February 27, 2015

ပြည်သူများစစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကာကွယ်ရေး ၀န်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ရန် ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ် တိုက်တွန်း

ပြည်သူများ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် အကောင်အထည်ဖော်ရန် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးမန်းကံညွန့်က လွှတ်တော်တွင် တိုက်တွန်းပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်း အဝေး၌ ၂ဝ၁၅-၂ဝ၁၆ခု၊ ဘဏ္ဍာနှစ်အမျိုး သားစီမံကိန်း ဥပဒေကြမ်း၏ မူနှင့်အခြေခံ သဘောအပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၃၈၆ “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” လို့ ပြဆိုထားပါတယ်။ ဒါဟာ အခန်း (၈)နိုင်ငံသား၊ နိုင်ငံသားများ မူလအခွင့်အရေးနှင့် တာဝန်၊ အခန်းကဏ္ဍမှာ ပြ|ာန်းထား တာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကာ ကွယ်ရေးသည် နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ် ပါတယ်။ အဲဒီအပြင် အခန်း(၇) ပုဒ်မ-၃၄ဝ တွင် “တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူစစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်” လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်လည်း တပ်မတော်၏မူဝါဒ တင်ပြရာတွင် ပြည်သူ့စစ်မဟာဗျူဟာဖြင့် နိုင်ငံတော်ကို ကာကွယ်မည်ဟု တင်ပြထားတာဖြစ်ကြောင်း တွေ့ရပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က ပြောကြားသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံ ကိန်းစာမျက်နှာ ၁၂၄၊ ကာကွယ်ရေးလုပ်ငန်း စဉ်များမှာ တစ်ပုဒ်တိုးပြီး “၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေကို လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲ၍ အရေးပေါ်အခြေအနေတွင် ကျင့်သုံးနိုင်ရန် ဆောင်ရွက်ထားမည်” ဟု ဖြည့်စွက်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က “ပြည်ပရန်နဲ့ကြုံလာမှ ပြည်သူတွေကို စစ်ထဲထည့်ပြီး နိုင်ငံတော်ကာကွယ်ရေးကို ဆောင်ရွက်မယ်ဆိုရင်တော့ အချိန်ကအလွန် နောက်ကျသွားပါမယ်။ ဒါကြောင့် ပြည်သူ့ စစ်မှုထမ်းဥပဒေကို စတင်အ ကောင်အထည် ဖော်ထားရပါမယ်။ ပြည်သူ့စစ်မှုထမ်းအက် ဥပဒေကို ၁၉၅၉ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီဥပဒေကို အရပ်ဘက်ဆရာဝန်များ စစ်မှုထမ်းခြင်းကိစ္စအတွက်သာ ကျင့်သုံးတာကလွဲရင် ကျင့်သုံးမှုမရှိသလောက်ပါဘဲ။ လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင်လည်း ပြန်လည်ပြင်ဆင်ရန် လိုအပ်တဲ့အချက်တွေ ရှိနေပါတယ်” ဟု ဆက်လက်ပြောကြားသည်။

“တင်ပြလိုတာကတော့ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကို ကာကွယ်ဖို့တာဝန်ရှိတဲ့အတိုင်း ပြည်သူစစ်မှုထမ်း အက်ဥပဒေကို အကောင်အထည် ဖော်နိုင်ဖို့လိုနေပါပြီ။ ဒါမှသာ အရေးကြုံရင်နိုင်ငံတော်ကို ကာကွယ်ဖို့ နိုင်ငံသားတိုင်း စစ်ပညာ တတ်နေကြလိမ့်မယ်။ တပ်မတော်ထဲမှာ တိုင်းရင်းသားအားလုံး အတူတာဝန်ထမ်းဆောင်ရင်း လူမျိုးတစ်မျိုးရဲ့ ဓလေ့ကို အခြားလူမျိုးတစ်မျိုးက သိရှိလာမယ်။ ဘာသာပေါင်းစုံ ပါဝင်တဲ့အတွက် သူ့ဘာသာ၊ ကိုယ့်ဘာသာ သိနားလည်ပြီး လေးစားတတ်လာမယ်။ ခွင့်လွှတ်သည်းခံတတ်လာမယ်။ ပူးပေါင်းဆောင်ရွက် တတ်လာမယ်။ နိုင်ငံတော်အတွက် အသက်စွန့်၊ ကိုယ်လက် အင်္ဂါများစွန့်လွတ်၊ လူမှုဘဝအားလုံးစွန့် လွှတ်ပြီး ကာကွယ်ရေးတာဝန်ထမ်းဆောင်ရ တဲ့ဘဝကို  နားလည်လာပါလိမ့်မယ်။ စာနာ တတ်လာပါလိမ့်မယ်။ အဲဒီအခါမှာ ဖက်ဒရယ်ဆိုတဲ့ သဘောတရားတွေကိုလည်း သိ နားလည်လာမယ်လို့ ယူဆပါတယ်”ဟု ဦးမန်း ကံညွန့်က ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က “ယခုတိုင်းရင်းသား ရေးရာ ပဋိပက္ခလျော့နည်းရေးအတွက် ငြိမ်း ချမ်းရေးဖော်ဆောင် နေတဲ့အချိန်မှာ အချို့ပုဂ္ဂိုလ်များ အယူအဆတွေ လွဲနေပါတယ်။ အချုပ်အခြာပိုင် နိုင်ငံတစ်ခုမှာ အစိုးရနှစ်ခု မရှိပါဘူး။ ရှိလို့လည်း မရပါဘူး။နိုင်ငံတကာ မှာ အသိအမှတ်ပြု ပြည်ထောင်စုအစိုးရတစ် ဖွဲ့သာရှိရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရနဲ့ အပြိုင် အခြားအစိုးရ အဖွဲ့တစ်ခုရှိလာရင် အဲဒီအစိုးရအဖွဲ့သည် တရားမဝင်အစိုးရ ပဲဖြစ်ပါတယ်” ဟု ဆိုသည်။

