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ အစီး၂၀၀ ကျော်ပါတဲ့ သစ်ကားတန်း ရပ်နေပြီလို့ သိရပေမယ့် အစိုးရ ဘက်ကတော့ ဒီတိုက်ပွဲ သတင်းနဲ့ ပတ်သက်လို့ တစုံတရာ တရားဝင် ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
BBC Burmese
http://www.bbc.co.uk/burmese
မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား အဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်
မြန်မာ အစိုးရ တပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကြား ရှမ်းပြည်နယ်နဲ့ ကချင်ပြည် နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး မြန်မာ့ တပ်မတော်ဘက်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။ ကွတ်ခိုင်နဲ့ကျောက်မဲမြို့တို့မှာလည်း တအာန်း ပလောင်တပ်တွေနဲ့ မြန်မာ့ တပ် မတော်တို့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ကချင်ဒေသဘက်မှာလည်း စစ်ရေးတင်းမာမှုရှိနေပါတယ်။ ကိုးကန့်ဒေသဘက်မှာတော့ မနေ့က တိုက်ပွဲ အခြေအနေ ငြိမ်နေပေမယ့် ကုန်းကြမ်းမြို့အနီးမှာ မြန်မာ့တပ်မတော်က နောက်တန်းပြန် တပ်ကားကို ကိုးကန့်လက်နက်ကိုင်တို့ဘက်က တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့မှာလည်း ကိုးကန့်ဒေသဘက်မှာ တိုက်ပွဲတွေဖြစ်ခဲ့ကြောင်း မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းချိန်မှာ ကိုးကန့်လက်နက်ကိုင်တပ် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက အခုလို စပြောပါတယ်။
“အခုနတုန်းကတော့ ကျနော်ကြားတာတော့ တိုက်ပွဲနည်းနည်းဖြစ်တယ်ပြောတယ်၊ ကျနော် အခြေအနေ မသိရသေးဘူးဗျ။”
မေး။ ။ နောက်ပြီးတော့ မနေ့တုန်းကလည်း သတင်းတွေ ထွက်ပါတယ်၊ ကုန်းကြမ်းဘက်မှာနောက်တန်းပြန်တဲ့စစ်သားတွေ အပစ်ခံရတယ်ဆိုတာရော ဦးထွန်းမြတ်လင်း ကြားပြီးပါပြီလား။
ဖြေ။ ။ ….ကျနော် ကြားတော့ကြားတယ်ဗျ၊ ဒါပေမယ့် အတည်မပြုရသေးဘူး။ ဘယ်တပ်ဆိုတာလည်းမသိဘူး၊ ကျနော်တို့ ဘယ်တပ်ရင်းကလဲ မသိသေးဘူးဗျ။ အခုဟာကတော့ ကျနော်တို့တပ်ကတော့ သေချာပါတယ်။ …ကနေ ပြန်လာတဲ့ စစ်ကားမို့လား အခုပြောတာက၊
မေး။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ မနေ့တုန်းက ကုန်းကြမ်းနားလို့..
ဖြေ။ ။ အော်၊ ဟုတ်ကဲ့။ အဲဒါဆို ကျနော်တို့ဘက်က တိုက်တာ သေချာပါတယ်။
ကိုးကန့်ဒေသ စစ်ရေးအခြေအနေ နောက်ဆုံးရရှိထားတဲ့ သတင်းအရတော့ မြန်မာ့တပ်မတော်ဘက်က လော်ကွာကျိုင်းနဲ့ရှင်ခုတ်ထန် ဒေသတဝိုက်က တောင်ကုန်းတွေကို ထိုးစစ်ဆင်သိမ်းယူနေပြီး ရှင်ခုတ်ထန်ဒေသ မြောက်ဘက်တကြောကို ဆက်ပြီးထိုးစစ်ဆင်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ ကာကွယ်ရေးဝန်ကြီးဌာနဘက်က ကိုးကန့်ဒေသစစ်ရေးအခြေအနေ၊ ကချင်ဘက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေကို သတင်းမထုတ်ပြန်တာမို့ တပ်မတော်ဘက်က အထိအခိုက်ဆုံးရှုံးမှုနဲ့ နောက်ဆုံး ထိုးစစ်တွေ အခြေအနေကိုတော့ မသိရပါဘူး။ ဒါ့အပြင် တပ်မတော်ဘက်ကနေ စစ်ရေးအခြေအနေကို ဖြေကြားမယ့်သူလည်း မရှိပါဘူး။
