January 9, 2015

ရာသီဥတု ဆိုးရွားမှုကြောင့် အဲအေးရှား လေယာဉ်အမြီးပိုင်း ဆယ်ယူရေး အခက်ကြုံ

ဂျာဗားပင်လယ်ထဲကို ပျက်ကျသွားတဲ့ အဲအေးရှားလေယာဉ်အမြီးပိုင်းကို မနေ့က ရေငုပ်သမားတွေ ဆယ်ယူဖို့  ကြိုးစားခဲ့ကြပေမယ့် ရာသီဥတုဆိုးရွားပြီး ပင်လယ်ရေစီးကြမ်းတာကြောင့်  မအောင်မြင်ခဲ့ဘူးလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။
6f7ba751-0632-4e47-af03-1d7bf720b78b-2060x1236ဇန်န၀ါရီ ၇ ရက်နေ့က လေယာဉ်အမြီးပိုင်းကို  အဝေးထိန်းရေငုပ်ရှာဖွေရေးယာဉ်နဲ့ ရှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။
လေယာဉ်အမြီးပိုင်းဟာ အတော့်ကို ပျက်စီးနေပြီး ကြမ်းခင်းအောက်လည်း နစ်နေတာကြောင့် ဆယ်ယူရေးအခက်အခဲရှိနိုင်တယ်လို့ ဆယ်ယူရေးအာဏာပိုင်တွေက ယုံကြည်ထားကြပါတယ်။
Indonesian-divers-AirAsia-012အဲအေးရှားလေကြောင်းလိုင်း ၈၅၀၁ ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရာလေဆိပ်ကနေ စင်ကာပူနိုင်ငံကို ပျံသန်းရင်း မုန်တိုင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပျက်ကျသွားခဲ့ရတာပါ။ အဲအေးရှားအမှတ်တံဆိပ်ပါ လေယာဉ်အမြီးပိုင်းဟာ ရေအနက် ပေ ၁၀၀ လောက်မှာ နစ်မြုပ်နေတာပါ။
ကနနီးရှာဖွေခဲ့တဲ့နေရာနဲ့ ၁၉ မိုင်အကွာမှာ လေယာဉ်အမြီးပိုင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး ပင်လယ်ရေစီးကြမ်းခဲ့လို့ ထင်သလောက် ခရီးမပေါက်ခဲ့တာပါ။
0,,18180355_303,00ဇန်န၀ါရီ ၈ ရက်နေ့မှာ ခရီးသည်အလောင်းတလောင်း ထပ်မံဆယ်ယူနိုင်ခဲ့တာကြောင့်  ဆယ်ယူရရှိတဲ့ ရုပ်အလောင်း အားလုံး ၄၁ လောင်း ရှိသွားပြီဖြစ်ပါတယ်။
297192-air-asia-wreakege copyကျန်ရှိနေသေးတဲ့ ရုပ်အလောင်းတွေ လေယာဉ်ပျက်ထဲမှာပဲ တွေ့ရှိလိမ့်မယ်လို့ ရှာဖွေကယ်ဆယ်ရေးတွေက ယုံကြည်နေကြပေမယ့် အတိအကျရှာတွေ့ဖို့တော့ လိုနေပါသေးတယ်။
နိုင်ငံတကာက သင်္ဘော အစီး ၃၀ နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြပြီး ရာသီဥတု ဆိုးဝါးမှုက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို အဓိက အဟန့်အတားဖြစ်စေခဲ့ပါတယ်။
http://burmese.dvb.no/archives/76381

January 8, 2015

အမေရိကန်သို့ သစ်တင်ပို့ခွင့်ပြန်ရ၍ တစ်နှစ်အတွင်း တန်ချိန် ၃၀၀ အမှာရ

အမေရိကန်နိုင်ငံသို့မြန်မာသစ်များ ပြန်လည်တင်သွင်းခွင့်ပြုပြီး တစ်နှစ်အတွင်း သစ်တန်ချိန် ၃၀၀ ခန့်တင်ပို့ရန် အမှာစာရရှိခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။

မြန်မာ့သစ်လုံးများ ပြည်ပသို့တင်ပို့မှု ရပ်ဆိုင်းပြီး တစ်လအကြာတွင် ပိတ်ဆို့အရေးယူမှုစာရင်း၌ ပါဝင်နေသော မြန်မာ့သစ်များတင်သွင်းရန် ခွင့်ပြုသည့် တစ်နှစ်သက်တမ်းရှိ လိုင်စင်ကို အမေရိကန်အစိုးရက အမေရိကန်သစ်ကုမ္ပဏီများကို ခွင့်ပြုပေးလိုက်သည်။
‘‘ဒီဘဏ္ဍာရေးနှစ်အတွင်း ကွန်တိန်နာ ၂၅ လုံးတင်ပို့ဖို့ရှိပါ တယ်။ အရွယ်အစားကြီးတဲ့ ခွဲ သားတွေပို့ရမှာပါ’’ဟု အဆိုပါအ သင်း တာဝန်ရှိသူက ပြောသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကွန်တိန်နာတစ်လုံး လျှင် သစ်တန်ချိန် ၁၂ တန်ပါဝင်သည့် ကွန်တိန်နာ ၂၅ လုံးတင်ပို့မည်ဟု သတင်းရရှိသည်။
မြန်မာ့သစ်များ အမေရိကန် နိုင်ငံအတွင်း တင်သွင်းခွင့် ခွင့်ပြု စဉ် နှစ်လအတွင်း အမေရိကန်နိုင်ငံက မှာယူမှုသည် ဥရောပနိုင်ငံ များ၏ ၀ယ်လိုအားကို မမီခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းရှင်များအသိုင်း အ၀ိုင်းက ဆိုသည်။
မြန်မာ့သစ်များပြည်ပဈေး ကွက်သို့ တင်ပို့ရာတွင် အခြားနိုင် ငံများထက် အမေရိကန်နိုင်ငံက ဈေးကောင်းပေးသည့်အပြင် မည် သည့်သစ်ထောက်ခံချက်မျှမလို ဘဲ အမေရိကန်နိုင်ငံက ပြဋ္ဌာန်း ထားသည့် Lacey Act ဥပဒေအရ ကိုက်ညီရမည်ဟု ဆိုသဖြင့် စိတ် ၀င်စားကြောင်း လုပ်ငန်းရှင်များက ပြောသည်။
အမေရိကန်နိုင်ငံတွင် ပြ ဋ္ဌာန်းထားသည့် Lacey Act ဥပဒေသည် ၎င်းနိုင်ငံသို့ တင်သွင်းလာ မည့် သစ်သည် တရားဥပဒေနှင့် ကိုက်ညီသောသစ်ဖြစ်ရမည်။ သ ဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှု ရှိစွာ ထုတ်လုပ်ထားသော သစ် ဖြစ်ရမည်။ လူ့အခွင့်အရေးလေး စားလိုက်နာရမည်။ လာဘ်ပေး လာဘ်ယူမှုကင်းရမည်။ စီးပွား ရေးအရ တာဝန်ယူမှုရှိရမည် ဖြစ်သည်။
အမေရိကန်က ခွင့်ပြုလိုက် သည့် နိုင်ငံအတွင်း မြန်မာ့သစ် တင်သွင်းခွင့် တစ်နှစ်သက်တမ်း သည် အမေရိကန်အစိုးရက မြန် မာ့သစ်များ ထာဝရခွင့်ပြုလိုက် သည်မဟုတ်ဘဲ ယာယီစောင့် ကြည့်သည့် သဘောသာဖြစ်သော ကြောင့် ကျေနပ်အားရမှုမရှိကြောင်းသစ်လုပ်ငန်းရှင်များက ဆိုသည်။မြန်မာနိုင်ငံ၏ ပုဂ္ဂလိကသစ် အချောထည်နှင့် ခွဲသားလုပ်ငန်း တွင် သစ်လုပ်ငန်းရှင် ၁,၅၀၀ ကျော်ရှိသည့်အနက် ကွန်တိန်နာဖြင့် ပြည်ပတင်ပို့နိုင်သော လုပ်ငန်းရှင် မှာ ၁၅ ဦးခန့်သာရှိပြီး စီးပွားဖြစ်တင်ပို့နိုင်သည့် လုပ်ငန်းရှင်မှာ နှစ်ဦးနှင့် သုံးဦးကြားသာရှိသည်ဟု မြန်မာ့သစ်လုပ်ငန်း၏ စာရင်းဇယားများအရ သိရှိရသည်။
http://7daydaily.com/story/28889#.VK37-snZGM9

တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ဒေသခံများ အငြင်းပွားမှုများဖြေရှင်းရန် တရုတ်သံအမတ်နှင့် ၈၈ ငြိမ်း/ပွင့် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုများနှင့် ပတ်သက်၍ လက် ရှိဖြစ်ပေါ်နေသော ဒေသခံ ပြည်သူများနှင့် အငြင်းပွားမှုများကို အကျေအလည် ညှိနှိုင်းဖြေရှင်းရန် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံ၏ စီမံကိန်း ရင်းနှီးမြှုပ်နှံမှုများ ပွင့်လင်းမြင် သာမှုရှိအောင် ဆောင်ရွက်ရေး၊ ဒေသခံ ပြည်သူများနှင့် အငြင်းပွားမှုများကို အကျေအလည် ညှိနှိုင်းဖြေရှင်းနိုင်မှု တိုးမြှင့်ရေးတို့ကို ၈၈ မျိုးဆက်ငြိမ်းပွင့် ခေါင်း ဆောင်များနှင့် မြန်မာနိုင်ငံဆိုင် ရာ တရုတ်သံအမတ်တို့သည် ဇန်န၀ါရီ ၄ ရက်တွင် ၁ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ၈၈ မျိုးဆက်ငြိမ်းပွင့်က သတင်းထုတ်ပြန်ထားသည်။
ငြိမ်းပွင့်မှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးပြုံးချိုတို့နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.YANG Houlan နှင့် တရုတ်နိုင်ငံသံရုံး နိုင်ငံရေးဌာန ဌာနမှူး Mr.LEI Zhen တို့သည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ယင်းတွေ့ဆုံပွဲတွင် တရုတ် နိုင်ငံ၏  ရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်စပ်လျက် နောက်ဆုံးဖြစ် ပေါ်နေသော အခြေအနေများနှင့် ပတ်သက်ပြီး ပဋိပက္ခများကို အကြမ်းဖက်ဖြေရှင်းမှု ရှောင်ရှားနိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအ တွင်းက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေအတွင်း မြေယာ နစ်နာကြေးရယူထားခြင်း မရှိ သော လယ်ယာမြေများတွင် ကောက်ပဲသီးနှံများ ရင့်မှည့်နေ ချိန်ကာလအတွင်း နှစ်ဖက်ညှိနှိုင်း ခြင်း၊ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဒေသခံများက ကန့်ကွက်ခဲ့ပြီး နောက်ပိုင်း ပဋိပက္ခများ ပြန်လည်ဖြစ်ပွားခဲ့သည်။
 အဆိုပါ  ဖြစ်စဉ်ကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကာ လုံခြုံရေးတပ် ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံသည် အများဆုံး ရင်းနှီးမြှုပ်နှံသော နိုင်ငံတစ်ခုဖြစ်ကာ စွမ်းအင်လုပ်ငန်းနှင့် တွင်းထွက်သယံဇာတ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။
သို့သော် တရုတ်နိုင်ငံမှ လာ ရောက်ရင်းနှီးမြှုပ်နှံသော လုပ် ငန်းကြီးအချို့သည် ပွင့်လင်းမြင် သာမှု အားနည်းနေကြောင်း ဝေ ဖန်ခံနေရသည့်အပြင် ဒေသခံ ပြည်သူများနှင့်လည်း အငြင်းပွား မှုများ ဖြစ်ပေါ်နေသည်။
http://7daydaily.com/story/28868#.VK35rsnZGM8

နိုင်ငံသားမဟုတ်သူများ ပါတီမှ ရပ်စဲရန် ကော်မရှင်က ဒီချုပ်ကို အချိန်နှစ်လတိုးပေး

 နိုင်ငံသားမဟုတ်သူများ ကို ပါတီဝင်အဖြစ်မှ ရပ်စဲရေး ကိစ္စဆောင်ရွက်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အချိန်တိုးတောင်းသဖြင့် ပြည် ထောင်စု ရွေးကောက်ပွဲကော် မရှင်က မူလသတ်မှတ်ရက်ထက် နှစ်လ ထပ်တိုးခွင့်ပြုပေးလိုက် ကြောင်း သတင်းရရှိသည်။
အသစ်ပြင်ဆင်လိုက်သော နိုင်ငံရေးပါတီများ ဥပဒေအရ နိုင်ငံသားကတ် (ပန်းရောင်ကတ်) ကိုင်ဆောင်ထားသူမှအပ အခြား အသိအမှတ်ပြုကိုင်ဆောင်ထားသူများအား ပါတီတည်ထောင်ခွင့်ပါတီဝင်အဖြစ် လှုပ်ရှားခွင့်ကို ကန့်သတ်ထားခြင်းဖြစ်သည်။
ယင်းကဲ့သို့ လုပ်ငန်းစဉ်များ ဆောင်ရွက်ရေးကို ဇန်နဝါရီ ၉ ရက် အပြီးသတ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ညွှန် ကြားထားပြီး နိုင်ငံသားပြုခွင့်ရသူ၊ ဧည့်နိုင်ငံသား၊ ယာယီသက်သေ ခံလက်မှတ် (အဖြူရောင်ကတ်) ကိုင်ဆောင်ထားသူများကိုပါတီဝင်အဖြစ် ဆောင်ရွက်ခြင်း မပြုရန် ဥပဒေက တားမြစ်လိုက် ခြင်းဖြစ်သည်။
‘‘NLD အနေနဲ့က ပါတီဝင် အင်အားလည်းများတဲ့အတွက် အချိန်တိုးတောင်းလာတာရှိ တယ်။ ဒါကြောင့် မတ်လ ၉ ရက် အထိကို တိုးပေးထားတယ်။ ပါတီတွေအနေနဲ့ကလည်း အခက် အခဲရှိရင် ကျွန်တော်တို့နဲ့ညှိနှိုင်း လို့ရပါတယ်။ လောလောဆယ် ရက်တိုးပေးထားတာက NLD တစ်ခုတည်းပါ။ ကျန်တဲ့ပါတီတွေ ကတော့ အရင်သတ်မှတ်ထားတဲ့ ၉ ရက်နေ့ကို နောက်ဆုံးထားတင် ရမှာပါ’’ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။ သတ်မှတ်ရက်ကုန်ဆုံးရန် ရက်ပိုင်းသာလိုတော့သော်လည်း ပြည်ခိုင်ဖြိုးပါတီအနေဖြင့်မူ လက် ရှိအချိန်ထိ ကာလတိုးမြှင့်ပေးရန် တောင်းဆိုလာခြင်းမရှိသေးဘဲ အခြားပါတီအများစုမှာလည်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ တင်ပြထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘‘ကျွန်တော်တို့က အဓိက ပို့ဆောင်ဆက်သွယ်ရေးအခက် အခဲရှိပါတယ်။ စာတိုက်ကပို့တဲ့ စာတွေဆိုမရောက်ဘဲ ပျောက် တာတို့၊ ဘာတို့ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ပါတီကလည်း နိုင်ငံ အနှံ့ရှိလို့ သတ်မှတ်ချိန်ကို တိုး တောင်းရတာ။ ကော်မရှင်က လည်းခွင့်ပြုပါတယ်။ ကျွန်တော် တို့ကတော့ ဥပဒေနဲ့အညီ သတ် မှတ်ချက်နဲ့မညီတဲ့ နိုင်ငံသား မဟုတ်သူတွေကို ပါတီဝင်အဖြစ် က ရပ်စဲရမှာပါ’’ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်းက ပြောသည်။
လက်ရှိတွင် အချို့ပါတီများသည် နိုင်ငံသားမဟုတ်သူများ ကို ပါတီဝင်အဖြစ် ထည့်သွင်း ခြင်း၊ အချို့ပါတီတွင် ပါတီထူ ထောင်သူနေရာများ၌ ပါဝင်ခြင်း စသည့် ကိစ္စရပ်များရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ က ဆိုသည်။
‘‘လွှတ်တော်ကနေ ဒီဥပဒေ ကို ပြဋ္ဌာန်းလိုက်ပြီဖြစ်တဲ့အတွက် ဘယ်သူမဆို ဒီဥပဒေကို လိုက်နာ ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကတော့ ဥပဒေဘောင်အတွင်းက ပဲ ဆောင်ရွက်သွားမယ်။ တကယ် လို့ သတ်မှတ်ထားတဲ့ရက်အတွင်း ပြီးအောင်မဆောင်ရွက်နိုင်တဲ့ ပါတီတွေရှိရင် နည်းဥပဒေ ၂၄ (က)ပါ နည်းလမ်းနဲ့အညီ အရေး ယူဆောင်ရွက်လို့ရပါတယ်’’ဟု ဦးသောင်းလှိုင်က ပြောသည်။
ယခင်က မူလနိုင်ငံသား မဟုတ်သည့် နိုင်ငံသားပြုခွင့်ရသူ၊ ဧည့်နိုင်ငံသား၊ ယာယီသက်သေ ခံလက်မှတ်(အဖြူရောင်ကတ်) ကိုင်ဆောင်ထားသူများကိုပါ ပါတီတည်ထောင်ခွင့်၊ ပါတီတွင်း ပါဝင်ခွင့်ပေးထားခဲ့သော်လည်း ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေအရ ထိုသို့ ပါဝင်ခြင်းကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။
http://7daydaily.com/story/28875#.VK35rsnZGM8