နိုင်ငံတွင်း၌ အမျိုးသားလုပ်သားများ အပါအဝင် အများအပြား ပြည်ပထွက်၍ အလုပ်လုပ်ကိုင်နေရမှုကြောင့် ပြည်တွင်း၌ လုပ်သားရှားပါး နေသည်ဟု ဆိုရမည့်အချိန်တွင် ပြည်သူများ စစ်မှုထမ်းရမည့် တိုက်တွန်းချက် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
http://www.news-eleven.com

တရုတ်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက် ကျဆင်းနေမှုကြောင့် မြန်မာ့ အိမ်ခြံမြေ ဈေးကွက်အပေါ် ရိုက်ခတ်မှုများ ရှိလာနိုင်

တရုတ်နိုင်ငံ၏ အိမ်ခြံမြေစီးပွားရေး ဈေးကွက်ကျဆင်းနေမှုသည် မြန်မာ့အိမ်ခြံမြေ ဈေးကွက်အပေါ် သက်ရောက်မှုများ ရှိလာနိုင်သည်ဟု မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်း အိမ်ခြံမြေဈေးကွက် House.com.mm က ပြောသည်။
Building
ရန်ကုန်မြို့လယ်တွင် ဆောင်ရွက်နေသည့် အထပ်မြင့်အဆောက်အအုံစီမံကိန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ) ရင်းနှီးမြှုပ်နှံသူများသည် တရုတ်အိမ်ခြံမြေ ဈေးကွက်ကျဆင်းမှုကို ခန့်မှန်းမိသည့်အတွက် မြန်မာကဲ့သို့ နိုင်ငံများတွင် လာရောက်ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းခဲ့ခြင်းကြောင့် တရုတ်အိမ်ခြံမြေ ဈေးကွက်အပေါ် အကျိုးသက်ရောက်မှု များ ဖြစ်ပေါ်နေပြီး ဈေးကွက် ကျဆင်းမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ တရုတ်အိမ်ခြံမြေ ဈေးကွက် ကျဆင်းမှု အနေအထားကြောင့် မြန်မာ့ အိမ်ခြံမြေ ဈေးကွက်အပေါ် အကျိုးသက်ရောက်နိုင်မည့် အခြေအနေများကို အိမ်ခြံမြေလုပ်ငန်းရှင် အသိုင်းအဝိုင်းက စောင့်ကြည့်လျက်ရှိသည်။
ပြည့်ဝစေ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးစိုးလှထွန်းက ''အိမ်နီးချင်းနိုင်ငံ တစ်ခုအနေနဲ့ တရုတ်ဟာ မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုအများအပြားကို ပြုလုပ်ထားပြီး တရုတ်အိမ် ခြံမြေဈေးကွက် ကျဆင်းမှုဟာ မြန်မာ့အိမ်ခြံမြေ ဈေးကွက်အပေါ်ကိုလည်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်'' ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍများအတွင်း အကြီးဆုံးရင်းနှီး မြှုပ်နှံသူဖြစ်သည့်အတွက် တရုတ်အိမ်ခြံ မြေကျဆင်းမှုမှ မြန်မာ့အိမ်ခြံမြေဈေးကွက်အပေါ် ရိုက်ခတ်လာမည်ကို မြန်မာ့အိမ်ခြံမြေလုပ် ငန်းရှင်များက စိုးရိမ်သည်။
House.com.mm  ၏ Country Manager Jan Sommerfeld က ''တရုတ်အိမ်ခြံမြေ ဈေးကွက်ကျဆင်းမှုကနေ အိမ်ခြံမြေဟာ လုံခြုံတဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်စရာ အခွင့်အလမ်းဆိုတဲ့ ယုံကြည်မှုကို ပပျောက်စေခဲ့မယ်ဆိုရင် လူတွေဟာ သူတို့ရဲ့ငွေကြေးတွေကို အိမ်ခြံမြေကဏ္ဍအတွင်းမှာ ရင်းနှီး မြှုပ်နှံမှုပြုလုပ်မယ့် အစား စတော့ရှယ်ယာ၊ ရွှေစတဲ့ တခြားနေရာတွေမှာ ရင်းနှီးမြှုပ်နှံပါလိမ့်မယ်'' ဟု သုံးသပ်သည်။
မြန်မာနိုင်ငံအတွင်း လက်ရှိတည်ဆောက်လျက်ရှိသည့် အဆင့်မြင့်အိမ်ရာဆောက်လုပ်ရေး စီမံကိန်းအများစုသည် တရုတ်နှင့် စင်ကာပူအခြေပြု ရင်းနှီးမြှုပ်နှံသူများဖြစ်ပြီး တရုတ်အိမ်ခြံမြေ ဈေးကွက် ကျဆင်းမှုကို ခန့်မှန်းမိသည့်အတွက် အိမ်နီးချင်းနိုင်ငံများတွင် လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ် သည်ဟု ၎င်းက ဆိုသည်။
စီးပွားရေးတိုးတက်မှုနှုန်း မြင့်မားခဲ့သည့် တရုတ်နိုင်ငံသည် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ်အစိုးရ၏ သတ်မှတ်ထားသော တိုးတက်မှုနှုန်း ၇ ဒသမ ၅ ရာခိုင် နှုန်းကို လွဲချော်ခဲ့ပြီးနောက် စီးပွား ရေးတိုး တက်မှုနှုန်း ကျဆင်းနေချိန်တွင် အိမ်ခြံမြေဈေးကွက်မှာ ပိုမိုလျင်မြန်စွာ ကျဆင်းလာနေခြင်း ဖြစ်သည်။
၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ဇန်နဝါရီလ အထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုသည် အမေရိ ကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
http://www.mizzimaburmese.com/2013-10-20-16-07-17/item/39735-2015-02-26-11-22-10