ကိုးကန့်ဒေသဘက်မှာ ထိုးစစ်တွေရှိနေသလို တနလာင်္နေ့မှာလည်း ရှမ်းပြည် ကွတ်ခိုင်နဲ့ ကျောက်မဲမြို့တို့မှာ တအာန်းပလောင်တပ်တွေကို မြန်မာ့ တပ်မတော်က ထိုးစစ်ဆင်ခဲ့တယ်လို့ TNLA ပလောင်တပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ တာအိုက်ကျော်က ပြောပါတယ်။
“ဒီကနေ့ကတော့ နှစ်ပွဲဖြစ်တာပေါ့။ ပထမတပွဲက ကျောက်မဲမြို့နယ်ထဲက မိုင်း…မြို့နယ်ခွဲ၊ ကျောက်ဖြူရွာအနီးမှာ တကြိမ်ဖြစ်တယ်။ ဒီညနေ သုံးနာရီ ကျော်ကျော်လောက်ကျတော့ ကွတ်ခိုင်၊ နမ္ပလင်းရွာအနီးမှာတကြိမ် ပြန် ဖြစ်တယ်။ မနေ့ကတည်း ကွတ်ခိုင်၊ နမ္ပလင်းရွာနားမှာ တကြိမ်ဖြစ်တယ်။ မနေ့ကတော့ သုံး၊ လေးပွဲဖြစ်တာပေါ့နော်။ ကွတ်ခိုင်မြို့နယ်ထဲလည်းဖြစ်တယ်။ နမ့်ခမ်းမြို့နယ်ထဲလည်းဖြစ်တယ်။ ကျောက်မည်းမြို့နယ်မှာလည်း ဖြစ်တယ်။ မူဆယ်မြို့နယ်မှာလည်းဖြစ်တယ်။”
တနင်္ဂနွေနေ့တုန်းကလည်း မန္တလေး-မူဆယ်အသွား လမ်းမကြီးပေါ်က ကွတ်ခိုင်နဲ့နန်းကွတ်ကြားမှာ တအာန်းပလောင်တပ်နဲ့ မြန်မာအစိုးရတပ်တို့ကြားတိုက်ပွဲဖြစ်တာကြောင့် ကားလမ်းပေါ်ကခရီးသည်တွေ လမ်းဘေး ရေမြောင်းတွေထဲမှာ တိုက်ပွဲရှောင်ခဲ့ရပါတယ်။ ဒီတိုက်ပွဲတွေအတွင်း အကျအဆုံးတွေကိုတော့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ တာအိုက်ကျော်က အခုလို ပြောပါတယ်။
“ကျနော်တို့ကတော့ အဓိက-က အခြေစိုက်တပ်စခန်းတော့ မရှိဘူး။ မိုဘိုင်းတပ်စခန်းပဲရှိတယ်။ အထူးသဖြင့် ကျနော်တို့ နေရာယူထားတဲ့ကုန်းတွေမှာ သူတို့ ထိုးစစ်တက်ပြီးမှ ကျနော်တို့အဖွဲ့နဲ့ ထိပ်တိုက်တွေ့တဲ့ပုံစံ ဖြစ်နေတယ်။ ဒီကနေ့ကတော့ ကျောက်မည်းဘက်က အစိုးရတပ်ဘက်က နှစ်ဦးကျတယ်။ ကျနော်တို့ဘက်ကတော့ ကျဆုံးမှုတော့ မရှိဘူး။ မနေ့က တိုက်ပွဲက မူဆယ်မှာ ဖြစ်တဲ့ဟာက အစိုးရတပ်ဘက်က ၇ ဦးကျတယ်။ နမ့်ခမ်းမြို့နယ်ထဲက တဦးကျတယ်။ အားလုံးပေါင်း ၈ ဦးပေါ့နော်၊ မူဆယ်မြို့နယ်မှာဖြစ်တဲ့အဖွဲ့နဲ့ အစိုးရတပ်ဘက်က ၁၀ ဦးကျော် ဒဏ်ရာရတယ်လို့တော့ ကြားတယ်ခင်ဗျ။”
အကျအဆုံး ထိခိုက် ဒဏ်ရာရမှုတွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက်တွေတော့ မရှိပါဘူး။ ကချင်ပြည်နယ် မန်စီမြို့နယ်ထဲက ကေအိုင်အေ တပ်မဟာ ၃ ရဲ့ ရှေ့တန်း တပ်စခန်းတခုကိုလည်း တနင်္ဂနွေနေ့မှာ မြန်မာအစိုးရရဲ့တပ်မ ၈၈ က အင်အား ၁ဝဝ လောက်သုံးပြီး တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေကို ဆက်သွယ်လို့မရသလိုမြန်မာအစိုးရဘက်ကတော့ ဒီတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးတာကြောင့် တနလာင်္နေ့ ကချင်ဒေသ စစ်ရေးအခြေအနေတွေကိုတော့ မသိရှိရသေးပါဘူးရှင်။
သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Subscribe to:
Posts (Atom)