ဓမ္မစေတီခေါင်းလောင်းရှာမည့်သူ နောက်တစ်ဦးအား အစိုးရ ထပ်မံခွင့်ပြု

ဓမ္မစေတီခေါင်းလောင်း ကြီးကို အိပ်မက်အရရှာဖွေရန် ပုဂ္ဂလိကသင်္ဘောအရာရှိဟောင်း တစ်ဦးအားအစိုးရက တူးဖော်ခွင့်ပြုလိုက်ကြောင်း ခေါင်းလောင်း ရှာဖွေမည့်သူကိုအကူအညီပေးခဲ့ သောရွှေအုန်းပင်ဦးဝင်းမြင့်က ပြောသည်။
တစ်လ၀င်ငွေ အမေရိကန် ဒေါ်လာ ၃၀၀၀ ခန့်ရှိသည့် သင်္ဘောအရာရှိဟောင်းဦးကျော် ၀င်းက ဓမ္မစေတီခေါင်းလောင်း ကြီးကို ရန်ကုန်မြို့တောင်ဘက် ၁၀မိုင်အကွာသန်လျင်ရေနံချက် စက်ရုံဆိပ်ကမ်းအနီးတွင် ရှာဖွေ သွားမည်ဖြစ်သည်။
ဦးစံလင်း ရှာဖွေခဲ့သည့် မြစ် သုံးဆိုင် နေရာတွင် ရှာဖွေမည်မဟုတ်ဘဲ ၎င်း၏ အိပ်မက်အရ နေရာပြောင်း ရှာဖွေမည်ဟု ဆိုသည်။
‘‘သူ့ပဋ္ဌာန်းဆက်နဲ့ သူရသွား တာဝမ်းသာတယ်။ သူကမတူတဲ့ နေရာမှာရှာဖွေမှာ။ တိုင်းအစိုးရ ကို စာတင်တော့ပထမအကြိမ်ခွင့်  မပြုတော့ ကိုယ့်ဆီရောက်လာ တယ်။ စာသားမှားတာပြင်ပေး လိုက်တယ်။ သူအခုဒုတိယအကြိမ် တင်ကြည့်တော့အခုကျသွားတာ။ ယဉ်ကျေးမှုဝန်ကြီးက ဦးကျော် ၀င်းကျသွားပြီလို့ပြောတယ်’’ဟု ရွှေအုန်းပင်ဦးဝင်းမြင့်ကရှင်းပြ သည်။
သို့သော် ခေါင်းလောင်းရှာ ဖွေရန် ပုဂ္ဂလိကသင်္ဘောအရာရှိ ဟောင်း ဦးကျော်ဝင်းအား ပါမစ်ချ ပေးခြင်းကို မိမိအနေဖြင့် မသိရှိ ဘဲ  ရန်ကုန်တိုင်း အစိုးရအဖွဲ့အထွေ ထွေအတွင်းရေးမှူးထံ မေးမြန်းစေလိုကြောင်းရန်ကုန်တိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဒုညွှန်ကြားရေးမှူးချုပ် ဦးမြတ် ကျော်ကျော်ထံ ဆက်သွယ်မေး မြန်းသော်လည်း ရုံးဆင်းသွားပြီ ဖြစ်သောကြောင့် မေး၍မရဘဲ တာဝန်ကျအရာရှိတစ်ဦးက‘‘ကျွန် တော်တို့တော့မကြားမိသေးဘူး။ ခေါင်းလောင်းရှာဖို့ ခွင့်ပြုတာမသိ ဘူး’’ဟု ဖြေသည်။
‘‘ကျွန်တော့်အမေနဲ့ ကျွန် တော်ကျိုက်ခေါက်ဘုရား သွား တော့ ၀တ်ဖြူစင်ကြယ်နဲ့အဘိုးအို တစ်ဦးကိုတွေ့တယ်။ သူကခေါင်း ကြီးငုံ့ထားတယ်။ ကျွန်တော်တို့ သူ့အနားကိုသွားတော့ သူကကျွန် တော့်ကိုပြောတယ်။ ကြောက်တဲ့ သူတွေဆယ်ရင် ကျောက်ခဲဖြစ် သွားမယ်။ မကြောက်တဲ့သူတွေ ဆယ်မှ ပေါ်မှာလို့ပြောတယ်။ သူ ဘယ်သူမှန်းကျွန်တော်မသိဘူး။ နောက်ဓာတ်ပုံတွေမှာ တွေ့တော့ မှ ၀ိဇ္ဇာအဘသံဖြစ်နေတယ်ဆို တာသိရတာ။ ရှာမယ်လို့ ဆုံးဖြတ် ပြီးပြီ။ ရေအောက်တိုင်းတာရေး စက်လည်းဝယ်ပြီးပြီ။ မနက်ဖြန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ကျွန် တော့်ကို တွေ့ဖို့ ခေါ်ထားတယ်’’ ဟု ခေါင်းလောင်းရှာဖွေမည့် ဦး ကျော်ဝင်းက ဧရာဝတီသတင်းဌာနအား ပြောကြားထားသည်။
‘‘ဦးကျော်ဝင်းလုပ်မယ့်လုပ် ငန်းစဉ်မသိရသေးတော့ ပြောရ ခက်တယ်။ အိပ်မက်အရ လုပ်တာ လည်းလုပ်ပေါ့။ သိပ္ပံနည်းပညာနဲ့ စနစ်တကျ သုတေသနလုပ်ရင် တော့ ပိုကောင်းတာပေါ့’’ ဟု မွန် သမိုင်းသုတေသနအသင်းတွဲဖက် အတွင်းရေးမှူးနိုင်ရဲဇော်ကမှတ် ချက်ပြုသည်။
ဦးစံလင်းနှင့် လမ်းခွဲခဲ့သည့် အလှူရှင်ရွှေအုန်းပင်ဦးဝင်းမြင့် ကလည်း ကျပ်သိန်းတစ်ထောင်မ တည်ကာ ခေါင်းလောင်းကိုဆက် လက်ရှာဖွေမည်ဟု ပြောထား ပြီး ဦးကျော်ဝင်းရှာဖွေမှုမအောင် မြင်ပါက ၎င်းကိုယ်တိုင်ထပ်မံရှာ ဖွေမည်ဟုဆိုသည်။
ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုမိန့်ရရှိထားသူမှာ ဇေကမ္ဘာ  ဦးခင်ရွှေနှင့်အဖွဲ့၊ ဦးစံလင်းနှင့် ယခုဦးကျော်ဝင်းတို့ဖြစ်သည်။
http://7daydaily.com/story/28890#.VK35r8nZGM8

မဲစာရင်းများဖေဖော်ဝါရီမှ ဇူလိုင်အတွင်း အပြီးထုတ်ပြန်နိုင်ရန်ပြင်ဆင်

အထွေထွေရွေးကောက် ပွဲအတွက် အခြေခံမဲစာရင်းပြုစုမှု များကို  ပြည်နယ်နှင့်တိုင်းများတွင် ဖေဖော်ဝါရီမှ ဇူလိုင်အတွင်း အ ပြီး ထုတ်ပြန်နိုင်ရန် ပြင်ဆင်နေ ကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှသတင်းရရှိသည်။

ပြည်နယ်နှင့်တိုင်းများကို လူဦးရေနှင့် မြို့နယ်အပေါ်အခြေ ခံလျက်  အဆင့်လေးဆင့်ခွဲပြုစု နေပြီး ပထမအဆင့်ပြည်နယ်နှင့် တိုင်းများက အခြေခံမဲစာရင်းကို ဖေဖော်ဝါရီတွင်  အပြီးသတ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးဦးသောင်းလှိုင်က ပြောသည်။
ပထမအဆင့်တွင် ပါဝင်သော ပြည်နယ်နှင့်တိုင်းများ၏ မဲစာရင်းကို ဖေဖော်ဝါရီတွင် အပြီးသတ်၍ ပြည်သူများသိရှိနိုင် ရန်ကြေညာမည်ဖြစ်ပြီး နောက်ဆုံး စတုတ္ထအဆင့်တွင် ပါဝင် သည့် ကရင်ပြည်နယ်ကဲ့သို့ ပြည်နယ်နှင့်တိုင်းများမှာ ဇူလိုင်တွင်အပြီးသတ်ရမည်ဖြစ်ကြောင်း သိရ သည်။
အခြေခံမဲစာရင်းများကို နိုဝင်ဘာလလယ်မှစ၍ ရပ်ကျေး ကော်မရှင်များက  ပြုစုနေခြင်းဖြစ် သော်လည်း အပြီးသတ်မဲစာရင်း ကိုမူ နိုင်ငံတကာရွေးကောက်ပွဲ စနစ်များဆိုင်ရာအဖွဲ့အစည်းဖြစ် သည့် IFES နှင့် ပူးပေါင်းလုပ် ဆောင်သွားမည်ဖြစ်ကြောင်းသိရ သည်။
ပထမအဆင့်အခြေခံမဲစာ ရင်းပြုစုသည့် နေရာများတွင် ရန်ကုန်၊ နေပြည်တော်နှင့်ရှမ်း ပြည်နယ်တောင်ပိုင်းတို့ ပါဝင်သည့်အတွက် ယင်းဒေသများ၏ မဲဆန္ဒရှင်စာရင်းကို ဖေဖော်ဝါရီ၌ ပြည်သူများထံ ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
မဲဆန္ဒရှင်စာရင်းများထုတ် ပြန်ကြေညာသည့်အခါ ပြည်သူ များက မဲစာရင်းကို သွားရောက် ကြည့်ရှုရန်လိုအပ်ပြီး မဲစာရင်း တွင် အမည်မပါလျှင် ပုံစံ (၃) ဖြင့်၊ အချက်အလက်များမှားနေလျှင် ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုပါဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကထုတ် ပြန်ကြေညာထားသည်။
အခြေခံမဲစာရင်းများပြည့်စုံ ၍ ရွေးကောက်ပွဲကျင်းပရန်ရက် သတ်မှတ်နိုင်သည့်အခါမဲစာရင်းအားလုံးကို အင်တာနက်တွင် ကြည့်ရှုနိုင်စေရန် ရွေးကောက်ပွဲကော်မရှင်က စီစဉ်သွားမည်ဖြစ်ကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောသည်။
http://7daydaily.com/story/28882

January 5, 2015

အဲအေးရှားလေယာဉ် ခရီးသည်အလောင်း ၃ လောင်းကို အမေရိကန်စစ်သင်္ဘော ရှာတွေ့

AirAsiaအဲအေးရှားလေယာဉ် ရှာဖွေရေးမှာ အကူအညီပေးနေတဲ့ အမေရိကန် ကယ်ဆယ်ရေး အဖွဲ့က နောက်ထပ် အလောင်း ၃ လောင်းကို ရှာဖွေတွေ့ရှိတယ်လို့ အကြောင်းကြား ထားတဲ့အတွက် စုစုပေါင်း ၃၄ လောင်းကို ရှာဖွေ တွေ့ရှိခဲ့ပြီလို့ အင်ဒိုနီးရှား အရာရှိတယောက်က ဇန်ဝါရီလ ၄ ရက်နေ့မှာ ပြောပါတယ်။
အမေရိကန်စစ်သင်္ဘောက အလောင်း ၃ လောင်းကို ရှာတွေ့ခဲ့ပြီးနောက် ရာဘာလှေ အကူအညီနဲ့ ဆယ်ယူထားပြီး မကြာခင် လွှဲပြောင်းပေးဖို့ ရှိတယ်လို့ အင်ဒိုနီးရှားလေတပ် အရာရှိက ပြောပါတယ်။
ဇန်န၀ါရီလ ၄ ရက်နေ့မှာပဲ လေယာဉ်ရဲ့ အစိတ်အပိုင်းလို့ ယူဆရတဲ့ နောက်ထပ် အရာဝတ္ထုတခုကိုလည်း ပင်လယ်ကြမ်းပြင်အောက်မှာ တွေ့ရှိရတယ်လို့ ပြောပါတယ်။
၅ ခုမြောက် အရာဝတ္ထုဟာ အလျား ၁၀ မီတာနီးပါး၊ အနံ ၁ မီတာ ကျော်ကျော်၊ အမြင့် မိတာဝက်နီးပါရှိတယ်လို့ ရှာဖွေရေး ဖွဲ့ခေါင်းဆောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုထိ တွေ့ထားတဲ့ အရာ၀၀တ္ထုတွေထဲမှာ ဇန်န၀ါရီလ ၃ ရက်နေ့က တွေ့ရှိခဲ့တဲ့ ၄ ခုထဲက ၁၈ မီတာ ရှည်တဲ့ အရာဝတ္ထုက အကြီးမားဆုံး ဖြစ်ပါတယ်။
ဒါပေမယ့် တွေ့ထားတဲ့ ၅ ခုစလုံးကို ဘာဖြစ်မလဲဆိုတာကို မသိနိုင်သေးဘူးလို့လည်း ပြောပါတယ်။
ရာသီဥတု အခြေအနေ ဆိုးရွားနေတာကြောင့် ပျံသန်းမှု မှတ်တမ်းတင်စက်  black box  ကို ရှာဖို့ အခက်ကြုံနေပါတယ်။
လောလောဆယ်မှာ ရုရှားက ကျွမ်းကျင်သူတွေ အပါအ၀င် ရေငုပ်သမားတွေဟာ ပန်ကလန်ဘန်မြို့မှာ ရောက်နေပြီး ရာသီဥတု အခြေအနေကောင်းရင် တွေ့ထားတဲ့ အရာဝတ္ထုဟာ ဘာလဲဆိုတာကို အတိအကျ စစ်ဆေးနိုင်မယ်လို့ အရာရှိတွေက ပြောပါတယ်။
အစောပိုင်း သတင်းတွေအရ ဂျပန်အဖွဲ့က အလောင်း ၃ လောင်း တွေ့ထားတယ်ဆိုတဲ့ ကိစ္စကိုလည်း အတည်ပြုဖို့ လိုသေးတယ်လို့ ရှာဖွေရေးအဖွဲ့ ခေါင်းဆောင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဇန်န၀ါရီလ ၄ ရက်နေ့က အင်ဒိုနီးရှား ဆူရာဘာယာ လေဆိပ်ကနေ စင်ကာပူကို ထွက်ခွာခဲ့တဲ့ လေယာဉ်ဟာ ဂျားဗား ပင်လယ်ပြင်မှာ ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ လူဦးရေ ၁၆၂ ယောက် လိုက်ပါခဲ့တာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/75993

၂၀၁၄ ခုနှစ်တွင် အဓမ္မလက်ထပ်ရန် လူကုန်ကူးခံရမှုများ ပိုမိုများပြားလာ

၂၀၁၄ ခုနှစ်တွင် ၂၀၁၃ ခုနှစ်ထက် လူကုန်ကူးမှုများလာပြီး အဓမ္မလက်ထပ်ရန် လူကုန်ကူးခံရမှု အများဆုံး ဖြစ်ပွား ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၏ နှစ်ချုပ် စာရင်းဇယားအရ သိရသည်။
Human-Trafficking
ရန်ကုန်မြို့ စက်မှု (၁) လမ်းရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပညာပေး ဆိုင်းဘုတ်တစ်ခုကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ ဟိန်းထက်၊ မဇ္ဈိမ)
၂၀၁၄ ခုနှစ်အတွင်း လူကုန်ကူးခံရမှု ၁၂၄ မှု ဖြစ်ပွားခဲ့ပြီး ယခင် ၂၀၁၃ ခုနှစ် တွင် ၁၀၃ မှုသာ ရှိခဲ့သည်။
အဓမ္မလက်ထက်ရန် လူကုန်ကူးခံရမှုမှာ ၇၂ မှုရှိခဲ့ပြီး ထိုအကြောင်းအရာဖြင့် လူကုန်ကူးခံရမှုမှာ တစ်နှစ် လုံးတွင် အများဆုံးဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၇ မှု တိုးလာခဲ့သည်။
လူကုန်ကူးခံရမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှ ဒု-ရဲမှူးမင်းနိုင်က “အမှုတွေက ပိုဖြစ်လာတယ် ဆိုတာထက် ဒီနှစ်ထဲမှာ အထူးစီမံကိန်းတွေ ချမှတ်ပြီး လုပ်ဆောင်တာတွေ၊ နှစ်နိုင်ငံ ပူးပေါင်းပြီးတားဆီး နှိမ်နင်းတာ တွေကြောင့် ပိုဖမ်းမိလာတွေ ရှိတာကြောင့် စာရင်းက ပိုတက်လာတာပါ” ဟု ပြောသည်။
ထိုသို့ လူကုန်ကူးမှုများတွင် ရှမ်းပြည်နယ်တွင် အများဆုံး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံးဒေသမှာ ပြည်နယ်မှာ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့ဖြစ်ကာ ၎င်းပြည်နယ်များသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိ လူကုန်ကူးခံရမှုများ မရှိခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၏ နှစ်ချုပ်စာရင်းဇယားအရ သိရသည်။
၂၀၁၄ ခုနှစ်အတွင်း လူကုန်ကူးမှုဖြင့် တရားခံ ၃၆၇ ဦးအနက် ၂၄၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၁၁၇ ဦးမှာ ထွက်ပြေး လွတ်မြောက်နေ ဆဲ ဖြစ်သည်။
တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ပြည်တွင်း၌ လူကုန်ကူးခံရခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ထူးခြားသည်မှာ မလေးရှားနိုင်ငံသို့ အဓမ္မစေခိုင်းရန် လူကုန်ကူးခံရမှုသုံးမှုပါဝင်ကာ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှုမှာ ၇၇ မှုဖြင့် အများဆုံးလူကုန်ကူးခံရသည့် နိုင်ငံဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် လူကုန်ကူးခံရသူ ၃၀၉ ဦးအနက် ၂၄၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၆၈ ဦးကို ကယ်တင်နိုင် ခြင်း မရှိသေးပေ။
လူကုန်ကူးမှုများတွင် အဓမ္မလက်ထပ်ရန်၊ အဓမ္မခိုင်းစေရန်၊ ပြည့်တန်ဆာ ပြုလုပ်ရန်စသည့် ကိစ္စရပ်များကြောင့် လူကုန်ကူး ခံရခြင်းများ ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/36309-2015-01-05-06-08-39

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့တွင် လူနေအိမ်များ ဆောက်လုပ်သွားရန် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန စီစဉ်

ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် အခြေခံအဆောက်အအုံနှင့် လူနေအဆောက်အအုံများ ဆောက်လုပ် သွားနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက ဇန်န၀ါရီ ၄ ရက်တွင် တင်ဒါ ခေါ်ယူထားသည်။
Cheap-Building
ရန်ကုန်တိုင်းတွင် တည်ဆောက်လျက်ရှိသော တန်ဖိုးနည်းအိမ်ရာစီမံကိန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်တို့တွင် အိမ်ရာစီမံကိန်းလေးခု အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါ စတင်ခေါ်ယူထားပြီး ဖြစ်သည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ကျန်စစ်သားအိမ်ရာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ရိုးမတန်ဖိုး နည်းအိမ်ရာ စီမံကိန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မဟာဗန္ဓုလအိမ်ရာ စီမံကိန်း၊ စစ်ကိုင်းတိုင်း မုံရွာ မြို့နယ်၌ နန္ဒဝန်တန်ဖိုးသင့် အိမ်ရာစီမံကိန်း အပိုင်း (၂) နှင့် မန္တလေးတိုင်း မြရည်နန္ဒာ အိမ်ရာစီမံကိန်း အပိုင်း (၂) တို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ အိမ်ရာ စီမံကိန်းများတွင် အခြေခံ အဆောက်အအုံ (Infrastructure) နှင့် လူနေအဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းတင်ဒါများကို ဇန်န၀ါရီ ၅ ရက်မှ စတင်ကာ ထုတ်ယူနိုင်မည်ဖြစ်ကာ ဇန်န၀ါရီ ၃၀ ရက်တွင် နောက်ဆုံးထား တင်ဒါတင်သွင်းရမည် ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနသည် ရန်ကုန်မြို့ရှိ ၀န်ကြီးဌာနပိုင် မြေနေရာ ခြောက်နေရာတွင်လည်း အဆင့်မြင့် အဆောက်အအုံများ၊ လူနေအိမ်ရာ၊ စီးပွားရေး အဆောက်အအုံများ အပြင် သင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန် စီစဉ် လျက်ရှိသည်။
ယခုဘဏ္ဍာနှစ်အတွင်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ သင်္ဃန်းကျွန်းမြို့ နယ်တို့တွင် အိမ်ရာစီမံကိန်းလေးခု အကောင်အထည်ဖော် ဆောင်ရွက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကို တင်ဒါ စတင်ခေါ်ယူထားပြီး ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)၌ ကနောင်အိမ်ရာစီမံကိန်း၊ ပုလဲမွန်အိမ်ရာစီမံကိန်း၊ ယုဇနတန်ဖိုးနည်း အိမ်ရာစီမံကိန်း၊ ကျီစုအရှေ့တန်ဖိုးနည်းအိမ်ရာစီမံကိန်း၊ ရွှေလင်ဗန်းတန်ဖိုးနည်း အိမ် ရာ စီမံကိန်းများကို မြို့ရွာနှင့် အိုးအိမ် ဦးစီးဌာနသည် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီတို့က ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ဗိုလ်ဗထူး တန်ဖိုးမျှတန်အိမ်ရာစီမံကိန်နှင့် ဗိုလ်မင်း ရောင် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် နေသည်။
http://www.mizzimaburmese.com/2013-10-20-16-07-17/item/36297-2015-01-05-03-05-32

ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ ကန်ဒေါ်လာ ၁,၁၃၅ သန်း ရရှိ

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများ စံချိန်တင် ဝင်ရောက်လာမှုနှင့်အတူ နိုင်ငံခြားဝင်ငွေ ရရှိမှုမှာလည်း စံချိန်တင် ကန်ဒေါ်လာ ၁,၁၃၅ သန်း ရရှိခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။
Tourist
ညောင်ဦးမြို့ ပုဂံရှေးဟောင်း ဘုရားသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားဧည့်သည်များအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
၂၀၁၄ ခုနှစ်တွင် ခရီးသွား လုပ်ငန်းကဏ္ဍမှ ကန်ဒေါ်လာ သန်း ၁,၀၀၀ ခန့်ရရှိရန် မျှော်မှန်းထားခဲ့ပြီး ၂၀၁၄ နှစ်ကုန်ချိန်တွင် ကန်ဒေါ်လာ သန်း ၁,၀၀၀ ကျော်ကို ယခင်နှစ်များထက် စံချိန်တင် ရရှိခဲ့သည်။
ခရီးသွားလုပ်ငန်းကဏ္ဍသည် ၂၀၁၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၂၅၄ သန်း၊ ၂၀၁၁ တွင် ကန်ဒေါ်လာ ၃၁၉ သန်း၊ ၂၀၁၂ တွင် ကန်ဒေါ်လာ ၅၃၄ သန်း၊ ၂၀၁၃ တွင် ကန်ဒေါ်လာ ၉၁၄ သန်း ရရှိခဲ့သည်။
World Travel and Tourism Council  ၏ ကွင်းဆင်းလေ့လာ သုတေသနပြုလုပ်ချက်အရ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှ စီးပွားရေး အကျိုးသက်ရောက်မှုသည် ၂၀၁၃ ခုနှစ်တွင် ကျပ် ဘီလီယံ ၁,၉၇၀ ရှိခဲ့ပြီး ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး ဂျီဒီပီ၏ ၃ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ကာ ၂၀၁၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်း ကဏ္ဍသည် ဂျီဒီပီ၏ ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာသည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသည်နှင့် အလုပ်အကိုင်များ ပိုမိုရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အလုပ်အကိုင် ရှာဖွေ ပေးနိုင်မှု ၈၂၃,၅၀၀ ဖြစ်ပြီး စုစုပေါင်း အလုပ်အကိုင်ရရှိမှု၏ သုံးရာခိုင်နှုန်းရှိခဲ့ကာ ၂၀၁၄ ခုနှစ်တွင်အလုပ် အကိုင်ရှာဖွေပေး နိုင်မှု ၈၇၇,၅၀၀ ခန့်ရှိကာ စုစုပေါင်း အလုပ်အကိုင်၏ ၆ ဒသမ ၅ ရာခိုင်နှုန်းခန့် အထိ ရှိခဲ့သည်။
နိုင်ငံခြားသား ခရီးသွားများ စံချိန်တင် ၀င်ရောက်လာမှု များပြားလာခြင်းကြောင့် နိုင်ငံခြားဝင်ငွေ၊ ဟိုတယ် စီမံကိန်းများ များပြားလာသည့် အပြင် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီအရေအတွက်လည်း တိုးတက်များပြား လာခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ခရီးသွားကုမ္ပဏီ ၆၅၈ ခုသာ ရှိရာမှ ၂၀၁၁ တွင် ခရီးသွား ကုမ္ပဏီ ၇၅၉ ခု၊ ၂၀၁၂ တွင် ခရီးသွား ကုမ္ပဏီ ၁,၀၂၆ ခု၊ ၂၀၁၃ တွင် ခရီးသွား ကုမ္ပဏီ ၁,၃၅၀၊ ၂၀၁၄ တွင် ခရီးသွား ကုမ္ပဏီ ၁,၆၂၃ ခုအထိ များပြားလာခဲ့ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-07-17/item/36311-2015-01-05-06-30-37

January 2, 2015

ဒလမြို့နယ်ရှိ ကျူးကျော်တဲ ၁၀၀ ကျော် ဖျက်ဆီး

ရန်ကုန်တိုင်း ဒလမြို့နယ် ဗိုလ်တထောင်ဆိပ်ကမ်းနားအနီး တံတားချောင်းရွာက ကျူးကျော်တဲပေါင်း တစ်ရာကျော်ကို အာဏာပိုင်တွေက  ဖျက်ဆီးခဲ့ပါတယ်။
Dalaမြို့နယ်အုပ်ချုပ်ရေး၊ မြူနီစီပယ်၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၄၀ ကျော်ဟာ   ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းမှာ လာရောက်ဖျက်ဆီးသွားတယ်လို့  အသက် ၃၀ ကျော် ရွာသူတဦးက ဒီဗွီဘီကို ခုလိုပြောပါတယ်။
“ကျမက ဒီမှာမွေးတာရှင့်။ နှစ်ပေါင်း ၃၀ ကျော်ပြီ နေလာတာ။ မနေ့ညနေကတော့ ကျမတို့အိမ် အဖျက်ခံရပါတယ်။ သူတို့က ဒီမှာဆောက်ပိုင်ခွင့်မရှိဘူးလို့ပြောတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ အိမ်ခြေ ၁၀၀ ကျော်ပါတယ်။ အများစုက တဲအိမ်တွေပါ။ အခု လူပေါင်း ၂၀၀ ကျော်တယ် နေစရာမရှိတော့ဘူး။”
နေစရာမရှိတော့တဲ့အတွက် တချို့က အဖျက်ခံရတဲ့အိမ်ကို ပြန်ပြင်ဆောက်နေကြကြောင်း ၊ တချို့ကတော့ ကွင်ပြင်ထဲမှာ တာလပတ်ထိုးပြီးနေဖို့ ပြင်ဆင်နေတယ်လို့ ရွာသူက ဆက်ပြောပါတယ် ။
“ပြန်မဆောက်ရင် ဒီညအိပ်စရာ နေရာမရှိတော့ပါဘူး။ အားလုံးကလည်း လက်လုပ်လက်စား ကျဘမ်းအလုပ်သမားတွေ၊  တခြားမှာပြောင်းနေဖို့ ပိုက်ဆံလည်း မရှိဘူး။ ဒါကြောင့် တဲတွေပြန်ထိုးနေတာ၊ သူတို့က ပြန်လာဖျက်မယ်လို့လဲ ပြောနေတယ်။ မတတ်နိုင်ပါဘူးရှင်။”
အဲဒီ တံတားချောင်းရွာမှာ အိမ်ခြေစုစုပေါင်း ၃၀၀ ကျော်ရှိပြီး အဖျက်ခံရတဲ့ အိမ်တွေထဲမှာ  ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သူနဲ့ နီးစပ်တဲ့သူတွေရဲ့ နေအိမ်တွေကတော့ ပါမသွားကြောင်း၊ ဒါကြောင့် သူတို့အနေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးပေါ်လည်း မကျေနပ်မှုတွေရှိပြီး  ကျေးရွာအုပ်ချုပ်ရေးမှူးကိုရော အာဏာပိုင်တွေကိုပါ လမ်းပေါ်ထွက် ဆန္ဒပြဖို့ ပြင် ဆင်နေတယ်လို့ ဒလဒေသခံတဦးဖြစ်တဲ့ ကိုမိုးသူ က ပြောပါတယ်။
ကျူးကျော်တဲဖျက်ဆီးရာမှာ ပါဝင်ခဲ့တဲ့ ပျော်ဘွယ်ကြီးရဲစခန်းက ရဲဝန်ထမ်းတဦးကတော့ ဒီဗွီဘီကို ခုလိုပြောပါတယ်။
“ကျနော်တို့ ရဲနဲ့တော့ မဆိုင်ပါဘူးခင်ဗျာ။ အုပ်ချုပ်ရေးနဲ့စည်ပင်က အဖွဲ့တွေပါ၊ ကျူးကျော်မြေတွေဆိုပြီး သူတို့က ရှင်းခိုင်းတာပေါ့။ ဒီမြေတွေဟာ ကျနော်တို့သိရ သလောက်တော့ အိုးအိမ်ပိုင်မြေတွေ ဖြစ်ပါတယ်။ သူတို့ကို ဘယ်လို ပြန်နေရာချပေးမလဲ ဆိုတာ ကျနော်တို့လဲ မသိရပါဘူး။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဒလမြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ စည်ပင်သာယာကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။
http://burmese.dvb.no/archives/75758

အာဆီယံ နိုင်ငံများနှင့် အခြားနိုင်ငံ များသို့ အူရီဒူး ဖုန်းခေါ်ဆို ခများ လျှော့ချ အမေရိကန်သို့ တစ်မိနစ်လျှင် ငွေကျပ် ၁ဝဝ ဖြင့် ဖုန်း ခေါ်ဆိုနိုင်

ရန်ကုန် ဇန်နဝါရီ ၁
အူရီဒူးမြန်မာမှ ပြည်ပသို့ ဖုန်းခေါ်ဆိုခများ လျှော့ချပေးလျက်ရှိရာ အမေရိကန် နိုင်ငံသို့ တစ်မိနစ်လျှင်
ငွေကျပ် ၁ဝဝ ဖြင့် လည်းကောင်း၊ အာဆီယံ နိုင်ငံများသို့ တစ်မိနစ်လျှင် ငွေကျပ်၂ဝဝ ဖြင့် လည်းကောင်း ခေါ်ဆိုနိုင်ပြီ ဖြစ်ကြောင်း သိရ သည်။ အူရီဒူးမြန်မာသည် ၎င်းတို့၏ နောက်ဆုံးပေါ် ကမ္ဘာ့အဆင့်မီ 3G ကွန်ရက်ကို ပိုမိုကောင်းမွန်စွာ ဆက်တိုက် ဖြန့် ကြက်လျက်ရှိရာ နေ့စဉ်နှင့်အမျှ ဝန်ဆောင်မှုများ တိုးတက်ပြောင်းလဲ လျက်ရှိသည်။ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂၃ရက် မှ စ၍ အူရီဒူးမြန်မာမှ နိုင်ငံပေါင်း ၄၆ နိုင်ငံသို့ ဖုန်းခေါ်ဆိုမှု နှုန်းထားများ လျှော့ချ သတ်မှတ်ခဲ့သည့် အတွက် အူရီဒူးဖြင့် ဖုန်းခေါ်ဆိုခ သက်သာစွာ ခေါ်ဆိုနိုင်ခဲ့သည်။ အူရီဒူးဖြင့် ပြည်ပနိုင်ငံများသို့ တစ်မိနစ် ဖုန်းခေါ်ဆိုခ နှုန်းထားများမှာ
ကနေဒါ နှင့် အမေရိကန်သို့ ငွေကျပ် ၁ဝဝ၊ မလေးရှား၊ ထိုင်း၊စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ကင်မရွန်းတို့သို့ ငွေကျပ် ၂ဝဝ၊ တောင်ကိုရီးယား၊ ဂျပန်၊ တိုင်ဝမ်၊ သြစတြေးလျ၊ သီရိလင်္ကာ၊ ဟောင်ကောင်၊ ပါကစ္စတန်၊ နီပေါ၊ နယူးဇီလန်၊ ဘရူနိုင်းနှင့် မကာအိုတို့သို့ ငွေကျပ် ၄ဝဝ၊ ဂျာမနီ၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ အီတလီ၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ ပိုလန်၊ သြစတြီးယား၊ ဂရိ၊ အိုင်ယာလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ယူကရိန်း၊ ဟန်ဂေရီနှင့် ခရိုအေးရှားတို့သို့ ငွေကျပ် ၆ဝဝ ဖြစ်ကြောင်း သိရ သည်။
http://myawady.net.mm/allnews/localnews/item/57860-2015-01-02-12-18-38

ပြန်ကြားရေး ဝန်ထမ်းသုံးဦးကို ငွေအလွဲသုံးစားပြုမှုဖြင့် ထောင်ဒဏ် နှစ် ၄၀ စီ အမိန့်ချ

နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတိုက်မှ ပြန်ကြားရေး ဝန်ထမ်းသုံးဦး ဖြစ်သည့် မန်နေဂျာနှင့် လက်ထောက်မန်နေဂျာ နှစ်ဦးတို့ကို သတင်းစာ၏ ကျပ်သိန်းသုံးထောင်နီးပါး အလွဲသုံးစားပြုမှုဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့က အနောက်ပိုင်းခရိုင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် နှစ် ၄၀ စီ အမိန့်ချမှတ်ခဲ့ကြောင်း ယင်းခရိုင်တရားရုံးထံမှ စုံစမ်းသိရှိရသည်။

၂၀၀၈-၂၀၀၉ ခုနှစ် ဘဏ္ဍာရေးနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဘဏ္ဍာရေးနှစ်အထိ လေးနှစ်အတွင်း ငွေကျပ် ၂၈၈၆ သိန်း အလွဲသုံးစားပြုလုပ်မှုဖြင့် မြန်မာ့အလင်းသတင်းစာတိုက် စီမံရေးအပိုင်း မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းလတ်၊ လက်ထောက်မန်နေဂျာနှင့် ဖြန့်ချိရေးပိုင်း တာဝန်ခံ ဦးကျော်မင်းဦးနှင့် လက်ထောက်မန်နေဂျာနှင့် ငွေစာရင်းကိုင် ဦးဝင်းမြင့်တို့ သုံးဦးကို ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ရာမှ တစ်ဦးလျှင် ထောင်ဒဏ် နှစ် ၄၀ စီ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော်ရှိ မြန်မာ့ အလင်းသတင်းစာတိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီဖြစ်စဉ်က စီမံရေးအပိုင်းက တရားစွဲတာကြောင့် ပြဿနာဖြစ်ရပ်ကို ကျွန်တော်တို့ စာတည်းအဖွဲ့ဘက်ခြမ်းက သေချာမသိဘူး။ သတင်းစာတိုက်က ဝန်ထမ်းတွေ တရားစွဲဆိုခံရတာလောက်ပဲ သိတယ်” ဟု မြန်မာ့အလင်း သတင်းစာတိုက် စာတည်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ထောင်ဒဏ် နှစ်လေးဆယ် အမိန့်ချမှတ်ခံရသူများမှာ ပြစ်မှုကြီး အမှတ် ၇၇၊ ၇၈၊ ၇၉၊ ၈၀ တို့ဖြင့် တရားစွဲဆိုခံရပြီး ပြစ်မှုတစ်ခုလျှင် ထောင်ဒဏ် ၁၀ စီဖြင့် နှစ်လေးဆယ် အမိန့်ချခံရခြင်း ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
http://www.thevoicemyanmar.com/index.php/news/item/5118-pky

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပထမဦးဆုံးအကြိမ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် သက်တမ်း လေးနှစ်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုံးအကြိမ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားမှုများတွင် တပ်မတော်သားများမှာ ပြည်သူကြားမှ ပေါက်ဖွားလာသူများပီပီ မွန်မြတ်သည့် စိတ်ထားဖြင့် နိုင်ငံတော်နှင့် ပြည်သူကို အသက်ခန္ဓာ အပ်နှင်း၍ အလုပ်အကျွေးပြုကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ဖြင့် ပြောင်းလဲခဲ့သည့် အချိန်တွင် အောင်မြင်မှုများ ရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေသော်လည်း တပ်မတော်အနေနှင့် ပါတီစုံဒီမိုကရေစီ စနစ်ကို မလွဲမသွေ ရရှိရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း နိုင်ငံသားတိုင်း ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများစွာ ရှိနေသည့်အတွက် တပ်မတော်မှ တိုင်းရင်းသားပြည်သူများနှင့် ခိုင်မြဲစွာ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် နိုင်ငံတည်ရှိမှုသမိုင်း တိုင်းရင်းသား ပြည်သူများ၏ အခြေအနေပေါ် မူတည်ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တပ်မတော် အကြီးအကဲတစ်ဦး အနေနှင့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို ပထမဆုံး ပြောကြားခဲ့ခြင်း ဖြစ်ပြီး နှစ်ကူးကာလတွင် ယခုကဲ့သို့ တိုင်းရင်းသားပြည်သူများကို နှုတ်ခွန်းဆက်စကား ပြောကြားခြင်းမှာ ထူးခြားမှု ရှိသော်လည်း ပြောကြားသည့် အကြောင်းအရာပေါ် မူတည်၍ ကြိုဆိုရမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။
http://www.thevoicemyanmar.com/index.php/news/item/5128-bkm

အူရီဒူးဆင်းမ်ကတ်အချင်းချင်း ဖုန်းဘေလ်လွှဲနိုင်မယ့် ဝန်ဆောင်မှုစတင်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေပြီး ပြည်ပအော်ပရေတာ တစ်ခုဖြစ်တဲ့ အူရီဒူးရဲ့ ဖုန်းဆင်းမ်ကတ် အချင်းချင်း ဖုန်းဘေလ် လွှဲပေးနိုင်မယ့် ဝန်ဆောင်မှု စတင်လိုက်တယ်လို့ အူရီဒူးမြန်မာထံမှ သိရပါတယ်။

ဖုန်းဘေလ်ကုန်သွားတဲ့ သူက *126* ဖုန်းဘေလ်လွှဲပြောင်းပေးရန် တောင်းဆိုမယ့်သူရဲ့ ဖုန်းနံပါတ် *ငွေပမာဏ# ကိုရိုက်နှိပ် ဖုန်းခေါ်ဆိုရမှာ ဖြစ်ပြီး ဖုန်းဘေလ် လွှဲပေးမယ့်သူက *155* ငွေပမာဏ * လွှဲပေးမယ့်ဖုန်းနံပါတ်ကို နှိပ်ပြီး ဖုန်းခေါ်ဆိုရမှာ ဖြစ်ပါတယ်။

“အနည်းဆုံး ငါးရာကနေ အများဆုံး ငါးထောင်အထိ လွှဲလို့ရတယ်။ အကြိမ်အရေအတွက် ကန့်သတ်မထားပါဘူး။ ဝန်ဆောင်ခအနေနဲ့ တစ်ခါလွှဲရင် တစ်ရာဖြတ်မှာပါ။ ငါးရာလွှဲလည်း တစ်ရာဖြတ်မှာပါ” လို့ အူရီဒူးမြန်မာရဲ့ ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက ဆိုပါတယ်။
http://www.thevoicemyanmar.com/index.php/news/item/5126-ord

အပစ်အခတ် မရပ်ထားတဲ့ လက်နက်ကိုင်နှစ်ဖွဲ့ကို ဗိုလ်ရှုသဘင် တက်ဖို့ သမ္မတဖိတ်

အပစ်အခတ် ရပ်စဲထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက် တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ KIO /KIA အဖွဲ့နဲ့ တအာင်း လွတ်မြောက်ရေးတပ် TNLA တို့ကို ဗိုလ်ရှု သဘင် အခမ်းအနားတက်ဖို့ နိုင်ငံတော် သမ္မတက ဖိတ်ကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေး အတွက် လမ်းဖွင့်ပေးတာလား။

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်ဖို့ မူလက တရားဝင် ဖိတ်ကြားထားခြင်း မရှိတဲ့ KIO /KIA အဖွဲ့နဲ့ TNLA တို့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားထားတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီကနေ သိရှိရပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ကျော်အတွင်း ဗိုလ်ရှုသဘင် အခမ်းအနားကို ပထမဆုံး အကြိမ် ပြန်လည် ကျင်းပမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ တတိယအပတ် အတွင်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခု အစိုးရလက်ထက်မှာ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့၁၄ဖွဲ့ ကိုပဲ ဖိတ်ကြား ခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတာ မရှိသေးတဲ့အတွက် နိုင်ငံတော် သမ္မတကြီးက တရားဝင် ဖိတ်ကြားသည့်တိုင် တက်ဖို့ မတက်ဖို့ကိစ္စကို အသေအချာ မပြောနိုင်သေးဘူးလို့ တအာင်းလွတ်မြောက်ရေးတပ် TNLA နိုင်ငံခြားရေးဌာနမှူး တာပန်လှက ပြောပါတယ်။

နိုင်ငံတော် သမ္မတက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး ကေအိုင်အေ အဖွဲ့နဲ့ တအာင်းအဖွဲ့တွေကို ဗိုလ်ရှုသဘင် အခမ်းအနားသို့ ဖိတ်ကြားတာဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးတာလို့ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ကရက်က ဦးစီစီနော်ဂျာက ပြောပါတယ်။

ပြည်ထောင်စု သွေးစည်းညီညွတ်ရေးမှာ တိုင်းရင်းသားအားလုံးကို ပါဝင်စေချင်တဲ့ နိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြားမှုကို ကြိုဆိုတယ်လို့ သူက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအထူးဒေသ (၄) မိုင်းလားအဖွဲ့( NDAA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) ၊ KNU /KNLA ငြိမ်းချမ်းရေးကောင်စီ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး( ABSDF)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ၊ (ALP)၊ ရှမ်းပြည်နယ် ပြန်ထည်ထူထောင်ရေးကောင်စီ (RCSS / SSA)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP /SSA) တို့နဲ့ ၂၀၁၂ ခုနှစ် အတွင်းမှာ အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ခဲ့ပါတယ်။
http://www.thevoicemyanmar.com/index.php/news/item/5127-apa