အခြေခံလစာ သုံးသောင်းကျပ် တိုးမြှင့်မပေးမချင်း အလုပ်သမားများ ဆက်လက်ဆန္ဒပြ တောင်းဆိုသွားမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရွှေပြည်သာ မြို့နယ်ရှိ အထည်ချုပ်စက်ရုံ (၃)ရုံမှ အလုပ်သမား (၂၀၀၀)ကျော်ခန့်သည် မူလရရှိထားသည့် အခြေခံလစာမှာ စားဝတ်နေရေး အဆင်မပြေသည့်အတွက် လက်ရှိရရှိနေသည့် အခြေခံလစာကို သုံးသောင်း ကျပ် တိုးမြှင့်ပေးရန် မရမချင်း ထပ်မံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အခြေခံ အလုပ်သမားများ သမဂ္ဂမှ ဘဏ္ဍာရေးမှူး မခင်မျိုးအေးက ဖေဖော်ဝါရီ (၂၃) ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

Eland Myanmar အထည်ချုပ်စက်ရုံ၊ Costec အထည်ချုပ်စက်ရုံနှင့် Ford Glory အထည်ချုပ် စက်ရုံများမှ အလုပ်သမားများသည် တစ်ဦးလျှင် အနိမ့်ဆုံး အခြေခံလစာ ကျပ်သုံးသောင်းဝန်းကျင်နှင့် အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ စားစရိတ် စသည်တို့ကို လစာအဖြစ် တပေါင်းတည်း ရရှိသော်လည်း အချိန်ပိုကြေး၊ ရက်မှန်ကြေး တို့မှာ အလုပ်လုပ်ရသည့် အခြေအနေပေါ် မူတည်နေသည့်အတွက် စားဝတ်နေရေး ဖူလုံမှုမရှိသောကြောင့် စက်ရုံ အလုပ်သမားများက သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေ ရခြင်း ဖြစ်သည်။…

““အဓိကက လစာ၊ လုပ်ခလစာ တောင်းဆိုတယ်။ လူတစ်ယောက်ကို သုံးသောင်းကျပ် တိုးတောင်းထားတယ်။ သူတို့ပေးတာက အခုတစ်သောင်းနှစ်ထောင်၊ တစ်သောင်းသုံးထောင်ပဲ တိုးပေးထားတယ်။ OT (အချိန်ပို) မဆင်းရဘဲနဲ့ ကိုးသောင်း တစ်သိန်းလောက် ရအောင် တောင်းထားပါတယ်။ အဲဒါမှလည်း စားဝတ်နေရေး အဆင်ပြေတာ။ မရမချင်း တောင်းသွားမှာပါ””ဟု အခြေခံ အလုပ်သမားများ သမဂ္ဂဘဏ္ဍာရေးမှူး မခင်မျိုးအေး က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ““သူတို့ကတော့ အတတ်နိုင်ဆုံး ဖြေရှင်းပေး မယ်လို့ ပြောထားတာပဲ။ အတတ် နိုင်ဆုံး ဖြေရှင်းပေးမယ် ဆိုတာက အခုဆိုပဲ ရက် ၂၀ ကျော်သွားပြီလေ။ အခြေခံ လစာ နေ့ကြေး တစ်ထောင် တိုးတောင်းတာ။ အလုပ်သမား တစ်ယောက်က နေ့ကြေး တစ်ထောင့်တစ်ရာကျော်နဲ့ ထမင်းစားလို့ မရဘူးလေ။ ဆန်တစ်ပြည်တောင် ၁၂၀၀ ပေးရတယ်။ ဆန်တစ်ပြည် ၁၂၀၀ ဆိုတာတောင်မှ အကြမ်းပဲရှိသေး တယ်။ နောက်ထပ် တစ်ထောင်ထပ်ပေးရင် ဘာပဲပြောပြော နှစ်ထောင် ရမယ်။ နှစ်ထောင်ဆိုတော့ စားတာ မလောက် ပေမယ့်လည်း နည်းနည်း အဆင်ပြေမှု ဖြစ်သွားတာပေါ့””ဟု စက်ရုံမှ အလုပ်သမားတစ်ဦးဖြစ်သူ သင်းသင်းနွယ် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

အထည်ချုပ်စက်ရုံ အလုပ်သမားများသည် ဇန်န၀ါရီ ၂၈ ရက်မှစတင်၍ သပိတ်စခန်း ဖွင့်လှစ်၍ တောင်းဆိုခဲ့ရာ ဇန်န၀ါရီ ၂၉၊ ၃၀ ရက်များတွင် ပြုလုပ်သည့် အလုပ်သမား ကိုယ်စားလှယ်များနှင့် တာဝန်ရှိ လူကြီးများ၏ ညှိနှိုင်း ဆွေးနွေးမှုတွင် အချက် ၇ ချက် ညှိနှိုင်း နိုင်ခဲ့သော်လည်း အခြေခံလစာ တိုးမြှင့်ပေးရန်နှင့် ဥပဒေအရ အခြေခံလစာ သတ်မှတ်ပေးရန်ဆိုသည့် အချက် ၂ ချက်မှာ ပြေလည်မှု ရရှိခဲ့ခြင်း မရှိသောကြောင့် ဆက်လက် ဆန္ဒပြ တောင်းဆိုနေခြင်း ဖြစ်သည်။

““အဲဒါတွေက သူတို့ဆန္ဒရှိတာပဲ သူတို့ပြောနေတာ။ တစ်နေ့တစ်ထောင်နှုန်း မဟုတ်ဘူး။ တကယ့် တကယ် သူတို့ပေးမယ် ဆိုတာလည်း သူတို့က အနိမ့်ဆုံးလစာကို တွက်ပြပြီးတော့ သူတို့ အဲဒါပဲရမယ်လို့ အတည်ပေါက် ပြောနေတာ။ တကယ့်တကယ်ကျတော့ အခြားပုံမှန် ပေးရတာက ရက်မှန်ကြေးဆိုတာ ရှိတယ်။ စားစရိတ် ဆိုတာ ရှိတယ်။ အချိန်ပိုကြေးဆိုတာ ရှိတယ်။ အဲဒီလိုပေးထားတဲ့ အခြားဟာတွေ အများကြီးရှိပါတယ်။ အနိမ့်ဆုံးလို့ ပြောတဲ့ ၄ သောင်းခွဲလောက်ရတဲ့ လူက တကယ့်တကယ် ငွေထုတ်လို့ရှိရင် တစ်သိန်းကျော် ပါတယ်။ တစ်သိန်းအောက် ရတဲ့သူ မရှိပါဘူး။ ဘာမှမတတ်ဘဲနဲ့တောင်မှ တစ်သိန်းကျော် ပေးထားပါတယ်””ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ရုံးအဖွဲ့မှူး ဦးခင်မောင်ဦးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၂ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ ဒုတိယ အကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ပြီး အလုပ်သမား အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးတင်အောင် အပါအ၀င် အစိုးရ တာဝန်ရှိသူများနှင့် အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ဒုဝန်ကြီး ဦးတင်အောင်နှင့် အစိုးရတာဝန်ရှိ သူများက ယခုကဲ့သို့ ဆူပူမှုများကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း၊ အစိုးရမှာ တာဝန်ရှိခြင်း မဟုတ်ဘဲ မီဒီယာများမှာလည်း တာဝန်ရှိကြောင်းနှင့် ဆူပူမှုများဖြင့် မတည်မငြိမ် ဖြစ်နေလျှင် မည်သည့် လုပ်ငန်းရှင်မှ လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမည် မဟုတ်ကြောင်း စသည့်အချက်များကို မီဒီယာများအား ရှင်းလင်း ပြောကြားခဲ့သည်။