သမ္မတအိမ်တော်တွင် သတင်းယူမည့် သတင်းထောက်များ ဇန်နဝါရီ ၁၅ နောက်ဆုံးထားလျှောက်ထားရမည်

သမ္မတအိမ်တော်တွင် သတင်းရယူလိုသည့် သတင်းထောက်များအနေဖြင့် ဇန်နဝါရီ ၁၅ ရက်
နောက်ဆုံးထား၍ ရန်ကုန်မြို့၊ အမှတ် ၄ ဝင်္ကဘာလမ်းရှိ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲတွင် လျှောက်ထားရမည်ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
သမ္မတအိမ်တော်တွင် သတင်းယူလိုသည့် သတင်းထောက်များသည် အနည်းဆုံး အကြီးတန်းသတင်းထောက် ဖြစ်ရမည်ဖြစ်ပြီး လုပ်သက် ငါးနှစ်ရှိရမည်ဖြစ်သည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးသီဟစောက “သူများနိုင်ငံတွေမှာလည်း သမ္မတသတင်းယူတဲ့ သတင်းထောက်တွေ ထားတယ်။ ဒါက ပထမဆုံးအကြိမ်ပါ စမ်းသပ်ကြည့်တာပေါ့။ သတင်းထောက်တွေအနေနဲ့ သတင်းရယူခွင့်တွေ ပိုရှိလာတာပေါ့။”ဟုပြောသည်။
သမ္မတအိမ်တော်တွင် သတင်းရယူခွင့်ရသည့် သတင်းထောက်များအတွက် သမ္မတအိမ်တော်ဝန်းတွင်  ရုံးခန်းထားရှိပေးမည်ဖြစ်ပြီး သမ္မတအိမ်တော်မှ ပြုလုပ်သည့် ပွဲများသို့ သတင်းတက်ရောက်ရယူခွင့် ရရှိမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ရွေးချယ်ခံရသော သမ္မတအိမ်တော်သတင်းထောက်များ အနေဖြင့် သတင်းယူချိန် ဝတ်ဆင်သည့် ဝတ်စုံတွင် ပါတီ သို့မဟုတ် အကြောင်းအရာတစ်ခုကို ကိုယ်စားပြုသည့် အမှတ်အသားများ၊ ကြွေးကြော်သံများ၊ ဆောင်ပုဒ်များ မပါရှိရဟု သတ်မှတ်ထားသည့်ပြီး သမ္မတအိမ်တော် သတင်းထောက်အဖြစ်သာ သီးသန့်တာဝန် ပေးအပ်ထားသူဖြစ်ရမည်ဟု စည်းကမ်းချက်တွင် ပါရှိသည်။
ယင်းအပြင် သမ္မတအိမ်တော်မှ ချမှတ်ထားသည့် လုံခြုံရေး စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက အိမ်တော်အသိအမှတ်ပြုကတ်ပြား ပြန်လည်သိမ်းဆည်းခြင်းကို ခံရမည်ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သမ္မတအိမ်တော်တွင် သတင်းရယူရန် ကျင့်ဝတ်နှင့်ညီသည့် သတင်းထောက်များကို ရွေးချယ်မည်ဟု ဒီဇင်ဘာ ၁၆ ရက်က မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/36115-2015-01-01-12-46-55

၂၀၁၅ နှစ်သစ်ကို ဆန္ဒပြပွဲများဖြင့် မြန်မာပြည်သူများ ကြိုဆို

၂၀၁၅ ခုနှစ်၏ ပထမဆုံးနေ့ ဇန်န၀ါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၏ မြို့များဖြစ်သည် ရန်ကုန်၊ မန္တလေးမြို့၊ ညောင်ရွှေမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။ လက်ပံတောင်းပဋိပက္ခ၊ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုသည် တိုင်းရင်းသားများအတွက် လုံလောက်သော တွေ့ဆုံမှုမဟုတ်၊ အလုပ်သမားပြဿနာ စသည့် အရေးကိစ္စများနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်
လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီး ဒီမိုကရေစီအင်အားစု၊ မြန်မာ့တက်ကြွလှုပ်ရှားသူများအဖွဲ့ တို့ပါဝင်သည့် အင်အား ၅၀ခန့်သည် နေ့လယ် ၁ နာရီတွင် စုဝေးကာ မြို့တော်ခန်းမရှေ့၌ စတင်ဆန္ဒဖော် ထုတ်ခဲ့ပြီး တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။
ဒီမိုကရေစီအင်အားစုမှ ဦးဘမြင့်က “ဒေါ်ခင်ဝင်းကို အသက်ရှုံးဆုံးအောင်လုပ်တဲ့ကိစ္စနှင့်ပတ်သက်လို့ ဆန္ဒပြခြင်းဖြစ်တယ်။ လူတွေကို လွယ်လွယ်ကူကူနဲ့ ပစ်သတ်နေတာ မဖြစ်သင့်တဲ့ကိစ္စပဲ။ တရုတ်ပြည်က ဝမ်ပေါင်ကုမ္ပဏီကို  ဖိအားပေးချင်လို့ ဆန္ဒပြခြင်းဖြစ်တယ်။ ဝမ်ပေါင်ကုမ္ပဏီက မြန်မာလူမျိုးအတွက် အကျိုးမဖြစ်ထွန်းဘူး။ ဝမ်ပေါင်ကုမ္ပဏီ ထွက်သွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ သွားရောက်ဆန္ဒပြခြင်းဖြစ်တယ်"ဟု ပြောသည်။
အဆိုပါဆန္ဒဖော်ထုတ်သူများက လက်ပန်းတောင်းတောင်ဒေသ သိမ်းဆီးခံမြေများ ပြန်လည်ရရှိရေး၊ ဒေါ်ခင်ဝင်းအား သတ်သူ ဖေါ်ထုတ်ပေးရေး၊ ဒေါ်ခင်ဝင်းကို သတ်မိန့်ပေးသူ ဖေါ်ထုတ်ပေးရေး၊ မြေသိမ်းခံတောင်သူများကို နှိမ်နှင်းရေး ချက်ချင်းရပ် အစရှိသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်။

မန္တလေး
လက်ပံတောင်းတောင် လူသတ်အကြမ်းဖက်မှုကို အစိုးရမှ တာဝန်ယူဖြေရှင်းပေးနိုင်ရန် မန္တလေးမြို့ရှိ နိုင်ငံရေးအင်အားစုများ အပါအဝင် ဗကသကျောင်းသာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံဃာတော်များ ပါဝင်သည့် ဆန္ဒထုတ်ဖော် တောင်းဆိုပွဲကို ဇန်န၀ါရီ ၁ ရက်၊ မွန်းလွဲ ၁ နာရီအချိန် တစ်သုံးလုံး လှုပ်ရှားမှုအဖြစ် မြတောင်ကျောင်းတိုက်ရှေ့မှ စတင်ဆန္ဒဖော်ထုတ်တောင်းဆိုကြသည်။
ဆန္ဒထုတ်ဖော်ပွဲနှင့် တစ်ဆက်တည်း မန္တလေးနိုင်ငံရေးအင်အားစုများမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများကို ခြံစည်းရိုးတိုးချဲ့ခတ်ရာမှ အာဏာပိုင်တို့၏ သေနတ်ပစ်ခတ်ဖြိုခွင်းခြင်းကို အချက် ၇ ချက်ပါ သဘောထား ကြေညာချက်တစ်စောင်နှင့် အချက် ၅ ချက်ပါ တောင်းဆိုချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။
 “လက်ပံတောင်းတောင်မှာ ခုချိန်ထိ အစိုးရကတာဝန်ယူမှု၊ တာဝန်ခံမှုမရှိ၊ ဖြေရှင်းတာမရှိတဲ့အတွက် ဖြေရှင်းပေးဖို ဆန္ဒထုတ်ဖော်ရတာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက်မှုဖြစ်စဉ်တွေက မကြာမကြာဖြစ်နေတယ်။ ကိုပါကြီး၊ လိုင်ဇာ၊ လက်ပံတောင်းက ဒေါ်ခင်ဝင်း။  ဒီလိုမျိုး အကြမ်းဖက်မှုဖြစ်စဉ်တွေက နိုင်ငံသူနိုင်ငံသားတွေရဲ့ လုံခြုံရေးကိုထိခိုက်လာတယ်။ နောင်တစ်ချိန်မှာ ကျွန်တော်တို့အိမ်ကို မရောက်လာဘူးလို ပြောမရဘူး" ဟု ဒီမိုကရေစီအရေး စဉ်ဆက်မပျက်လှုပ်ရှားမှု အင်အားစုမှ အထက် မြန်မာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့်က မဇ္ဈိမကိုပြောသည်။
“လက်ပံတောင်းကိစ္စမှာ အစိုးရတစ်ခုတည်းမဟုတ်ဘူး၊ ဦးပိုင်ရော၊ ဝမ်ပေါင်ရော တာဝန်ရှိပါတယ်။  ဒီကနေ ဒီလိုလုပ်နေတဲ့ကိစ္စမှာ တရုတ်ဆန့်ကျင်ရေး လုပ်နေတာမဟုတ်ပါဘူး။ တရုတ်အစိုးရအနေနဲ့၊ နိုင်ငံတကာက ကမ္ဘာ့ခေါင်းဆောင်တွေသိအောင် လုပ်ဆောင်နေရခြင်း ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။
ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီမှ ကိုအောင်မြင်ကလည်း “အစိုးရအနေဖြင့် လူသတ်ဖြစ်စဉ်များကို ဖော်ထုတ်ပေါ်ရန် လိုအပ်ကြောင်း၊ ဖော်ထုတ်ပေးခြင်းမရှိပါက လူသတ် အစိုးရအဖြစ် သတ်မှတ်ရမှာဖြစ်ကြောင်း" ပြောသည်။
“လူထုက နေရာအနှံ့ဆန္ဒပြနေကြတယ်။ ဒီလိုအချိန်မှာအစိုးရအနေနဲ့၊ လွှတ်တော်အနေနဲ့ ပြည်သူရဲ့ ဆန္ဒကိုမျက်ကွယ်ပြုမနေပါနဲ့။ ကျွန်တော်တို့ တောင်းဆိုနေတာက အမှန်တရားရရှိဖိုပါ"ဟု ကိုအောင်မြင်က ပြောသည်။
ဆန္ဒထုတ်ဖော်ခဲ့ကြရာတွင် မန္တလေးမြို့မှ နိုင်ငံရေးအင်အားစုများသာမက ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့၊ မြစ်သား၊ မတ္တရာ၊တံတာဦး၊ သပိတ်ကျင်း၊ ကန့်ဘလူစသည့် မြို့နယ်များမှ တောင်သူများအပါအ၀င် အင်အား ၅၀၀ ခန့်မှ လူသတ်အစိုးရအလိုမရှိ၊ ဦးပိုင်ဝမ်ပေါင်အလိုမရှိ၊ လယ်သမားရန်သူ တို့ရန်သူ၊ အလုပ်သမား ရန်သူတို့ရန်သူ၊ ကျောင်းသားရန်သူတို့ရန်သူ၊ ပြည်သူရန်သူတိုရန်သူ၊ လက်ပံတောင်းအရေး ဖြေရှင်းပေး၊ လူသတ်ကောင်များ နုတ်ထွက်ပေးစသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ညောင်ရွှေ
ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးသည် တိုင်းရင်းသားများအတွက် လုံလောက်သော တွေ့ဆုံမှုမဟုတ်ကြောင်း အပါအ၀င် အချက်ခြောက်ချက်ကို အင်းတိုင်းရင်းသားများက ဇန်န၀ါရီ ၁ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၌ တောင်းဆိုဆန္ဒထုတ်ဖော်သည်။
မြန်မာတစ်နိုင်ငံလုံး၏ အရေးကိစ္စများ ဖြေရှင်းရန် အတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုသည် လုံလောက်သော တွေ့ဆုံမှုမဟုတ်ကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အချက်များ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က “ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို ကန့်ကွက်တာ ကျွန်တော်တို့ ပါတီရဲ့ သဘောထားမဟုတ်ပါဘူး၊ ကျွန်တော်တို့က ဘယ်နှစ်ပွင့် ပဲဖြစ်ဖြစ် တွေ့ဆုံမှုကို ကြိုဆိုပါတယ်”ဟု ဆိုသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် အင်းတိုင်းရင်းသား သုံးထောင်ကျော်က ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်း
စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ စိန်သရဖူအထပ်သားစက်ရုံမှ အလုပ်သမားတစ်ရာကျော်သည် ဇန်န၀ါရီ ၁ ရက်တွင် စက်ရုံကို သပိတ်မှောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။
အလုပ်ရှင်နှင့် အလုပ်သမားစာချုပ်ချုပ်ဆိုရေး ညှိနှိုင်းနေစဉ်တွင် အလုပ်ရှင်ဘက်က စာချုပ်တွင် လက်မှတ်မထိုးသူများကို အလုပ်ဆင်းခွင့်မပေးဟု ဆိုကာ စက်ရုံသို့ ၀င်ခွင့်မပေးခဲ့သဖြင့် အလုပ်သမားများမှာ စက်ရုံအပြင်ဘက်တွင် စောင့်ဆိုင်းနေရာမှ နေ့ခင်း ၂ နာရီခန့်တွင် ထိုင်သပိတ် လှုပ်ရှားမှုကို စတင်ခဲ့ခြင်းဖြစ်သည် ဟု ၎င်းက ပြောသည်။
ဦးအောင်လင်းက “အလုပ်သမားဝန်ကြီးဌာနက ညွှန်ချုပ်ဦးဝင်းရှိန်ကို အကြောင်းကြားထားပါတယ်။ အခုစက်ရုံပိုင်ရှင်ကလည်း နိုင်ငံခြားသားလို့ သိရပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ မူအရ နိုင်ငံသားအခွင့်အရေးကို ထိခိုက်မခံနိုင်ပါဘူး" ဟု ပြောကြားခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/36131-2015-01-01-19-41-29

လက်ပံတောင်းစီမံကိန်းခြံစည်းရိုး ဖျက်ဆီးမှုဖြင့် ဒေသခံတောင်သူများကို အမှုနှစ်မှုဖွင့်တိုင်ကြား

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း ကာရံထားသော ခြံစည်းရိုးများကို ဒီဇင်ဘာ ၂၉ ရက်တွင် ဖျက်ဆီးခဲ့မှု ဖြင့် ဒေသခံတောင်သူ ၂၀ ကျော်ကို ဆားလင်းကြီးမြို့နယ်ရဲစခန်း၌ အမှုဖွင့် တိုင်ကြားလိုက်ကြောင်း သတင်းရရှိသည်။
‘‘ကြေးနီစီမံကိန်း ခြံစည်းရိုး ဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး အမှုဖွင့် တိုင်ကြားခဲ့တာ နှစ်မှုရှိတယ်’’ဟု ဆားလင်းကြီးမြို့ မြို့မရဲတပ်ဖွဲ့ စခန်းတာဝန်ကျ ရဲအရာရှိတစ်ဦး က အတည်ပြုပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်ကဆည်တည်းကျေးရွာဟောင်းအနီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာကာရံထားသော ခြံစည်းရိုးအရှည် ကိုက် ၂၀၀ ခန့်ကို ဆည်တည်းကျေးရွာဟောင်းတွင် နေထိုင်သည့် ဦးခင်ငြိမ်း၊ ဦးစိုးသူ၊ ဒေါ်ရီရီဝင်း၊ ဒေါ်ဝင်းဝင်းဌေးတို့ ဦးဆောင်သော ကျေးရွာသူ ကျေး ရွာသား ၂၀ ခန့်က ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားစာ တွင် ဖော်ပြသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဥပဒေအရာရှိ ဦးအောင် မြင့်က တရားလိုပြုလုပ်၍ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ဆားလင်း ကြီးမြို့ မြို့မရဲတပ်ဖွဲ့စခန်းက (ပ)အမှတ် ၁၉၉/၂၀၁၄၊ ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ ၃၇၉၊ ၄၂၇ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
အလားတူ ဒီဇင်ဘာ၂၉ ရက်ည ၁၁ နာရီခန့်တွင် ရွှေလှေကျေးရွာအနီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာကာရံထားသည့် ခြံစည်းရိုးအရှည် ကိုက် ၁,၀၀၀ ခန့်ကို  ရွှေလှေကျေးရွာမှ မမာချိုဦးဆောင်သည့် ဒေသခံ ၅၀ ဦးခန့်က ဖျက်ဆီးခဲ့၍ အမှုဖွင့်တိုင်ကြားထားကြောင်းသိရသည်။
http://7daydaily.com/story/28342

အီဘိုလာရောဂါဖြစ်ပွားသူ နှစ်သောင်းကျော်ရှိ

အီဘိုလာဗိုင်းရပ်စ်သည် အနောက်အာဖရိကဒေသ၊ အထူး သဖြင့် ဆီယာရာလီယွန်နိုင်ငံ၌ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ကြောင်း နှင့် ကမ္ဘာတစ်ဝန်း၌ အီဘိုလာ ကူးစက်ခံရသူဦးရေမှာ ၂၀,၀၀၀ ကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ဒီဇင်ဘာ ၃၁ ရက်တွင် ပြောသည်။
စစ်ဆေးအတည်ပြုထားပြီး ဖြစ်သော အီဘိုလာကူးစက်ခံရသူ ဦးရေမှာ ၂၀,၂၀၆ ဦးရှိကြောင်းနှင့် ယင်းအနက် ၇,၉၀၅ ဦး သေဆုံး သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ဒီဇင်ဘာ ၃၁ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဒီဇင်ဘာ ၂၄ ရက်မှစ၍ ဆီ ယာရာလီယွန်နိုင်ငံ၌ အီဘိုလာ ထပ်မံကူးစက်ခံရသူပေါင်း ၃၃၇ ဦးရှိခဲ့ပြီး ယင်းအနက် ၁၄၉ ဦးမှာ မြို့တော်ဖရီးတောင်းမှ ဖြစ်သည်။
 ဆီယာရာလီယွန်နိုင်ငံ၌ အကူအညီ အရေးပေါ် လိုအပ်မှု ကြောင့် အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး USAID အဖွဲ့ သည် လိုက်ဘေးရီးယားမြို့တော်  မွန်ရိုဗီးယားမှ ဆီယာရာလီယွန် မြို့တော် ဖရီးတောင်းသို့ လူနာ တင်ယာဉ်နှစ်စီးကို လေယာဉ်ဖြင့် ပို့ပေးခဲ့ရသည်ဟု ကုလသမဂ္ဂက ပြောသည်။
 အီဘိုလာရောဂါသည် ၂၀၁၃ ဒီဇင်ဘာ ၂၈ ရက်တွင် ဂီနီနိုင်ငံ တောင်ပိုင်း၌ စတင်ဖြစ်ပွားခဲ့ပြီး တစ်နှစ်တာအတွင်း ရောဂါပိုး ကူးစက်ခံရသူပေါင်း ၂၀,၀၀၀ ကျော် မြင့်တက်သွားသည်။
ကမ္ဘာတစ်ဝန်း၌ အီဘိုလာ ရောဂါဖြစ်ပွားသည့် နိုင်ငံပေါင်း ကိုးနိုင်ငံရှိသည်ဟု သိရသည်။
အီဘိုလာရောဂါသည် လက်ရှိတွင် အနောက်အာဖရိကဒေသ ရှိ လိုက်ဘေးရီးယား၊ ဆီယာရာ လီယွန်နှင့် ဂီနီနိုင်ငံတို့၌ အပြင်း ထန်ဆုံး ဖြစ်ပွားလျက်ရှိပြီး ၂၀၁၅ နှစ်ကုန်အထိ ယင်းရောဂါ ဆက် လက် ရှိနေနိုင်သေးသည်ဟု ဘယ်လ်ဂျီယံသိပ္ပံပညာရှင် ပီတာ ပီးယက်က ပြောကြားခဲ့သည်။
လိုက်ဘေးရီးယား ပြည်သူ များ နှစ်သစ်ကူးအကြို ၀တ်ပြုဆု တောင်းပွဲများ တက်နိုင်စေရေး အီဘိုလာပျံ့နှံ့မှုကို ထိန်းချုပ်ရန် ရည်ရွယ်ပြဋ္ဌာန်းထားသည့် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို အစိုးရက ပယ်ဖျက်ပေး ခဲ့သည်။
—Ref: Reuters
http://7daydaily.com/story/28347