““အောင်မြင်အောင် လုပ်ပေးမယ်။ အမြဲတမ်း အလုပ်ရှင် အလုပ်သမား ပြေလည်အောင် အဆင်ပြေအောင် ညှိသွားမှာပေါ့။ ဥပဒေနဲ့အညီ လုပ်မှခွင့်ပြုလို့ရမှာ။ ဥပဒေနဲ့အညီ မလုပ်ရင် ခွင့်ပြုလို့မရဘူး။ ကိုယ့်စက်ရုံ အခြေအနေကို သိရမယ်။ ကိုယ့်လုပ်ငန်းအကြောင်း ကိုယ်သိရမယ်။ မျှမျှတတ သိရမယ်။ မဖြစ်နိုင်တာ ဇွတ်တောင်း လို့ကတော့ အားလုံး ဒုက္ခရောက်ကုန်မှာပေါ့။ မှန်မှန်ကန်ကန်နဲ့ အားတိုက် လုပ်ဖို့လိုတယ်။ အားတိုက်လုပ်မှ လုပ်ငန်းခွင် အေးချမ်းသာယာမှာပေါ့””ဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ကွန်မြူနစ် ပညာရေးဝါဒကို ခြေကုပ်ယူဟု မှတ်ချက်ပေး

လေးပွင့်ဆိုင် ရေးဆွဲခဲ့သည့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းသည် ဒီမိုကရေစီ အုပ်ချုပ်ရေးကို ထိပါးပြီး ကွန်မြူနစ်ပညာရေး ဝါဒကို ခြေကုပ်ယူသည်ဟု ပညာရေးဝန်ကြီးဌာနက အမျိုးသားလွှတ်တော်သို့ ဖေဖော်ဝါရီ နောက်ဆုံးအပတ်အတွင်း မှတ်ချက်ပြုထားသည်။
Parliament-2
(ဓာတ်ပုံ - မဇ္ဈိမ)
ပညာရေး ဝန်ကြီးဌာနသည် မူလပြဋ္ဌာန်းခဲ့သည့် ပညာရေး ဥပဒေကြမ်းနှင့် ပြင်ဆင်ထားသည့် ဥပဒေကြမ်းတို့ကို ယှဉ်တွဲကာ ပြင်ဆင်သည့် အချက်များအပေါ် ဝန်ကြီးဌာန၏ သုံးသပ်ချက်များ ရေးထားသည့် ၄၂ မျက် နှာပါ အကြံပြုစာကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ယင်းမှတ်ချက်များအပြင် အနှစ်ချုပ်အားဖြင့် အချက် ၁ဝ ချက် ကို ဖော်ပြထားသည်။ ယင်းတို့မှာ (၁) မူလ အမျိုးသား ပညာရေး ဥပဒေ၏ အနှစ်သာရကို ဖျက်ဆီးလိုက်သည်။ (၂) တည်ဆဲဥပဒေများကို ပယ်ဖျက်သည်။ မလိုက်နာသည့် ဥပဒေ ဖြစ်သည်။ (၃) အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ဤဥပဒေကို အခြေပြုပြီး ဖျက်ဆီးသည်။ (၄) ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြိမ်ကြိမ် ကျော်လွှားချိုးဖောက်သည်။ (၅) လက်ရှိ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ထိပါး၍ ကွန်မြူနစ်ဝါဒ ပညာရေးကို ခြေကုတ်ယူသည်။ (၆) ၁၉၂ဝ ပြည့်နှစ် ကွန်မြူနစ် အခြေပြု ကျောင်းသား သမဂ္ဂများကို ကျောင်းများ၊ တက္ကသိုလ်များတွင် ပြန်လည်ရှင်သန်ရန် တရားဝင်ရပ်တည်နိုင်ရန် လက်ရှိကျောင်းသားများကို လွှမ်းမိုးနိုင်ရန်၊ (၇) ပညာအရည်အသွေးမြှင့်တင်မှုကို အလေးမထားပါ၊ (၈) ပညာရှင်ပြုစု ပျိုးထောင်မှု၊ ထူးချွန်သူအားပေးမှု၊ ဆောင်ရွက်မည့် အစီအစဉ်အားလုံး ကို ပယ်ဖျက်ထားသည်။ (၉) အကယ်၍ ဤပြဋ္ဌာန်းချက်အတိုင်း အတည်ဖြစ်ပါက ပညာအရည်အသွေး ကျဆင်းခြင်း၊ ကျောင်းများ တက္ကသိုလ်များ စနစ်တကျမရပ်တည် နိုင်ခြင်း၊ ဝန်ထမ်းများ ရပ်တည်ရေးအတွက် မတည်မငြိမ်၊ စိတ်မအေးဖွယ်ဖြစ်ခြင်း၊ (၁ဝ) နယ်ဒေသရှိတက္ကသိုလ်များ ဆရာ မရှိ၍ ရပ်တည်ရန် ခက်ခဲ ခြင်းများကြောင့် နိုင်ငံတော် တည်ငြိမ်မှု/ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိခိုက်စေသည့် အထိန်းအကွပ်မဲ့ ပညာရေးစနစ် ဖြစ်လာနိုင်သည်ဟု ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ် တော်မှတစ်ဆင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီကို ပေးပို့ထားသည်။
''ဒါက အကြံပြုစာပေးပို့တာပါပဲ။ ဘာဖိအားမှမရှိဘူး လွှတ်တော်က လုပ်နိုင်တာကို လုပ်မှာ၊ စဉ်းစားတဲ့ အထဲမှာ လိုအပ်ရင်ပါချင်ပါမယ် မပါချင်မပါဘူး'' ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး အမှတ် ၆ ကိုယ်စားလှယ် ဦးခင်မောင်ရီက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောသည်။
ပညာရေး ဝန်ကြီးဌာနက အကြံပြုစာကို ပြည်ထောင် စုလွှတ်တော်မှ တစ်ဆင့် ပေးပို့ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က အမျိုးသားလွှတ်တော်သို့ ထပ်မံလွှဲပြောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အကြံပြုချက် စတင်လက်ခံရရှိသည့် ပြည်ထောင်စုလွှတ်တော် ဒုတိယညွှန် ကြားရေးမှူး ဦးသန်းတိုးနိုင်ကို မဇ္ဈိမက အကြံပြုစာမည်သို့ လက်ခံရရှိကြောင်း အခြေအနေကို မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိဘဲ အဆိုပါကိစ္စကို အမျိုးသားလွှတ်တော်ကသာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။
အကြံပြုစာပေးပို့ထားသည့် ပညာရေး ဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူများက အစည်းအဝေးများ ပြုလုပ်နေသဖြင့် ပြန်လည်ဖြေကြားမပေးနိုင်ခဲ့ပေ။
အမျိုးသားလွှတ်တော်သို့ ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန အပါအဝင် အဖွဲ့အစည်းမျိုးစုံမှ အကြံပြုစာ အစောင် ၂ဝ နီးပါးကို ပေးပို့ထားပြီး နိုင်ငံရေး ပါတီများ၊ ကျောင်းသားများ၊ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတို့ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက မတ်လ ၅ ရက်မှ ၂ဝ ရက်ထိ ကြားနာမှုများပြုလုပ် မည်ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/39790-2015-02-27-03-10-39

မိကျောင်းကန် သပိတ်စခန်း ဖျက်သိမ်းပြီး ၁၄ ဦးကို ဖမ်းဆီး

မိမိမြေပြန်လည်ရရှိရေး ၁၁ လကြာ သပိတ်စခန်းဖွင့် တိုက်ပွဲဝင်နေသည့် မိကျောင်းကန်ဒေသခံ ၁၈ ဦးကို ဖေဖော်ဝါရီ ၂၆ ရက်က နံနက် ၃ နာရီဝန်းကျင်က ဖမ်းဆီးခဲ့ပြီး သပိတ်စခန်းကိုလည်း စည်ပင်ရဲတပ်ဖွဲ့က ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။
Meechaungkan-1
မိချောင်းကန် သပိတ်စခန်း ဖွင့်လှစ်ဆန္ဒပြသူ ၁၄ ဦးအား ကျောက်တံတားမြို့နယ် တရားရုံးသို့ ရုံးထုတ်လာသည်ကို ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - နန်းမြင့်၊ မဇ္ဈိမ) ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားအနီးတွင် ဖွင့်လှစ်ထားသည့် အဆိုပါ မိကျောင်းကန် သပိတ်စခန်းသည် ၁၁ လကြာ ဖွင့်လှစ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက် ၃ နာရီခန့်တွင် အာဏာပိုင်တို့က ဖျက်သိမ်းပစ်လိုက်သည်။
ထိုသပိတ်စခန်းမှာ ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလပန်းခြံဘေးတွင် ဖွင့်လှစ်ထားသည့် သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း(၁)၊(၂)၊(၃)မှ ဒေသခံများက အဆိုပါ မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်နေသူများက မိမိတို့သိမ်းဆည်းခံရသည့် မြေကိုလည်းကောင်း၊ အလားတူ ကာလတန်ဖိုးရှိ သည့် နစ်နာကြေးကို လည်းကောင်း၊ အစားထိုးမြေကို လည်းကောင်း ပြန်လည်ရရှိရေးအတွက် တောင်းဆိုနေကြသည့် ဆန္ဒထုတ်ဖော်နေသူများ ဖြစ်သည်။
ဖြစ်စဉ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် အဖွဲ့က မြောင်းတူးဖော်နိုင်ရေးအတွက် သပိတ်စခန်း ဖျက်သိမ်းပေးရန်ဆိုကာ ဖေဖော်ဝါရီ ၂၅ရက် (ယမန်နေ့)နံနက် ၇ နာရီက လာရောက်ပြောကြားခဲ့ပြီး နောက် ဖေဖော်ဝါရီ ၂၆ရက် နံနက် ၃ နာရီကျော်တွင် မိကျောင်းကန် သပိတ်စခန်းကို စည်ပင်သာယာ ရဲတပ်ဖွဲ့ လူအင်အားရာကျော်ဖြင့် ဖျက်သိမ်းခဲ့ပြီး သပိတ်စခန်းရှိသူ ၁၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ် သည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် ဆန္ဒထုတ်ဖော်သူ ၁၄ ဦးနှင့် ဈေးသည် လေးဦးတို့ ပါဝင်သည်။
ဈေးသည် လေးဦးကို ဈေးမရောင်းရခံ ဝန်ကတိဖြင့်လည်းကောင်း၊ မိကျောင်းကန် သပိတ်စခန်း ဆန္ဒထုတ် ဖော်နေသူ ၁၄ ဦးကို ကျောက်တံတားမြိုနယ် တရားရုံးမှ ငြိမ်ချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ-၁၈ ဖြင့်လည်းကောင်း၊ လသာမြို့နယ် စည်ပင်သာယာ တရားရုံးမှ စည်ပင်သာယာ အက်ဥပဒေတားမြစ်ချက်ကို မလိုက်နာခြင်းကြောင့် စည်ပင်ဥပဒေ ပုဒ်မ-၆၈ တို့ဖြင့် အရေးယူ ဖမ်းဆီးခဲ့ပြီး ထိုနေ့ ည ၅ နာရီခွဲတွင် အဆိုပါ ဖမ်းဆီးထားသူများကို ကိုယ်တိုင်ခံဝန် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
သပိတ်စခန်းဖျက်သိမ်းခြင်းနှင့် ဆန္ဒပြသူများ ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က''ဖမ်းတာက ဥပဒေအရ ငြှိစွန်းရင်ဖမ်းပေါ့၊ ဥပဒေအရ ငြှိစွန်းလို့ ဖမ်းတယ်ဆိုရင် ဖမ်းတဲ့သူကလည်း ဥပဒေကို လေးစားလိုက်နာရမယ်။ အကြမ်းဖက်မှု မပြုလုပ်သင့်ဘူး။ ဒဏ်ရာ ဒဏ်ချက် ရတယ်ဆိုတော့ မသင့်လျော်ဘူး'' ဟု ပြောသည်။