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာနှင့် တရားမျှတစွာ ဆောင်ရွက်သွားမည်ဟု ဦးတင်အေးပြောပြန်

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလက မဲများကို ရေတွက်နေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲပေးခြင်း ကို ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
ရွေးကောက်ပွဲတွင် ပြည် တွင်းပြည်ပမှ စောင့်ကြည့်လေ့ လာရေးအဖွဲ့များ ဖိတ်ခေါ်ပြီး လွတ်လပ်၍  တရားမျှတသော ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မှတ်ကျောက်တင်သွားမည်ဟုလည်း ဦးတင်အေးက ဆိုသည်။
ဒီဇင်ဘာ ၃၀ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြ၀တီခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံရာ၌ ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမကျင်းပမီ မဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ပြင်ပအဖွဲ့အစည်းများပါ    စစ်ဆေးကြည့်ရှုခွင့်ပြုမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှုမြှင့်တင်ရန် လူမှုအဖွဲ့အ စည်းများ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအား လေ့လာစစ်ဆေးခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်နေသည်။
ပြီးခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲများ နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ မှုမရှိခဲ့ကြောင်း ၀င်ရောက်ယှဉ် ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများက ထုတ်ဖော်ပြောကြားထားသည်။
‘‘၂၀၁၀ တုန်းကဆို ကြိုတင် မဲက ကျွန်တော်တို့ကို တော်တော် လေး ဒုက္ခပေးခဲ့ပါတယ်။ ကြိုတင် မဲကြောင့်ပဲနိုင်နေတဲ့ သူက ရှုံးသွားတာတွေရှိတယ်’’ဟု ဒီမိုကရက် တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
ကြိုတင်မဲပေးခြင်းနှင့် ပတ် သက်၍ လာမည့်ရွေးကောက်ပွဲ တွင်မူ တိတိကျကျသတ်မှတ်ပြ ဋ္ဌာန်းခြင်းများ ဆောင်ရွက်ပေး သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများအား ပြောဆိုထားသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို အောက်တိုဘာအကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။
http://7daydaily.com/story/28370#.VKYfSsnZGM8

အမြန်လမ်းတွင် တစ်နှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၁၅၀ ဦး သေဆုံး

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ၂၀၁၄  တစ်နှစ်တာအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၁၅၀ ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေ၀င်းက ပြောသည်။
၂၀၁၄ တစ်နှစ်တာအတွင်း ယာဉ်မတော်တဆမှု ၄၁၂ မှုရှိခဲ့ပြီး လူ ၁၅၀ ဦးသေဆုံးခဲ့ကာ၈၀၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို ဖြစ်ပွားမှုနှုန်းအရ ပျမ်းမျှအားဖြင့် အမြန်လမ်းတွင် တစ်ရက်လျှင်ယာဉ် မတော်တဆမှုတစ်ခု ဖြစ်ပွားနေသည်။
အမြန်လမ်းတွင် ယာဉ်မ တော်တဆမှုများလျော့နည်းစေ ရန် ယာဉ်မောင်းလိုင်စင်စစ်ဆေး ခြင်း၊ အရက်မူးတိုင်းကိရိယာဖြင့် စစ်ဆေးခြင်း၊ ယာဉ်လိုင်စင် စစ် ဆေးခြင်း၊ လုပ်ငန်းလိုင်စင် စစ် ဆေးခြင်း၊ မီးသတ်ဆေးဘူး စစ် ဆေးခြင်း၊ တာယာကြံ့ခိုင်မှု စစ် ဆေးခြင်း၊ ယာဉ်အောက်ပိုင်း ကြံ့ ခိုင်မှုစစ်ဆေးခြင်းများကို တစ်နှစ် ပတ်လုံး လုပ်ဆောင်ခဲ့ကြောင်း အ မြန်လမ်းရဲတပ်ဖွဲ့က ပြောသည်။
ယာဉ်မတော်တဆဖြစ်မှုများ တွင် အပြစ်ရှိသူများကို ၁၉၆၄ မော်တော်ယာဉ်ဥပဒေပုဒ်မ ၁၇/၆၄ ဖြင့် အရေးယူ၍ ပုဒ်မ ၂၁/၆၄ ဖြင့်တရားစွဲဆိုလျက်ရှိရာ ဒဏ်ငွေ ၁,၅၀၀ ကျပ်ပြစ်ဒဏ်ချမှတ်ပြီး ဒဏ်ငွေမဆောင်ပါက အလုပ်မဲ့ ထောင်ဒဏ်တစ်လချမှတ်လျက်ရှိ သည်။ ရာနှုန်းပြည့်ဒဏ်ငွေပေး ဆောင်ခဲ့ကြသော်လည်း ဒဏ်ငွေ နည်းသဖြင့် ဥပဒေကို လေးစားမှု အားနည်းကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်တွင် ကားမတော် တဆဖြစ်ပွားမှုများ မကြာခဏဖြစ်ပေါ်နေပြီး ဖြစ်ပွားပါက ခရီးသွား ပြည်သူများအနေဖြင့် Hotline နံပါတ် ၁၈၈၀ သို့ အရေးပေါ်ချက် ချင်းခေါ်ဆိုနိုင်သည်ဟု ထုတ်ပြန် ထားသော်လည်း ခေါ်ရခက်ကြောင်းခရီးသွားပြည်သူများက ဆိုသည်။
http://7daydaily.com/story/28356#.VKYf0snZGM8

သစ်တောဝန်ထမ်းများ အသတ်ခံရခြင်းနှင့်ပတ်သက်၍ အစိုးရတပ်နယ်မြေရှင်းလင်းစဉ် RCSS နှင့် တိုက်ပွဲဖြစ်

သစ်တောဝန်ထမ်းများ ပစ်ခတ်တိုက်ခိုက်မှု ခံရသည့်ဖြစ် စဉ်နှင့်ပတ်သက်၍ နယ်မြေရှင်း လင်းမှု ပြုလုပ်သော အစိုးရတပ် နှင့် ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ( RCSS, SSA) တပ် များ ဒီဇင်ဘာ ၃၁ ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သတင်းရရှိ သည်။သစ်တောဝန်ထမ်းများ ပစ် ခတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ဒီဇင်ဘာ ၃၁ ရက် နံနက် ၉ နာရီမိနစ် ၄၀ တွင် ပန်တ၀ိ၊ ၀မ်ဖလောင်းအခြေစိုက် ခြေလျင် တပ်ရင်းက
နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။ တောင်ယာတဲတစ်လုံးကို ၀င်ရောက်ရှင်းလင်းရာ SSA (ရွက်ဆစ်)အဖွဲ့နှင့် တွေ့ဆုံတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ ယင်းဖြစ်စဉ်အတွင်း SSA (ရွက်ဆစ်)အဖွဲ့မှ အလောင်းတစ်လောင်းအပါအ၀င် လက်နက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ကြောင်းမြန်မာ့တပ်မတော် သတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှထံသို့ ဆက်သွယ်မေးမြန်းရာ ခရီးထွက်ရာမှ ပြန်ရောက်ခါစဖြစ်၍ အခြေအနေအသေးစိတ်ပြောဆို နိုင်ခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။
‘‘တိုက်ပွဲဖြစ်စဉ် အသေးစိတ် မသိရသေးလို့ပါ’’ဟု ဗိုလ်မှူးကြီး စိုင်းလှက ဆိုသည်။
ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်(RCSS/SSA) သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ၂၀၁၁ ဒီဇင်ဘာက ရေးထိုးထားခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်က လင်းခေးမြို့နယ်အတွင်း သစ်တောဝန်ထမ်းလေးဦး အသတ်ခံရမှုနှင့်ပတ်သက်၍ RCSS/SSA အပေါ် စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။ RCSS/SSA ကမူယင်းစွပ်စွဲချက်များမှာ အခြေအမြစ်မရှိဘဲ သက်သေအထောက်အထားများပြသရန် တောင်းဆိုထားသည်။
http://7daydaily.com/story/28359#.VKYfvsnZGM8

စီအင်န်ဂျီဈေး နှစ်ဆခန့်တိုးမြှင့်ဖွယ်ရှိ

စီအင်န်ဂျီဖြည့်နေသည့် ခရီးသည်တင်ယာဉ်တစ်စီး-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
 သဘာဝဓာတ်ငွေ့ (CNG)ဈေးနှုန်းကို ၂၀၁၅ နှစ်သစ်တွင် နှစ်ဆခန့်ပြောင်းလဲတိုးမြှင့်နိုင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။
‘‘၂၀၁၅ ထဲမှာပဲ ပြောင်းလဲမှု ရှိလာမှာပါ။ အခုနိုင်ငံတော်က ၇၅ ရာခိုင်နှုန်းလောက် အရှုံးခံနေ ရတာကို ၅၀ ရာခိုင်နှုန်းလောက်ပဲ အရှုံးခံစိုက်ထုတ်ရလောက်တဲ့ အထိ လုပ်သွားဖို့ရှိပါတယ်’’ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ရောင်းချမှုဌာန (ရုံးချုပ်)မှ အကြီးတန်းအရာရှိတစ် ဦးက ပြောသည်။
လက်ရှိရောင်းချနေသော ဈေးနှုန်းထက် အနည်းဆုံးနှစ်ဆ ခန့်တိုးမြှင့်သွားရန်စီစဉ်နေပြီး နိုင်ငံတော်က အရှုံးခံရောင်းချပေး နေသည့် ပမာဏထက် ထက်ဝက် ခန့်လျှော့ချသွားရန် ရည်ရွယ်ထား သည်။
အဆိုပါသဘာဝဓာတ်ငွေ့ ဈေးတိုးမြှင့်ရန် ၂၀၁၄ စက်တင် ဘာခန့်က သတင်းများထွက်ပေါ် ခဲ့ပြီး ဝေဖန်မှုများလည်းရှိခဲ့ကာ စွမ်းအင်ဝန်ကြီးဌာနက လွှတ်တော် သို့တင်ပြပြီးမှသာ ပြောင်းလဲသွား မည်ဟု ပြန်လည်ရှင်းလင်းခဲ့ သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ယခုလအတွင်း   ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် ခွင့်ပြုချက်တင်ပြတောင်းခံနိုင်ပြီး ခွင့်ပြုပါက ပြောင်းလဲသတ်မှတ် နိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် စီအင်န်ဂျီ ဈေးနှုန်းမှာ တစ်လီတာလျှင် ၂၇၃ ကျပ်ခန့်ရှိပြီး နိုင်ငံတကာပေါက် ဈေးထက် ထက်ဝက်ခန့်နည်းပါး နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ဈေးနှုန်းပြောင်းလဲ သတ်မှတ်ပါက အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ်များ၏ ယာဉ် စီးခနှုန်းမှာလည်း လိုက်ပါပြောင်း လဲနိုင်ကြောင်း ယာဉ်မောင်းများ က ဆိုသည်။
‘‘CNG ဈေးတက်ရင် ယာဉ် လိုင်းကတစ်ခုခုဆုံးဖြတ်မှာပေါ့။ ယာဉ်စီးခတက်ဖို့များပါတယ်’’ဟု စီအင်န်ဂျီတပ်ဆင်ထားသော မီနီ ဘတ်စ်ယာဉ်မောင်းဦးတင်ဦး သိန်းက ပြောသည်။
စီအင်န်ဂျီတပ်ဆင်ထား သော ခရီးသည်ယာဉ်လိုင်းအချို့ မှာ ယခင်ကပင်  ယာဉ်စီးခပိုမို တောင်းခံမှုများရှိနေသည့်အတွက် စီအင်န်ဂျီဈေး   တက်ခြင်းကို အကြောင်းပြ၍ ယာဉ်စီးခထပ်မံ တိုးမြှင့်တောင်းခံလာပါက ခရီး သည်များသာ နစ်နာမှုများကြုံ တွေ့နိုင်ကြောင်း အင်းစိန်မြို့နယ် နေ ဦးလှဌေးက ဆိုသည်။
ရန်ကုန်မြို့တွင် စီအင်န်ဂျီ သုံးယာဉ်အစီးရေ စုစုပေါင်းနှစ် သောင်းကျော်ရှိပြီး သဘာဝဓာတ် ငွေ့အရောင်းဆိုင် ၄၀ ကျော်မှ တစ်လလျှင် ကုဗပေသန်းပေါင်း ၆၀၀ ကျော်ရောင်းချပေးနေ ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ  သိရသည်။
http://7daydaily.com/story/28360#.VKYfu8nZGM8

The Interview ဇာတ်ကားကို သံတမန်ဆက်ဆံရေး မထိခိုက်ပါက ပြခွင့်ပြုမည်ဟုဆို

လော့စ်အန်ဂျလိစ်မြို့ The Los Feliz 3 ရုပ်ရှင်ရုံတွင် The Interview ရုပ်ရှင်ဇာတ်ကားပိုစတာ ချိတ်ဆွဲထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)
 မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်အား လုပ်ကြံ သတ်ဖြတ်သည့်အကြောင်း ရိုက် ကူးထားသော ဟာသရုပ်ရှင် The Interview ဇာတ်ကားကို မြောက် ကိုရီးယားနှင့် သံတမန်ဆက်ဆံ ရေးမထိခိုက်ပါက ပြသခွင့်ပြုသွား မည်ဟု မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်ကပြောသည်။
‘‘နိုင်ငံနှစ်နိုင်ငံရဲ့ သံတမန် ဆက်ဆံရေးရော ပြည်သူအတွက် အကျိုးမရှိရင်တော့ ပြခွင့်မပြုပါ ဘူး’’ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် The Interview ဇာတ်ကား ရုံတင်ပြသ ရန် ယခုအချိန်အထိ အစီအစဉ်မရှိ ကြောင်း အကြီးဆုံးရုပ်ရှင်ရုံအုပ်စု ဖြစ်သည့် မင်္ဂလာရုပ်ရှင်ရုံအုပ်စု မှ တာဝန်ရှိသူတစ်ဦးက  7 Day Daily ၏ မေးမြန်းမှုကို ဇန်န၀ါရီ ၁ ရက်တွင် ဖြေကြားသည်။
‘‘The Interview ဇာတ်ကား ပြဖို့ ခုချိန်ထိတော့ ဘာမှ မစီစဉ်ရသေးပါဘူး။ sony နဲ့လည်း အလုပ်မလုပ်ဖူးပါဘူး။ အဲဒါကြောင့်ပြဖို့ အစီအစဉ် မရှိလောက်ဘူး’’ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရုပ်ရှင်ပြသရန် တင်သွင်းကုမ္ပဏီ အနည်းငယ်သာ ရှိသကဲ့သို့ Property Right ယူရသော ကြောင့် ဇာတ်ကားတစ်ကားပြသ ခွင့်ရရှိရန် အရင်းအနှီးများပြီး တင်သွင်းနိုင်မှသာ ၎င်းတို့ဘက်မှ ဆင် ဆာကြည့်ပေးရသည်ဟုဆိုသည်။
သို့သော် ယင်းရုပ်ရှင်ဇာတ် ကားကို အွန်လိုင်းမှ ဖြန့်ချိပေး သောကြောင့် မြန်မာပရိသတ်အ များစုမှာ အွန်လိုင်း၌ ကြည့်ရှုနိုင် ကြပြီဖြစ်သည်။
The Interview ဇာတ်ကား ကို အမေရိကန်ဒေါ်လာ ၄၄ သန်း ခန့်အကုန်အကျခံရိုက်ကူးထားပြီး ဂျိမ်းစ်ဖရန်ကိုနှင့် ဆက်သ်ရိုဂန် တို့ အဓိကပါဝင်သရုပ်ဆောင် ထားသည်။ ယင်းဇာတ်ကားတွင် ၎င်းတို့နှစ်ဦးသည် နာမည်ကျော် ကြားသူများအား တွေ့ဆုံမေး မြန်းသော သတင်းထောက်များအဖြစ် သရုပ်ဆောင်ထားပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် အင်တာဗျူးလုပ်နိုင်ရန် ကြိုးပမ်း၍ အင်တာဗျူးရရှိပြီးနောက်ကင်ဂျုံအန်အားလုပ်ကြံရန် စီ အိုင်အေ၏ ညွှန်ကြားခြင်းကို ခံရသူများအဖြစ် သရုပ်ဆောင်ထားသည်။ 
http://7daydaily.com/story/28361#.VKYfs8nZGM8

လက်ပံတောင်းအရေး အစိုးရ ဖြေရှင်းပေးရန် မန္တလေးတွင် ဒုတိယအကြိမ် ဆန္ဒပြတောင်းဆို

လက်ပံတောင်းတောင်အရေး အစိုးရဖြေရှင်းပေးရန် မန္တလေးတွင် ဆန္ဒထုတ်ဖော်ကြစဉ် (ဓာတ်ပုံ−မောင်တာ)
 လက်ပံတောင်းတောင် အရေး စုံစမ်းစစ်ဆေးရေးကော် မတီ၏ အစီရင်ခံစာပါ အချက်များအတိုင်း တိကျစွာ လိုက်နာဆောင် ရွက်ပေးရန်နှင့် ဒေသခံတောင်သူ တစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ မှုကို  ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူပေးရန် ရာချီသော ပြည်သူများက  မန္တလေးမြို့တွင် ဇန်န၀ါရီ ၁ ရက်က ဆန္ဒထုတ် ဖော်တောင်းဆိုခဲ့ကြသည်။
ဆန္ဒထုတ်ဖော်တောင်းဆို ရာတွင်   မန္တလေးမြို့မှ   ဆရာ တော်   သံဃာတော်များ၊   နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူများနှင့် မန္တလေးမြို့ခံမဟုတ်သော အခြား မြို့ရွာများမှ တောင်သူအချို့က ပါ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ ကြသည်ကို တွေ့ရသည်။
စုံစမ်းစစ်ဆေးရေးကော်မ တီ အစီရင်ခံစာပါ အချက်များအ တိုင်း တိကျစွာလိုက်နာဆောင် ရွက်ပေးရန်၊ ဒေသခံတောင်သူ ဒေါ်ခင်ဝင်းသေနတ် ထိမှန်သေ ဆုံးခဲ့မှုအတွက် သတ်ဖြတ်သူများ ကို  ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးရန်နှင့် လျော်ကြေး ငွေရယူခြင်း မရှိသေးသည့် မြေ ယာများပေါ် အတင်းအဓမ္မခြံ စည်းရိုးခတ်၍ မြေသိမ်းယူနေခြင်း များ   ရပ်ဆိုင်းပြီး ခြံစည်းရိုး ခတ်ထားမှုများ ဖြုတ်သိမ်းပေးရန် စသည့်အချက်များအပါအ၀င် အချက်ငါးချက်ကို ဆန္ဒထုတ်ဖော် သူများက တောင်းဆိုခဲ့ကြသည်။
‘‘ကျွန်တော်တို့က ငြိမ်းချမ်း စွာ ဆန္ဒထုတ်ဖော်ပြီး တောင်းဆို နေတာပါ။ ဒါကပြည်သူ့အသံပါ ပဲ။ အစိုးရအဖွဲ့အနေနဲ့က ဒါကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ဖြေ ရှင်းပေးဖို့ လိုပါတယ်။ လက်ပံ တောင်းကိစ္စကို အစိုးရက တာဝန် ယူဖြေရှင်းပေးမှုတွေ မလုပ်မချင် ကျွန်တော်တို့က ဆက်လက်ဆန္ဒ ထုတ်ဖော်တောင်းဆိုသွားမှာ ဖြစ် ပါတယ်’’ဟု မန္တလေးဆန္ဒထုတ် ဖော်ပွဲ ဦးဆောင်ပါဝင်သ ကိုသိန်း အောင်မြင့်ကပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်ကလည်း လက်ပံတောင်း တောင်အရေး အစိုးရ ဖြေရှင်း ပေးရန်    မန္တလေးမြို့ခံများက ပထမအကြိမ် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ပြီး ဖြစ်သည်။
ဆန္ဒထုတ်ဖော်သူများသည် ပြည်သူ့ဆန္ဒကို ငြိမ်းချမ်းစွာထုတ် ဖော်ပြသခြင်းသာဖြစ်သည့်အ တွက် အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်သွားမည်မဟုတ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြီးစိန်ထွန်းက ဒီဇင်ဘာ ၂၇ ရက် တွင် ပြောသည်။
http://7daydaily.com/story/28362#.VKYfocnZGM8