မိကျောင်းကန် သပိတ်စခန်းမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ မသန်းရွှေ ''ကိုယ်ဘိုးဘွား ပိုင်မြေကို တောင်းဆိုတဲ့နေရာမှာ မနက် ၃ နာရီမှာ လာရောက်အကြမ်းဖက်ပြီး ဖမ်းခေါ်သွားတယ်။ ဆံပင်တွေကို ဆွဲပြီးခေါ် သွားပါတယ်။ လက်၊ ခြေထောက်တွေ ပေါက်ပြဲသွားတယ်''ဟု ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ရဲမှူးကြီး စိုးလွင်မိုးဦးဆောင်သည့် စည်ပင်ရဲတပ်ဖွဲ့က မိကျောင်းကန် သပိတ်ကို ဖျက်သိမ်းခဲ့ပြီး ဖမ်းဆီးခေါ်ဆောင် ခံရသူများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရုံးတွင် စစ်ဆေးပြီး အမှုတွဲ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လာရောက်ဖမ်းဆီးရာတွင် ၁၂ ဘီးယာဉ်ကို လမ်းနှစ်ဘက်ပိတ်ပြီး မီနီဘတ်စ်ကား လေးစီး၊ တီအီးကား နှစ်စီးဖြင့် လူနှင့်ပစ္စည်းများတင်ပြီး ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မိကျောင်းကန်သပိတ်စခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ဦးမောင်မောင်က ''နံနက်က အတင်းအဓမ္မဝင် ပြီး ကားပေါ်ဆွဲ တင်သွားတယ်။ ကျွန်တော်တို့ကို တင်သွားတာ မှန်လုံးနဲ့ တီအီးကားတွေလည်းပါတယ်။ အခုတော့ တရားရင်ဆိုင်ရမယ်''ဟု ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ရာတွင် ပါဝင်သည့် ဈေးသည် ဒေါ်မြတ်မြတ်စိုးက ''ည ၁ဝ နာရီ ဝန်းကျင်မှာ ဈေးသည် တွေ ပစ္စည်းကို သေချာသိမ်း လှည်းတွေဖမ်းမယ်စီမံချက်ရှိတယ်။ ဖမ်းမယ်လို့ ပြောသံကြားလို့ ၃၅ လမ်းမှာ လှည်းတွေထားတာ စိတ်မချလို့ ပန်းခြံအဝင်မှ သပိတ်စခန်းဘေးမှာ ထားတယ်။ ပစ္စည်းတွေ အများကြီးပါ သွားတယ်။ စိတ်မချလို့ သပိတ်ဘေးမှာ အိပ်စောင့်တာ ဖမ်းခေါ်သွားတယ်။ ခံဝန်ကတိနဲ့ ပြန်လွှတ်လိုက် တယ်''ဟု ပြောသည်။
အဆိုပါအမှုဖွင့် အရေးယူခံထားရသူ ၁၄ ဦးကို မတ်လ ၁၁ ရက်တွင် အဆိုပါ တရားရုံးအသီးသီးက ရုံးချိန် ခဲ့ခြင်းဖြစ်သည်။
သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မြေသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှု ခုနစ်ကြိမ်နှင့် သပိတ်စခန်း သုံးကြိမ်ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ် သပိတ်စခန်းကို ၂ဝ၁၃ ခုနှစ် အောက်တို ဘာ ၂ ရက်က ငါးရက်တိုင် ဖွင့်လှစ်ခဲ့၍ ဒုတိယအကြိမ် သပိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက်က စတင်ဖွင့် လှစ်ခဲ့ပြီး ကာ ဒီဇင်ဘာ ၁၂ ရက်တွင် ပိတ်သိမ်းခဲ့ ခြင်းဖြစ်သည်။ ယင်းသပိတ်စခန်း ပိတ်သိမ်းပြီး သုံးလ အကြာ မတ်လ ၂၄ ရက် က မဟာဗန္ဓုလပန်းခြံအနီးရှိ ရန်ကုန် တရားလွှတ်တော်ရုံးရှေ့တွင် သပိတ်စခန်း ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၃၄ဝ တွင် ဖျက်သိမ်းခံခဲ့ရခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော်ခန်းမ ဝင်/ထွက် ပေါက်ကို တားသပိတ်လုပ်ဆောင်ခဲ့သည့် မိကျောင်းကန်သပိတ်စခန်းမှ တရားစွဲဆိုခံ ထားရသူ ၁၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက တစ်ဦးလျှင် ထောင်ဒဏ် ခြောက်လစီ ဖေဖော်ဝါရီ ၁၈ ရက်က အမိန့်ချခဲ့ခြင်းဖြစ်၍ သပိတ်ခေါင်းဆောင် ဦးစိန်သန်းအပါအဝင် ၁၅ ဦးရှိပြီး ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/39787-2015-02-27-02-11-43