သျှားထွဋ်အိန္ဒြာကို မြန်မာ့ပထမဆုံး မယ်စကြ၀ဠာပြိုင်ပွဲဝင် ဒေါ်သန်းသန်းအေး လာရောက်ကြိုဆို

မယ်စကြ၀ဠာပြိုင်ပွဲဝင် ရန် အမေရိကန်နိုင်ငံသို့ သွား ရောက်သည့် သျှားထွဋ်အိန္ဒြာကို မြန်မာနိုင်ငံမှ မယ်စကြ၀ဠာပြိုင်ပွဲသို့ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ သည့် ဒေါ်သန်းသန်းအေးကိုယ် တိုင် ဖလော်ရီဒါလေဆိပ်တွင် လာရောက်ကြိုဆိုခဲ့သောကြောင့် ပျော်ရွှင်ခဲ့ရကြောင်း    ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်  ရေး သားထားသည်။
သျှားထွဋ်အိန္ဒြာသည် မြန် မာနိုင်ငံမှ ဒီဇင်ဘာ ၂၉ ရက်တွင် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဖလော်ရီဒါ လေဆိပ်သို့ ဒီဇင်ဘာ ၃၁ ရက် နေ့လယ်က ရောက်ရှိခဲ့ခြင်းဖြစ် ကာ ဖလော်ရီဒါရောက် မြန်မာ မိသားစုများက လာရောက်ကြိုဆို ခဲ့ခြင်းဖြစ်သည်။
‘‘အခုလို နွေးနွေးထွေးထွေး နဲ့ အားတက်သရောလာရောက် ကြိုဆိုပေးတဲ့ ဖလော်ရီဒါမှ မြန်မာ မိသားစုများကို အထူးပဲ ကျေးဇူး တင်ပါတယ်ရှင်’’ ဟု သျှားထွဋ် အိန္ဒြာက ဖေ့စ်ဘွတ်ခ်တွင် ရေး သားထားသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ဒိုဟာ သို့ အသွားတွင် သီတဂူဆရာ တော်ကြီးကို ဖူးမြော်ခွင့်ရရှိခဲ့ပြီး  ဖလော်ရီဒါလေဆိပ်တွင် ဖလော် ရီဒါရောက် မြန်မာမိသားစုများနှင့် အတူ ဒေါ်သန်းသန်းအေးကိုယ် တိုင် လာရောက်ကြိုဆိုခဲ့ခြင်း ကြောင့် ပျော်ရွှင်ခဲ့ရကြောင်း ၎င်း က ရေးသားထားသည်။
ဒေါ်သန်းသန်းအေးသည် ၁၉၅၉ တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် မယ်စကြ၀ဠာ ပြိုင်ပွဲကို ပထမဆုံး ပါဝင်ယှဉ်ပြိုင် ခဲ့သူဖြစ်သည်။
‘‘အဲဒီအန်တီက ဖလော်ရီဒါ မှာနေတာမဟုတ်ဘူး။ အဲဒီမှာ ရောက်နေတဲ့ မြန်မာတွေသွားခေါ် ပြီး သျှားကို အံ့သြသွားအောင် လုပ်ကြတာ။ အစ်မကတော့ အဲဒီ အစီအစဉ်ကို အရင်ကတည်းက သိတယ်။ သျှားကိုတော့ အံ့သြ သွားအောင် မပြောဖြစ်တာ’’ ဟု မယ်စကြ၀ဠာမြန်မာ၏ National Dierctor ဒေါ်စိုးယုဝေက ပြော သည်။
ဖလော်ရီဒါမြန်မာအဖွဲ့က ယင်းအစီအစဉ်ကို စီစဉ်ခဲ့ခြင်းဖြစ် ကာ လာရောက်ကြိုဆိုသူများ တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီး   စုစုပေါင်း   ငါးဆယ်ခန့်ရှိ ကြောင်း ၎င်းကပြောသည်။
http://7daydaily.com/story/28364#.VKYfkMnZGM8

စိတ်မပါလို့ အကယ်ဒမီပွဲ မတက်ခဲ့တာဆိုတဲ့ ခန့်စည်သူ

 မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးမှ ပထမဆုံးအကြိမ်ပြု လုပ်ခဲ့သော ကျင်းပပြီးစီးခဲ့သည့် အကယ်ဒမီဆုပေးပွဲသို့ တက် ရောက်ရန် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သော်လည်း စိတ်မပါသ ဖြင့် ပွဲမတတ်ခဲ့ခြင်းဖြစ်ကြောင်း အကယ်ဒမီ ခန့်စည်သူက ဆို သည်။
၎င်းပါဝင်သရုပ်ဆောင်ထား သည့် ကိုယ့်အထာနှင့် ကိုယ့်ဇာတ် ကားမှာ အကယ်ဒမီဆန်ခါတင် ခြောက်ကားတွင် ပါဝင်ခဲ့သော် လည်း ဆုမရရှိခဲ့ပေ။ ကိုယ်တိုင် မတက်ရောက်ဖြစ်ခဲ့သလို ရုပ်မြင် သံကြားမှလည်း မကြည့်ဖြစ်ခဲ့သ ဖြင့် မည်သည့်ပုံစံနှင့် ကျင်းပခဲ့ ကြောင်း ခန့်စည်သူက ဆိုသည်။
အကယ်ဒမီဆုပေးပွဲပြီးခဲ့ သော်လည်း ဝေဖန်မှုများရှိခဲ့သည့် အပေါ်    အနုပညာရှင်တစ်ဦး အနေနှင့် မည်သို့သုံးသပ်ပေးချင် သနည်းဆိုသည်ကို ‘‘အကယ်ဒမီ ပေးပွဲကို မတက်ခဲ့တော့ ဘာမှကို စိတ်မ၀င်စားမသိပါဘူး’’ဟု ၎င်း က ပြောသည်။
အကယ်ဒမီခန့်စည်သူသည် ၂၀၁၅တွင် ဟာသရုပ်ရှင် ဇာတ်ကားသုံးကား    ရိုက်ကူးရန်ရှိပြီး ယင်းဇာတ်ကားထဲ၌ ဟာသ ဆို သော်လည်း ပရိသတ်ထံမတူညီ သည့်    ရသများပေးသွားမည်ဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် ညီအစ်မလေး ဖော်ယူနိုက်တက်ဇာတ်ကားကို သရုပ်ဆောင် ယုသန္တာတင်၊ မေ၊ ဆုမြတ်နိုးဦး၊ ရွှေပိုးအိမ်တို့နှင့် ရိုက်ကူးနေကြောင်း သိရသည်။
သရုပ်ဆောင် ခန့်စည်သူ သည် ၂၀၀၈ အတွက် ပေးအပ် သည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အများနှင့်မသက်ဆိုင်သောသူ ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူ ဖြစ် သည်။
http://7daydaily.com/story/28365#.VKYfhsnZGM8

နိုင်ငံရေးအင်အားစုအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်မည့် ရွေးကောက်ပွဲ ၂၀၁၅ တွင် ကျင်းပနိုင်မည်ဟု သမ္မတဦးသိန်းစိန်ပြော

သောက်ရေခပ် ၂ ရေအားလျှပ်စစ်စီမံကိန်းဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်)
လွတ်လပ်ရေးရပြီး နောက်ပိုင်း အဓိကကျသော နိုင်ငံရေးအင်အားစုများအားလုံး အင်တိုက်အားတိုက်ပါဝင်ယှဉ်ပြိုင်နိုင်မည့် ရွေးကောက်ပွဲကို ၂၀၁၅ တွင် ပထမဆုံးအကြိမ် ကျင်းပနိုင်မည်ဖြစ်ကြောင်း နိုင်ငံ တော်သမ္မတဦးသိန်းစိန်ကပြော ကြားလိုက်သည်။
သို့သော် မြန်မာနိုင်ငံ၏ အဓိ ကနိုင်ငံရေးအင်အားစုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကမူ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ရေးကိစ္စကို ယတိ ပြတ်ပြောကြားထားခြင်းမရှိသေး ပေ။
‘‘ရွေးကောက်ပွဲကို ဘယ် တော့ကျင်းပမလဲ၊ ကျင်းပမယ်ဆို တာ တရားဝင်ကြေညာတဲ့အခါ ကျရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ဒီရွေးကောက်ပွဲမှာ ဝင်ပြီးတော့ ယှဉ်ပြိုင်မှာလား၊ မ ယှဉ်ပြိုင်ဘူးလားဆိုတာ တရားဝင်ကြေညာမှာဖြစ်ပါတယ်။ အခုအချိန်က သိပ်စောပါသေးတယ်’’ဟု ဒီဇင်ဘာ ၃၀ ရက်တွင်ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က ပြောကြားထားသည်။
နိုင်ငံရေးအင်အားစုများ အနေဖြင့် ရွေးကောက်ပွဲနည်းလမ်းဖြင့်သာ နိုင်ငံရေးအဖြေကို ရှာဖွေပြီး မှန်ကန်သောနိုင်ငံရေး ရွေးချယ်မှုများပြုလုပ်ရန် ကြိုးပမ်းနေသည့် အခြေအနေများကြောင့် ၂၀၁၅သည် နိုင်ငံရေးအရ ထူးခြားမှုရှိမည့်နှစ် ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောသည်။
‘‘သမ္မတက သူဖြစ်ချင်တာ ကိုပြောတာ၊ သူ့မျှော်မှန်းချက်ကို ပြောတာပေါ့။ ဒါပေမဲ့ ဒေါ်အောင် ဆန်းစုကြည်ပြောထားတဲ့အတိုင်း ဆိုရင်တော့ ဒီလိုအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဆိုတာ ဖြစ်လာနိုင် ဖို့မသေချာသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေဆိုတာ တကယ့်ကို အရေးကြီးပါတယ်။ ဒီကိစ္စမှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့လည်း ပတ်သက်မှုရှိနေပါတယ်’’ဟု နိုင်ငံရေးသုံးသပ်ဆောင်းပါးများရေးသားသူ ဆောင်းပါးရှင် စည်သူအောင်မြင့်ကပြောသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးသည် အရေး ကြီးသောအခန်းကဏ္ဍဖြစ်ပြီး လွှတ်တော်တွင်းပြင်ဆင်ရေးလုပ် ငန်းမအောင်မြင်ပါက တစ်ကျော့ ပြန်ဒီမိုကရေစီအရေးတော်ပုံကို ပင် ဦးတည်သွားနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေဦးကိုနီ ကပြောကြားထားသည်။
လွတ်လပ်ရေးရပြီးကာလ နောက်ပိုင်းဖြစ်ပေါ်ခဲ့သည့် နိုင်ငံ ရေး သမိုင်းကြောင်းများအရ ကျင်းပခဲ့သောရွေးကောက်ပွဲတိုင်းတွင် အဓိကကျသောနိုင်ငံရေး အင်အားစုတစ်ရပ်၏ ဆန့်ကျင်မှု၊ မပါဝင်မှုကို အမြဲတစေကြုံတွေ့ခဲ့ ရကာ နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်သော အခြေအနေမျိုး ဖန်တီးနိုင်ခဲ့ခြင်းမရှိကြောင်း နိုင်ငံ တော်သမ္မတကပြောသည်။
ရွေးကောက်ပွဲဖြင့် တက် ရောက်လာသော အစိုးရသမိုင်း အဆက်ဆက်တွင် လက်ရှိအာ ဏာတည်မြဲရေးအတွက် အတိုက် အခံဖြစ်လာနိုင်သည့်အဖွဲ့အစည်းများအကျပ်အတည်းပေါ်ပေါက် စေရန် လုပ်ဆောင်မှုများရှိခဲ့၍ ဖဆပလခေတ် ရွေးကောက်ပွဲများမှ ၂၀၁၀ ရွေးကောက်ပွဲအထိ အတိုက်အခံများ ပါဝင်မှုနည်းပါးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းကပြောသည်။
လက်ရှိအခြေခံဥပဒေအရ ကျင်းပသော ၂၀၁၀ ရွေးကောက် ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ အင်န်အယ်လ်ဒီအနေ ဖြင့် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ပြီး ၁၉၉၀ ၌ ကျင်းပပြုလုပ်ခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရခဲ့သော်လည်း တပ်မတော်အစိုးရက အာဏာလွှဲပြောင်းပေးခဲ့ခြင်းမရှိပေ။
http://7daydaily.com/story/28387

ရန်ကုန်တိုင်း တရားလွှတ်တော်တွင် လွှင့်ထူထားသည့် ကဒေါင်းပါ သုံးရောင်ခြယ်အလံ လက်သည်မပေါ်သေး

ရန်ကုန်တိုင်းတရားလွှတ်တော်တွင် ကဒေါင်းပုံပါသုံးရောင်ခြယ်အလံလွှင့်ထူထားသည်ကို ၂၀၁၅ ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ရန်ကုန်မြို့လယ်ရှိ တိုင်း ဒေသကြီး တရားလွှတ်တော်၌ ဇန်နဝါရီ ၁ ရက်က နိုင်ငံတော် အလံအစား ‘‘ကိုးမြီးကွက် ကဒေါင်း’’ ပုံစံပါသည့်သုံးရောင် ခြယ်အလံကိုလွှင့်ထူထားပြီး လူ အများသတိထားမိချိန်တွင် ပြန် လည်ဖြုတ်သိမ်းသွားခဲ့သည်။အဆိုပါအလံကို မဟာဗန္ဓု လလမ်းအတွင်းရှိ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် (ဟိုက်ကုတ်)တစ်ခုတည်းတွင် သာ လွှင့်ထူထားခြင်းဖြစ်ပြီး အနီး နားရှိ မြို့တော်ခန်းမအပါအဝင် အစိုးရအဆောက်အအုံအားလုံး ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် သုံး ရောင်ခြယ်ပေါ်၌ ကြယ်ဖြူပါရှိ သည့် နိုင်ငံတော် အလံကိုသာ လွှင့်ထူထားခဲ့သည်။
‘‘ကိုးမြီးကွက်ကဒေါင်း’’ပုံစံ ပါသည့် သုံးရောင်ခြယ်အလံလွှင့်ထူထားမှုကို ရန်ကုန်မြို့တော်ခန်းမရှေ့ တစ်သုံးလုံး (၁ လပိုင်း ၁ ရက် နေ့လယ် ၁ နာရီအချိန်)အထိမ်းအမှတ်ဆန္ဒပြသူများက စတင် သတိထားမိသွားခြင်းဖြစ်သည်။ ယင်းနောက်မှ အနီးနားရှိပြည်သူ များ၊ အာဏာပိုင်များနှင့် တရား လွှတ်တော်ဝင်းအတွင်းရှိ ဝန်ထမ်းများက သိရှိခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်စကားပြောရင်း လှမ်းကြည့်တော့ အလံကတစ်မျိုး ဖြစ်နေတယ်။ တို့အမျိုးသားအလံ ဖြစ်နေတယ်ဆိုပြီး ထူးထူးခြားခြား သတိထားမိသွားတာ’’ဟု ‘‘ကိုးမြီး ကွက်ကဒေါင်း’’ ပုံစံပါသည့် သုံး ရောင်ခြယ်အလံလွှင့်ထူထားခြင်း ကို စတင်သတိထားမိခဲ့သည့် ဆန္ဒပြလှုပ်ရှားသူ ဘိုးတော်ဦးခင် ဝင်းက ပြောသည်။
ဆန္ဒပြသူများနှင့် အနီးအနား မှ ပြည်သူများစတင်သတိထားမိ သွားပြီးနောက် လွှင့်ထူထားသည့် အဆိုပါအလံကို မွန်းလွဲ ၂ နာရီ နှင့် ၂၂ မိနစ်တိတိတွင် ပြန် လည်ဖြုတ်သိမ်းသွားခဲ့သည်။
သို့သော် ယင်းအလံကို မည်သူက အဆောက်အအုံထိပ် အလံတိုင်တွင် လွှင့်ထူသွားသည်ကိုမူလက်သည်တရားခံ မသိရသေးပေ။
မြန်မာ့သမိုင်းတစ်လျှောက် ပဒေသရာဇ်မင်းများနှင့် ကိုလိုနီ ဆန့်ကျင်ရေး၊ စစ်အစိုးရစနစ် ဆန့်ကျင်ရေးနှင့် ကျောင်းသား လှုပ်ရှားမှုများတွင် ဒေါင်းအရုပ်ပါ သည့်အလံကို ပုံစံမျိုးစုံဖြင့် အသုံး ပြုလေ့ရှိသည်။
ကနေသည့်ဒေါင်း၏ အမြီး တွင် အကွက်ကိုးကွက်ပါသည့် ‘‘ကိုးမြီးကွက်ကဒေါင်း’’ ပုံစံပါ သည့် သုံးရောင်ခြယ်အလံပုံစံမျိုး သည် ၁၉၄၁ − ၁၉၄၂ အတွင်း အသုံးပြုခဲ့သည့် ဗမာ့လွတ်လပ် ရေးတပ်မတော် (ဘီအိုင်အေ)အလံများအနက် တစ်ခုဖြစ်သည်။
 ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တွင် ၂၀၁၅ ဇန်နဝါရီ ၁ ရက်က လွှင့်ထူထား သည့်အလံသည် ဗမာ့လွတ်လပ် ရေးတပ်မတော် (ဘီအိုင်အေ) အလံအမှတ် (၃)နှင့် အနီးစပ်ဆုံး တူညီမှုရှိသည့်အလံဖြစ်သည်။
အဆိုပါအလံသည် ဗမာ့ လွတ်လပ်ရေး တပ်မတော်က ရန်ကုန်မြို့ကိုသိမ်းပိုက်ပြီးနောက် အသုံးပြုခဲ့သည့် အလံဖြစ်ဖွယ်ရှိကြောင်း ၁၉၉၅ ခုနှစ်တွင် မြန်မာ့တပ်မတော် စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူးရုံးက ထုတ်ဝေသည့်တပ်မတော် သမိုင်းမှတ်တမ်းစာအုပ်၌ ရေးသားထားသည်။
ယင်းအလံကို တို့ဗမာအစည်းအရုံးအလံမှ သုံးရောင် ခြယ် (ဝါ၊ စိမ်း၊ နီ)ပုံစံကိုယူပြီး တူတံစဉ်အစား ကိုးမြီးကွက်ကဒေါင်းပုံ ပြုလုပ်ထားခြင်းဖြစ် ကြောင်း အဆိုပါတပ်မတော် သမိုင်းမှတ်တမ်းစာအုပ်တွင် ရေး သားထားသည်။
ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တွင် အလံ ပြောင်းလဲလွှင့်ထူထားသည့် အကြောင်းရင်းကို သေချာစွာမသိ ရှိရသေးဘဲ တရားလွှတ်တော်ရုံး အတွင်းသို့ မေးမြန်းရန်ဝင်ရောက် ခဲ့သည့် သတင်းထောက်များကိုလည်း ပထမအထပ်မှ ဝန်ထမ်းများက အပြင်ပြန်ထွက်ရန်ညွှန်ကြားခဲ့သည်။
အစိုးရသစ်လက်ထက်နိုင်ငံ တော်အလံအသစ်ပြန်ပြောင်းပြီး နောက်တွင် နိုင်ငံတော်အလံ မှားယွင်းလွှင့်ထူမှုမကြာခဏဖြစ် ပွားခဲ့ဖူးသည်။ နိုင်ငံတော်အလံကို အထက်အောက်ပြောင်းပြန်လွှင့် ထူမှုများသည် ၂၀၁၂ နိုဝင်ဘာ အတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ညီလာခံနှင့် ၂၀၁၃ မေလအတွင်း က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဆွစ်ဇာလန် အထက်လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံပွဲတို့၌ ဖြစ်ပွားခဲ့ဖူးသည်။
http://7daydaily.com/story/28383

လက်ပံတောင်းတစ်ကျော့ပြန်ပဋိပက္ခတွင် တရုတ်နိုင်ငံသားကိုးဦး ဒဏ်ရာရခဲ့၍ တောင်သူများကို အမှုဖွင့်

လက်ပံတောင်းတစ်ကျော့ပြန်ပဋိပက္ခစတင်ဖြစ်ပွားခဲ့စဉ်က စီမံကိန်းခြံစည်းရိုးအနီးတွင်တွေ့ရသည့် တရုတ်နိုင်ငံသားဝန်ထမ်းများ (ဓာတ်ပုံ − မျိုးမင်းဦး)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ခြံစည်းရိုး ကာရံခြင်း တားဆီးရာမှ စတင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ဒေသခံများကြောင့် တရုတ်နိုင်ငံသား ကိုးဦးထိခိုက်ဒဏ်ရာရခဲ့၍ ဒေသခံတောင်သူများကို ဆားလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့စခန်း၌ ဒီဇင်ဘာ ၃၀ ရက်တွင် အမှုဖွင့်တိုင်ကြား လိုက်ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂၂ ရက်က လက် ပံတောင်းကြေးနီစီမံကိန်းအတွင်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို မြေယာလျော်ကြေးမယူထား သောလယ်မြေများပေါ် လာရောက် လုပ်ဆောင်သည့်အတွက်  ဒေသခံများက တားဆီးခဲ့သည်။ ဒေသခံ များနှင့် လုံခြုံရေးတာဝန်ယူထား သူ များအကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာဒေသခံ အမျိုးသမီးတစ်ဦး သေနတ်ထိမှန် သေဆုံးသွားခဲ့ပြီး ဒေသခံများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာဝမ်ပေါင်မှ ၀န်ထမ်းများဒဏ်ရာရရှိခဲ့သည်။
‘‘ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကြေးနီစီမံကိန်းနယ်မြေခြံစည်းရိုး ကာရံတဲ့လုပ်ငန်းမှာ ဒေသခံတွေ က ဂျင်ဂလိ၊ လေးခွ၊ ခဲတွေနဲ့ ပစ် ခတ်လို့ တရုတ်နိုင်ငံသားကိုးဦး ဒဏ်ရာရခဲ့တယ်လို့ပြောတယ်။  အဲဒီကိစ္စနဲ့ပတ်သက်ပြီး အခင်း ဖြစ်ပွားပြီး ကိုးရက်အကြာမှာ ရဲ စခန်းကိုလာပြီး အမှုဖွင့်ခဲ့တာပါ’’ ဟု ဆားလင်းကြီးမြို့ မြို့မရဲတပ် ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
‘‘အဲဒီနေ့တုန်းက နှစ်ဖက် အပြန်အလှန်ပစ်ခတ်ခဲ့လို့  တောင်သူတစ်ဦးသေဆုံးခဲ့ပြီး ကိုးဦးဒဏ် ရာရတယ်။ သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ သေမှု သေခင်းဖွင့် စစ်ဆေးတာပဲရှိတယ်။ ဒဏ်ရာရတဲ့ တောင်သူတွေအနေနဲ့ ရောအမှုဖွင့်တိုင် ကြားတာမရှိသေးဘူး။ ဒဏ်ရာရတာကတော့ နှစ်ဖက်စလုံးအထိ နာခဲ့တာပဲ’’ဟု လက်ပံတောင်းအရေး ဆောင် ရွက်ခဲ့သော မုံရွာဒေသခံတစ်ဦးက ပြောသည်။
တရုတ်နိုင်ငံသား ကိုးဦးတွင် မျက်စိ၊ နှာခေါင်း၊ လည်ကုတ်၊ လက်၊ ခြေထောက်၊ ဗိုက်စသည့် ခန္ဓာကိုယ်နေရာအချို့ပွန်းပဲ့ထိ ခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ် ကြောင်း အမှုဖွင့်တိုင်ကြားစာများအရ သတင်းရရှိသည်။
       လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၂၂ ရက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ဒေသခံတောင် သူတစ်ဦးသေဆုံးခဲ့ပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
http://7daydaily.com/story/28380

ပြည်သူ့ရင်ပြင်နှင့် ဥယျာဉ် ဇန်န၀ါရီ ၃ ရက် ပိတ်မည်

ရန်ကုန်ပြည်သူ့ဥယျာဉ်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
 ပြည်သူ့ ရင်ပြင်နှင့် ဥယျာဉ်၌ လွတ်လပ်ရေးနေ့အ ခမ်းအနား ပြုလုပ်မည်ဖြစ်သော ကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဇန်န၀ါရီ ၃ ရက် တစ်ရက်လုံး ပိတ်ထားမည်ဖြစ် ကြောင်း Natural World ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
‘‘ဇန်န၀ါရီ ၃ ရက်တစ်ရက် လုံး ပိတ်ထားဖို့နဲ့ ဇန်န၀ါရီ ၄ ရက် အခမ်းအနားပြီးတဲ့အချိန်အထိ ပိတ်ထားဖို့ YCDC က ညွှန်ကြား ထားပါတယ်’’ ဟု ၎င်းက ပြော သည်။
ထို့ကြောင့် ပြည်သူ့ရင်ပြင် နှင့် ပြည်သူ့ဥယျာဉ်ကို ဇန်န၀ါရီ ၄ ရက် နံနက် ၉ နာရီခန့်တွင် ပြန် လည်ဖွင့်လှစ်ကာ ဇန်န၀ါရီ ၄  ရက်တွင်မူ ပုံမှန်လည်ပတ်သွားမည်ဟု ၎င်းက ဆိုသည်။
ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်တွင် လွတ်လပ်ရေးနေ့ အခမ်းအနားကို နှစ်စဉ် ပြုလုပ် လေ့ရှိပြီး ယခင်နှစ်များ၌ ဇန်န ၀ါရီ ၂ ရက်ကတည်းက ပိတ်ထား လေ့ရှိသည်ဟု ၎င်းက ဆိုသည်။
http://7daydaily.com/story/28397#.VKYaSsnZGM8

January 1, 2015

ရှန်ဟိုင်း နှစ်သစ်ကူး ကြိုဆိုမှု အခမ်းအနားတွင် လူအုပ်ပြိုဆင်းမှုကြောင့် (၃၅)ဦး သေဆုံး

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် နှစ်သစ်ကူးအကြို ပျော်ပွဲရွှင်ပွဲများ ကျင်းပရာမှ လူအများ စုပြုံတိုးဝှေ့ကြရင်း အချင်းချင်း တက်နင်းမိမှုများကြောင့် လူ(၃၅)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
တရုတ် မီဒီယာများက နိုင်ငံ၏ အထင်ကရ စီးပွားရေး မြို့တော်ကြီးတွင် ဒီဇင်ဘာ ၃၁ ရက်၊ သန်းခေါင်ယံ မတိုင်မီ အချိန်၌ ဖြစ်ပွားခဲ့သော ဝမ်းနည်းကြေကွဲဖွယ် ကိစ္စကြီးကြောင့် နောက်ထပ် လူ(၄၂)ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ဖော်ပြခဲ့ကြသည်။
ရှန်ဟိုင်း၏ သမိုင်းဝင် ဘွန်ခရိုင်ရှိ ချန်ယီရင်ပြင်တွင် လူပေါင်းများစွာ စုရုံးရာမှ စုပြုံတိုးဝှေ့ရင်း လူအုပ်ပြိုဆင်းမှုကြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဆိုပါ နှစ်သစ်ကူး အခမ်းအနားတွင် ၂၀၁၅ ခုနှစ်ကို ကြိုဆိုရန်အတွက် ရှန်ဟိုင်းမြို့ခံများရော၊ ကမ္ဘာလှည့် ခရီးသည်များပါ ထောင်နှင့် သောင်းနှင့်ချီ စုရုံးခဲ့ကြသည်။
တရုတ် Social Media များတွင် ဖော်ပြထားမှုအရ နိုက်ကလပ်တစ်ခု၏ လသာဆောင် အထက်မှ ကြဲချလိုက်သည့် ငွေစက္ကူ အတုများကို လိုက်လံကောက်ယူကြရာမှ လူအုပ်ပြိုဆင်းမှု စတင်ဖြစ်ပွားကြောင်း ဖော်ပြခဲ့သည်။ Social Media များတွင် လွှင့်တင်ထားသည့် ဓာတ်ပုံများ၌ လမ်းမပေါ်တွင် အတုံးအရုံး လဲကျနေသူများကို ရှေးဦးသူနာပြု နည်းဖြင့် ပြုစုနေရသည့် အခြေအနေများကို တွေ့မြင်ရသည်။
တရုတ်သမ္မတ စီကျင်းပင်က ရှန်ဟိုင်းမြို့တော် အုပ်ချုပ်ရေး ဌာနအား ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အမြန်ဆုံး နည်းလမ်းဖြင့် စုံစမ်းစစ်ဆေးရန် အမိန့်ပေးထားကြောင်းလည်း သိရသည်။
မန်ချက်စတာမှ ရှန်ဟိုင်းသို့ ရောက်ရှိနေသည့် အင်္ဂလိပ် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီး ရေဘက်ကာ သောမတ်စ်က အခင်းဖြစ်ရာ နေရာတွင် အလောင်းများစွာကို တွေ့မြင်ခဲ့ရကြောင်း ဆိုသည်။ “လမ်းပေါ်မှာ အနည်းဆုံး လူ(၁၀)ယောက်၊ (၁၅)ယောက်လောက် သေနေတာ တွေ့ရတယ်။ တချို့ကျတော့လည်း လဲကျနေတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ရှေးဦး သူနာပြုနည်းနဲ့ ပြုစုပေးနေကြတယ်။ ရဲတွေက ဘေးနားမှာ ရှိနေတယ်။ ကျွန်မ ဘာအကူအညီ ပေးရမလဲလို့ ရဲတွေကို သွားမေးတော့ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားဖို့ပဲ ပြောပါတယ်။ လူတစ်ယောက်က သူ့ဇနီး၊ ဒါမှမဟုတ် ရည်းစားကို Mouth-to-Mouth နည်းလမ်းနဲ့ အသက်ရှူလာအောင် ကြိုးစားနေတယ်။ ရဲတစ်ယောက်က ဘေးကနေ ရပ်ကြည့်နေတာ တွေ့ခဲ့ပါတယ်”ဟု သောမတ်စ်က BBC သို့ ပြောကြားခဲ့သည်။
အဆိုပါ နေရာသို့ ရောက်ရှိနေခဲ့သည့် အမေရိကန် ဓာတ်ပုံဆရာ ဂါဘီဂါဘရီရယ်လ်ကလည်း “လူတိုင်းက ဆောက်တည်ရာမရ ဖြစ်နေတယ်။ တချို့က အော်ငိုနေကြတယ်။ လူတွေအများကြီး ဆိုးဆိုးရွားရွား သွေးပျက်နေတဲ့ မြင်ကွင်းမျိုး ဒီတစ်ခါပဲ တွေ့ဖူးတယ်”ဟု မှတ်ချက်ပြုခဲ့သည်။
ရှန်ဟိုင်း အုပ်ချုပ်ရေးဌာနက ဒဏ်ရာရသူများကို မြို့အတွင်းရှိ ဆေးရုံများသို့ အလျင်အမြန် ဖြန့်ကျက် ပို့ဆောင်ပေးခဲ့ကြောင်း ကြေညာသည်။ ၂၀၁၃ ခုနှစ် အကုန်တွင်လည်း အလားတူ အခမ်းအနားမျိုး ကျင်းပဖူးရာ ထိုစဉ်က လူပေါင်း သုံးသိန်းနီးပါး စုရုံးခဲ့ပြီး လမ်းများ ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ရှန်ဟိုင်းနေ့စဉ် သတင်းစာက ဖော်ပြခဲ့သည်။
_Ref: BBC
http://7daydaily.com/story/28325#.VKUQrMnZGM8

ကမ္ဘာတလွှားမှ နှစ်သစ်ကူးပွဲတော် ကြိုဆိုမှု ပုံရိပ်များ

၂၀၁၅ ခုနှစ်သို့ ကူးပြောင်းဝင်ရောက်မှု အခမ်းအနားကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် လူသန်းပေါင်းများစွာက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ကမ္ဘာ့စံတော်ချိန် သတ်မှတ်ချက်များအရ နှစ်သစ်ကူး ကာလကို ပထမဆုံး စတင်ကြိုဆိုခွင့် ရသည်မှာ နယူးဇီလန် ပြည်သူများ ဖြစ်ကြသည်။ ထို့နောက် ဩစတြေးလျတွင်လည်း နှစ်သစ်ကူးကို သောင်းသောင်းဖြဖြ ကြိုဆိုပြီး ဆစ်ဒနီ၏ နာမည်ကျော် ဆိပ်ခံတံတားကြီးတွင် လှပသော မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့သည်။

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင်မူ လူအများ စုရုံးပြီး နှစ်သစ်ကို ကြိုဆိုရာမှ လူအုပ်ပြိုဆင်းမှု ဖြစ်ပွားပြီး (၃၅)ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်ကြောင့် အကျည်းတန်ခဲ့သော်လည်း အခြားကမ္ဘာ့နိုင်ငံ အများစုမှ မြို့ကြီးများတွင်မူ ၂၀၁၅ကို ငြိမ်းငြိမ်းချမ်းချမ်း စည်စည်ကားကား ကြိုဆိုနိုင်ခဲ့ကြသည်။

UAE နိုင်ငံ၊ ဒူဘိုင်းတွင် ကမ္ဘာ့စံချိန်တင် အကြီးမားဆုံးဟု ညွှန်းဆိုနိုင်မည့် မီးရှူးမီးပန်း မျက်နှာစာ တစ်ခုကို ဖန်တီးပြခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကြီးအဖြစ် သတ်မှတ်ခံထားရသည့် ဘာ့ဂ်ျခါလီဖာ၏ မျက်နှာစာများမှ ပစ်ဖောက်လိုက်သော မီးရှူးမီးပန်းများက မီးရှူးမျှော်စင်ကြီး တစ်ခုသဖွယ် တွေ့မြင်ခဲ့ကြရသည်။
အမေရိကန်မှ နယူးယောက်မြို့၊ ရုရှားမှ မော်စကိုမြို့၊ ဗြိတိန်မှ လန်ဒန်မြို့၊ ပြင်သစ်မှ ပဲရစ်မြို့နှင့် ဂျာမနီမှ ဘာလင်မြို့တို့ အပါအဝင် ကမ္ဘာ့မြို့ကြီး အသီးသီးတွင်လည်း မီးရှူးမီးပန်းများ ပစ်ဖောက်ကာ နှစ်သစ်ကူးကို လူပေါင်း ထောင်နှင့် သောင်းနှင့်ချီ စုရုံးကြိုဆိုခဲ့ကြသည်။
၂၀၁၅ ခုနှစ်သည် လစ်သူယေးနီးယား နိုင်ငံအတွက် အမှတ်တရ နှစ်တစ်နှစ် ဖြစ်လာပြီး ၎င်းတို့သည် ယူရိုငွေကြေးကို တရားဝင် အသုံးပြုသည့် (၁၉)ခုမြောက် နိုင်ငံအဖြစ် မှတ်တမ်းဝင်လာခဲ့သည်။
စပိန်တွင် မက်ဒရစ်နှင့် ဘာစီလိုနာတို့ကဲ့သို့ မြို့ကြီးများတွင် မီးရှူးမီးပန်းများ လှပဆန်းကျယ်စွာ ပစ်ဖောက်ကြပြီး ညလုံးပေါက် လမ်းပေါ်ပါတီပွဲများ ဆင်နွှဲကြသည်။ ဗြိတိန်တွင်လည်း လန်ဒန်နှင့် အီဒင်ဘာ့ဂ်တို့တွင် အလားတူ အခမ်းအနားများ ကျင်းပခဲ့ကြသည်။

ဆစ်ဒနီတွင် ဆိပ်ခံတံတားကြီးမှ မီးရှူးမီးပန်းများ ပစ်လွှတ်မှုကို ကမ်းခြေ၌ လာရောက်ကြည့်ရှုသူ (၁.၅)သန်းမျှထိ ရှိခဲ့ကြောင်း သတင်းများက ဆိုသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံ အချို့မှ ခေါင်းဆောင်များထံ နှစ်သစ် သဝဏ်လွှာများ ပေးပို့ခဲ့ပြီး အမေရိကန် သမ္မတ ဘာရတ်အိုဘားမားထံ လိပ်မူထားသော သဝဏ်လွှာတွင် မိမိတို့ နှစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာ ဘက်မျှတည်ငြိမ်ရေးကို အတူလက်တွဲ ထိန်းသိမ်းနိုင်ရန် မျှော်လင့်ကြောင်း ရေးသားထားသည်။

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရို ကမ်းခြေတွင် မီးရှူးမီးပန်းများ ပစ်ဖောက်နေချိန်၌ လူအများက ပင်လယ်ထဲဆင်းပြီး ရေကူးကာ ပျော်ရွှင်စွာဖြင့် နှစ်သစ်ကူးကာလကို ချဉ်းနင်းဝင်ရောက်ခဲ့ကြသည်။  ဘရာဇီး မီဒီယာများ၏ ဖော်ပြချက်အရ နှစ်သစ်ကူး ကာလ ညသန်းခေါင်တွင် ရီယိုမြို့ရှိ ကိုပါကာဘာနာ ကမ်းခြေတွင် ပျော်ရွှင်စွာ ရေဆင်းကူးသူ အရေအတွက် တစ်သန်းကျော်မျှထိ ရှိခဲ့ကြောင်းလည်း သိရှိရသည်။
_Ref: BBC
http://7daydaily.com/story/28330#.VKUQssnZGM8

အဲအေးရှားစုံစမ်းရေးအဖွဲ့ဖြေကြားရ မည့် မေးခွန်း ၁၀

ကြမ္မာငင်ခဲ့သော အဲအေးရှားလေယာဉ်မှ သေဆုံးခဲ့သူများ၏အလောင်းများကို အင်ဒိုနီးရှားတပ်ဖွဲ့ဝင်များ သယ်ဆောင်လာစဉ် (JUNI KRISWANTO/AFP)
အဲအေးရှားလေယာဉ် QZ8501 ၏ အပျက်အစီးအစအနများကို ရှာဖွေတွေ့ရှိလိုက်ခြင်းက စုံစမ်း စစ်ဆေးသူများအနေဖြင့် ဂြိုဟ်ဆိုးဝင်ခဲ့သည့် လေယာဉ်ပေါ်ပါသွား သူများ၏ မိသားစုဝင်များအား ညှို့ယူဖမ်းစားနေသော မေးခွန်း များကို အဖြေပေးရန်အတွက် ခြေလှမ်းကြီးတစ်လှမ်းရှေ့တိုးလှမ်းလိုက်သည့်သဘောပဲ ဖြစ်သည်။
လေယာဉ်ပျက်ကျအောင် ဘာဖြစ်ခဲ့သလဲ?
ဒါက ဒေါ်လာသန်းချီတန် မေးခွန်းပဲ ဖြစ်သည်။ အဖြေကို မည်သူကမှ မသိသေးပါ။ ဤလေ ယာဉ် တနင်္ဂနွေနေ့အစောပိုင်းက လေကြောင်းလမ်းထိန်းသိမ်းရေး ဌာနနှင့် အဆက်အသွယ်ပြတ် သွားခဲ့ပြီးနောက် ဘာဖြစ်ခဲ့သလဲ ဆိုသည်ကို သိရန်အတွက် လပေါင်းများစွာ ရှည်ကြာကောင်းရှည်ကြာ မည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်က ရှေ့လျှောက်တွင် ရှိနေတော့မည်။အင်ဒိုနီးရှားအရာရှိများ၏ အဆိုအရ အဆက်အသွယ်မ ပြတ်မီအချိန် တဒင်္ဂလေးအတွင်း လေယာဉ်မှူးသည် ရာသီဥတု ဆိုးရွားမှုကြောင့် ပိုမြင့်သော အ မြင့်ပေသို့ မြှင့်တက်မောင်းနှင်ရန် ခွင့်ပြုချက်ကို တောင်းခံခဲ့သေး သည်။ လေယာဉ်သည် လေခွင်း အား ခေတ္တရပ်တန့်မှုကို ကြုံခဲ့ ရဟန်ရှိကြောင်း ကျွမ်းကျင်ပညာ ရှင်အချို့က ပြောသည်။ ထို့အပြင်လေယာဉ်မှူးများအနေဖြင့် လေ ယာဉ်အနေအထားနှင့် ပတ်သက် ၍ လေယာဉ်ပေါ်တပ်ဆင်ထား သည့် စနစ်များမှ အချက်အ လက်များမရခဲ့ခြင်းဖြစ်နိုင်သကဲ့သို့ ယင်းဧရိယာရှိ မုန်တိုင်းကြောင့် မိုး(သို့) မိုးသီးများက လေယာဉ်အင်ဂျင်များကို ပျက်စီးစေခဲ့သည် ဟု လေ့လာဆန်းစစ်သူများက လည်း ပြောသည်။ ဘာဖြစ်ပွားခဲ့ သလဲဆိုသည်ကို နားလည်ရန် အဓိကအရာမှာ ဘလက်ဘောကစ်ဇ်ဟု အများအားဖြင့် သိထားကြသည့် လေယာဉ်အချက်အလက် ရီကော်ဒါနှင့်လေယာဉ်မောင်း များ ထိုင်ခွင်အသံဖမ်းစက်တို့၌ ပါရှိနိုင်ခြေ ရှိသည်။
‘‘ဘလက်ဘောက်စ်ကို ရတဲ့ အထိ အင်ဂျင်တွေ ဘာဖြစ်သွား ခဲ့သလဲဆိုတာ ကျွန်တော်တို့ သိမှာမဟုတ်ဘူး’’ဟု နှစ်ပေါင်း  (၃၀) ကြာအတွေ့အကြုံရှိခဲ့သူ လေ ယာဉ်မှူးဟောင်း ဘီလ်ဆဗေ့ဂ်ျက စီအင်န်အင်န်အား ပြောသည်။
အလောင်းတွေကို ဘယ်လိုပြန်ရှာ ယူမလဲ?
ဒုက္ခသည်များကို ပြန်လည် ရှာဖွေယူခြင်းမှာ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူများ အတွက် ပထမဦးစားပေးအရာ ဖြစ်သည်။ ရေမျက်နှာပြင်ပေါ်ရှိ အလောင်းများနှင့် အပျက်အစီး အစအနများကို ပြန်လည်ဆယ်ယူ ရန်အတွက် ဟယ်လီကော်ပတာ များက နိမ့်နိမ့်ပျံပေးနိုင်သည်။ စစ်ရေယာဉ်များအနေဖြင့်လည်း ရေမျက်နှာပြင်အောက်ရှိ အပျက် အစီးများ၌ အလောင်းများပိတ်မိ နေလျှင် ရေငုပ်နိုင်သည့် ယာဉ် များအဖြစ် ဆောင်ရွက်နိုင်ပြန် သည်။
ရေမျက်နှာပြင်ပေါ်တွင် ပေါ် နေမည့် ဒုက္ခသည်အချို့ရှိပြီး ရေ အောက် ပေ ၁၄၀ ခန့် (၄၃ မီတာ ခန့်)အနက် ဂျာဗားပင်လယ်ကြမ်း ပြင်ရှိ လေယာဉ်အပျက်အစီးများတွင် ပိတ်မိနေသူများလည်းရှိကြောင်း အမေရိကန်အမျိုးသားသယ်ယူပို့ ဆောင်ရေး လုံခြုံရေးဘုတ်အဖွဲ့ ၏ မန်နေဂျင်းဒါရိုက်တာဟောင်း ဖြစ်သူ ပီတာဂိုးလ်ဇ်က ဆိုသည်။ ရေအနက်က ရေငုပ်သမားတစ် ဦး ငုပ်ဆင်းသွားနိုင်သည့် အဝေး ဆုံးအကွာအဝေးဖြစ်နေ၍ အ လောင်းများဆီ ရောက်ရှိရန်မှာ ရေငုပ်သမားများအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်လိမ့်မည်ဟု ၎င်းက ဆိုသည်။ ရေငုပ်သမားများအနေဖြင့် ၎င်းတို့ခန္ဓာကိုယ်ပတ်ဝန်းကျင်နှင့် နေသားတကျဖြစ်ပြီး ရှေ့ဆက် သွားနိုင်ရန် ကူညီသောစနစ်များ ကို အသုံးပြုရကောင်းပြုရလိမ့် မည် ဖြစ်သည်။
‘‘အချိန်ယူရလိမ့်မယ်။ အ ပျက်အစီးတွေရှိတဲ့နေရာကို ရှာ ရမယ်။ အဲဒါက တစ်ပတ်ဆယ် ရက်ကြာမှာ’’ဟု ဂိုးလ်ဇ်က ပြော သည်။
အလောင်းတွေကို မည်သူမည်ဝါ ဖြစ်ကြောင်း ဘယ်လိုခွဲမလဲ?
ဘော်နီယိုကမ်းရိုးတန်းမှ ပြန်လည်ရှာဖွေဆယ်ယူခဲ့သည့် အ လောင်းများကို နေရာချထားရန် နှင့် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့တော်ရှိ ဆေးရုံများက ပြင်ဆင်နေကြ သည်။ ယင်းလုပ်ငန်းစဉ်ကို ကူညီသည့်အနေဖြင့် လေယာဉ်ပေါ်ပါသွားသည့် ချစ်ရသော မိသားစုဆွေမျိုးမိတ်ဆွေတို့၏ ဓာတ်ပုံများယူဆောင်လာရန်နှင့် ဒီအင်န်အေနမူနာများပေးရန်အတွက် ဆွေမျိုး များကို တောင်းဆိုထားပြီး ဖြစ် သည်။ သို့ရာတွင် လေယာဉ်ပေါ် ပါသွားသူ ၁၆၂ ဦးစလုံး၏ အ လောင်းများကို ရှာဖွေခြင်းနှင့် မည်သူမည်ဝါဖော်ထုတ်ခြင်းမှာ ကြီး မားသည့်လုပ်ငန်းကြီးတစ်ရပ် ပင်။ ထို့အပြင် အလောင်းများအား လုံးကိုလည်း မတွေ့နိုင်ပေ။
ပြန်လည်ရရှိထားသည့် အလောင်းတစ်လောင်းမှ အသက်ကယ် အင်္ကျီဝတ်ဆင်မထား။ အဲဒါက ဘာကိုပြနိုင်သလဲ?
အဲဒါက လေယာဉ်ဘာပဲဖြစ် ခဲ့ဖြစ်ခဲ့ မြန်မြန်ဆန်ဆန်ကြီး ဖြစ် သွားခဲ့သည်ဆိုသည့် သဘောကို ပြနိုင်သည်ဟု ဂိုးလ်ဇ်က ဆိုသည်။ခရီးသည်များအနေဖြင့် အင်္ကျီဝတ်ရန်အချိန်ပင် မရှိခဲ့ခြင်းလည်း ဖြစ် နိုင်ကြောင်း အမေရိကန်သယ်ယူ ပို့ဆောင်ရေးဌာန စစ်ဆေးရေးအ ရာရှိချုပ်ဟောင်းလည်းဖြစ်၊ ရှေ့ နေတစ်ဦးလည်း ဖြစ်သည့် မာရီ ရှီယာဗိုက ပြောသည်။
ခရီးသည်တစ်ဦးတလေများ ရှင် သန်လွတ်မြောက်နိုင်သလား?
တစ်ဦးတည်း ရှင်သန်လွတ် မြောက်သူရှိခဲ့ဖူးသည့် လေယာဉ် ပျက်ကျမှုများ အတိတ်ကရှိခဲ့ဖူး ကြောင်း အမေရိကန်အမျိုးသား သယ်ယူပို့ဆောင်ရေးလုံခြုံရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်၊ အမျိုးသားလုံခြုံရေးကောင်စီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒီဗိုရာဟားစ်မန်းက ပြောသည်။ သို့သော်ယခု အဲအေးရှား QZ8501 လေ ယာဉ်မှ ရှင်သန်သူတစ်ဦးဦးကို ရှာ ဖွေခြင်းမှာမူ မယုံနိုင်ဖွယ်ရာဖြစ် သော၊ အလားအလာမရှိသော စိတ်မှန်းဖြစ်နိုင်ခြေတစ်ခုသာ ဖြစ် လိမ့်မည်ဟု သူက ဆိုသည်။
ရေထဲမှာ လေယာဉ်တစ်စီးရဲ့ အရိပ်ကို မြင်ကြောင်း ရှာဖွေသူ တစ်ယောက်က ပြောခဲ့သည်။ အဲ ဒါအမှန်ဆိုရင် ဘာဖြစ်မလဲ?
ထိုပြောဆိုချက်သာ အမှန် ဆိုပါက ရှာဖွေသူများအနေဖြင့် လေယာဉ်အချက်အလက် ရီကော်ဒါကို ပိုပြီးမြန်မြန်ဆန်ဆန်ပြန်ရှာ ဖွေရယူနိုင်လိမ့်မည်ဖြစ်ကြောင်း ရှီယာဗိုက ဆိုသည်။ ဆိုနာနည်း ပညာအကူအညီဖြင့်ဆိုပါက လေ ယာဉ်ဘာဖြစ်ခဲ့သလဲဆိုသည့် ဖြစ် စဉ်ပါဝင်သော ရီကော်ဒါများ ပြန် လည်ရယူရန်မှာ အချိန်မကြာသင့် ကြောင်း ရေငုပ်သက် နှစ်(၃၀)အတွေ့အကြုံရှိသူလည်း ဖြစ်၊ ရေငုပ်နည်းပညာများနှင့် ကိရိယာများဆိုင်ရာ ကျွမ်းကျင်သူ လည်းဖြစ်သည့် ရေငုပ်သမား တင်မ်တေလာက ပြောသည်။
လေယာဉ်အပျက်အစီးကို ဘယ် လိုရှာပြီး ဘယ်လိုဆယ်ယူမလဲ?
အပျက်အစီးအစအနကို အင်ဒိုနီးရှားနိုင်ငံ ပန်ကလန်ဘန် မြို့တော်၏ အနောက်တောင် ဘက် ရေမိုင် ၁၁၀ ခန့်ရှိ ကရီမာ တာရေလက်ကြား၌ တွေ့ရှိခဲ့ သည်။ ယင်းနေရာမှာ လေယာဉ် ကို နောက်ဆုံးအဆက်အသွယ်ရ ခဲ့သည့်နေရာမှ ခြောက်မိုင်ခန့်ဝေး သည်။
ရေအနက် မီတာ ၂၀ မှ ၃၀ ကြား (ပေ ၈၀ မှ ၁၀၀ ခန့်)ရှိသည့်ထိုနေရာသို့ ဆိုနာကိရိယာနှင့်အ တူ ရေငုပ်သမားများနှင့် သင်္ဘော များကို ပို့လွှတ်လျက်ရှိကြောင်း အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေး အေဂျင်စီအကြီးအကဲ ဘမ်ဘန်ဆူ လစ်ယိုက ပြောသည်။
မလေးရှားလေကြောင်းလေ ယာဉ် MH370 ကို ရှာဖွေစဉ်က ကဲ့သို့ပင် လေယာဉ်အချက်အ လက် ရီကော်ဒါများကို အတိအ ကျဖော်ထုတ်ရန် ကြိုးတွဲလောင်းချသည့် အသံလွှင့်အချက်ပြတည်နေရာပြကိရိယာကို အသုံးပြုနိုင်သည်။
နောက်ဆုံးသိခဲ့သည့် ရေဒါ ပွိုင့်နှင့် ယာဉ်အပျက်အစီးအနီး စပ်ဆုံးတည်ရှိမှုက လေယာဉ်ပျံ သန်းနေစဉ် ပျက်ကျပြိုကွဲမှု မ ဟုတ်ကြောင်း၊ လေယာဉ်သည် ရေပြင်ကို လေယာဉ်ကိုယ်ထည် တစ်ခုလုံးဖြင့် ပြေးဆောင့်ခြင်းဖြစ် နိုင်ကြောင်း ယူဆစရာဖြစ်စေ သည်ဟု ရှီယာဗိုက ပြောသည်။
ရေအနက်တိမ်ခြင်းကလည်း ယာဉ်အပျက်အစီး၏ လေးလံ သည့် အပိုင်းအစများအနေဖြင့် ကြမ်းပြင်သို့မရောက်မီ ဝေးဝေးလံ လံလွင့်ပါရွေ့လျားသွားနိုင်ခြေမရှိဆိုသည့် သဘောသက်ရောက် နေပြန်သည်။ ပျက်ကျမှုစုံစမ်းစစ် ဆေးခြင်း၏ အပိုင်းတစ်ရပ်အနေ ဖြင့် လေယာဉ်၏ ကြီးမားသည့် အစိတ်အပိုင်းများကို ပြန်လည် တည်ဆောက်နိုင်ရန် ဆယ်ယူကြမည် ဖြစ်သည်။
အကွဲကွဲအပြားပြားဖြစ်နေ သည့် အစိတ်အပိုင်းများ၏ တည် နေရာသည် လေယာဉ်ဘာဖြစ်ခဲ့ သလဲဆိုသည်ကို ဖော်ထုတ်ရာ၌ အရေးကြီးသည့် အပိုင်းတစ်ခုဖြစ် သည့်အတွက် အခင်းဖြစ်ရာမြေပုံ ကို ပထမဆုံးချပြရမည်ဖြစ်သည်။
ယခုထိရှာတွေ့ထားသည့် အစအ နများက ဘာကိုပြနေသလဲ?
အသက်ကယ်အင်္ကျီအချို့ နှင့် ရေပြင်ပေါ်ပေါလောမျောနေ သည့် လေယာဉ်အရေးပေါ်ထွက် ပေါက်တံခါးကို မြင်လိုက်ရခြင်းကရေပြင်ကို လေယာဉ်မဆောင့်မီ လေယာဉ်အမှုထမ်းများအနေဖြင့် လုံခြုံရေးကိရိယာများကို အသုံးချ နိုင်သည့် အချိန်ရှိခဲ့ရဲ့လားဆို သည့်အပေါ် မေးခွန်းများဖြစ်ပေါ် စေခဲ့သည်။ သို့သော် အသုံးမချရ ဘဲ အရေးပေါ်ထွက်ပေါက်တံခါး သို့မဟုတ် လေထီးများထွက်ကျခဲ့ သည့် အခြားလေယာဉ်ပျက်ကျမှု များကို မြင်ဖူးကြောင်း ရှီယာဗိုက ဆိုသည်။
‘‘ဖြစ်ရပ်အများအပြားမှာ မ တော်တဆဖြစ်တဲ့ လေယာဉ်ရေ ထဲမှာ ပြိုကွဲကျိုးပဲ့ပြတ်ထွက်သွား တဲ့အခါ အဲဒီလိုအရာတွေက အ စိတ်စိတ်အမြွှာမြွှာဖြစ်သွားကြ တာပါပဲ’’ဟု ၎င်းက ပြောသည်။
ဒုက္ခသည်များ၏ မိသားစုများအ တွက် နောက်ထပ် ဘာလာမလဲ?
လေယာဉ်ပေါ်ပါသွားသူ များ၏ မိသားစုများသည် လေ ယာဉ်အပျက်အစီးကို တွေ့ရှိပြီ ဖြစ်ကြောင်း အတည်ပြုချက်နှင့် အတူ သူတို့ကြောက်ရွံ့စိုးရိမ်နေ ခဲ့သည့် သတင်းကို အင်္ဂါနေ့က ရရှိခဲ့ကြသည်။ အပျက်အစီးရှာဖွေ ရေးအကြောင်း သတင်းစာရှင်း လင်းပွဲကို တိုက်ရိုက်ကြည့်ရှုနေခဲ့ ကြသည်။ ရေပေါ်ပေါလောမျော နေသည့် အလောင်းတစ်ခုဖြစ်ပုံရ သည့်အရာဆီသို့ ခပ်နိမ့်နိမ့်ပျံသန်းသွားနေသည့် ဟယ်လီကော်ပတာ တစ်စီးပေါ်မှ ရိုက်ကူးထားသော ဗီဒီယိုကိုမြင်ပြီးနောက် မိသားစုအချို့မှာ မူးမေ့လဲကုန်သည်။ အခြားသူများက မျက်ရည်လည်ရွဲဖြစ် ကုန်ကြ၏။
အဓိကအခရာအချက်က စုံ စမ်းစစ်ဆေးမှု ဆက်လက်လုပ် ဆောင်နေချိန်တွင် ဆွေမျိုးများကို သတင်းပေးလိုရင်းသာ ဖြစ်ကြောင်း ဟားစ်မန်းက ပြောသည်။
‘‘သတင်းအချက်အလက်ကို မိသားစုနဲ့မျှဝေဖို့ ဆုံးဖြတ်ချက်ချ တာပါပဲ’’ဟု သူက ဆိုသည်။
လုပ်ငန်းစဉ်တွင် တာဝန်ယူ ထားရသူများအနေဖြင့် ၎င်းတို့ တွင် အချက်အလက်မှန်မှန်ကန် ကန်ရှိပြီး အချိန်နှင့် တစ်ပြေးညီမျှ ဝေခြင်းအားဖြင့် အများယုံကြည် လက်ခံနိုင်မှုကို ထိန်းသိမ်းရန် လည်း လိုအပ်ကြောင်း ဆိုသည်။ထို့အပြင် အလောင်းများ ဆယ်ယူခြင်းကဲ့သို့ စိတ်ပင်ပန်း သောကဖြစ်စရာ မြင်ကွင်းများကို ထုတ်လွှင့်သည့်အခါမျိုးတွင် မိ သားစုဝင်များကို မီဒီယာကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်သွားခြင်းမှ ကာကွယ်ရန်လည်း အရေးပါ သည်ဟု ဆိုသည်။ မတ်လက ဖြစ် ပွားခဲ့သည့် ထူးခြားဆန်းကြယ် သော MH370 လေယာဉ်ပျောက် ဆုံးမှုကဲ့သို့ လေကြောင်းဘေး အန္တရာယ်မျိုးတွင် ချစ်ခင်ရသူတို့ ကို ဆုံးရှုံးခဲ့ရသည့် ဆွေမျိုးများအ ပေါ် ယခုအဲအေးရှားပျက်ကျသည့်သတင်း၏ သက်ရောက်မှုကို လည်း ဟားစ်မန်းက ထောက်ပြခဲ့ သည်။
အဲအေးရှား QZ8501 သည် အချိန်ဇယားအတိုင်းမဟုတ်ဘဲ နှစ်နာရီ စောပြီး ထွက်ခွာခဲ့သည်။ ထိုအ ကြောင်းအရာသည် စုံစမ်းစစ် ဆေးသူများ ထည့်သွင်းစဉ်းစား မည့်အချက်လား?
ထိုအချက်ကို ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ရှီယာဗိုက ဆိုသည်။ အချိန်ဇယားသတ်မှတ် ထားသည့် ထွက်ခွာချိန်မရောက် မီ ထွက်ခွာသော လေယာဉ်တစ် စီးဆိုသည်မှာ အမေရိကန်ပြည် ထောင်စုတွင် မကြားဖူးသည့်အ ရာဖြစ်သည်။ သို့သော် အခြား တိုင်းပြည်များတွင်လည်း မကျင့် သုံးသည့်အရာမျိုးဟုတော့ မဆို လိုကြောင်း ၎င်းက ဆိုသည်။
‘‘ကျွန်မမေးမယ့် မေးခွန်းက တော့ ရာသီဥတုနဲ့ယှဉ်ပြီး အနိုင် ယူဖို့ သူတို့ဘာလို့ကြိုးစားနေခဲ့ ကြတာလဲဆိုတာပါပဲ’’ဟု ရှီယာဗို က ဆိုသည်။
—Ref: CNN: 10 questions about the AirAsia Flight QZ8501 tragedy 
http://7daydaily.com/story/28270#.VKUQ9MnZGM8

Happy New Year!

နှစ်သစ်မှာ မူသစ်၊ လူသစ်တွေနဲ့.....
ပြည်သူအပေါင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အစစ အရာရာ အဆင်ပြေကြပါစေ....