ပညာရေး လွတ်လပ်ခွင့်ကို စည်းကမ်းမဲ့ လမ်းကြောင်းအဖြစ် နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် ရှုမြင်

မြန်မာ့ ပညာရေးစနစ် လွတ်လပ်ခွင့်ကို ဖော်ဆောင်လွန်းပါက စည်းကမ်းမဲ့လွန်းသည့် လမ်းကြောင်းကို ဦးတည်စေသည်ဟု နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်၏ တက္ကသိုလ် ပညာသင်ကြားရေးအဖွဲ့မှ သံဃာတော်များက အကြံပြုလိုက်သည်။
Four-Star-Fourth-Meet-For-ESU-Law-01-s
ကျောင်းသားများ သပိတ်မှောက်ဆန္ဒပြနေသည့် အမျိုးသားပညာရေးဥပဒေအပေါ် လေးပွင့်ဆိုင်ဖြစ်သည့် အစိုးရ၊ လွှတ်တော်၊ NNER နှင့် ကျောင်းသား ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် ဖေဖော်ဝါရီလ ၁၁ရက်၊ မနက်ပိုင်းက ကျင်းပနေစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)
“အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ၏ အခန်း (၃)၊ ပုဒ်မ (၄)၊ ပုဒ်မခွဲ (ခ) ပါ “ပညာရေး လွတ်လပ်ခွင့်တွင် ကျောင်းသားများ လွတ်လပ်ခွင့်၊ ဆရာများ လွတ်လပ်ခွင့်၊ သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်၊ ဘာသာစကား လွတ်လပ်ခွင့်၊အတွေးအခေါ်လွတ်လပ်ခွင့်၊ ဒေသဆိုင်ရာ လွတ်လပ်ခွင့်၊ ကျောင်းများ လွတ်လပ်ခွင့် စသည်တို့ ပါဝင်ရေး” ဟူသည့်အချက်ကို ရည်ညွှန်းကာ နိုင်ငံတော် ပရိယတ္တိတက္ကသိုလ်က သုံးသပ်လိုက်ခြင်းဖြ စ်သည်။
အထက်ပါပုဒ်မခွဲကို နိုင်ငံတော် ပရိယတ္တိ တက္ကသိုလ်က “ကျောင်းများ၊ ဆရာများ၊ ကျောင်းသားများ၊ သင်ရိုးညွှန်း တမ်းများ၊ ဘာသာစကားများ၊ အတွေးအခေါ်များနှင့် ဒေသဆိုင်ရာအားလုံးတွင် လွတ်လပ်မှုများဖောင်ဆောင်လွ န်းလျှင် စည်းကမ်းမဲ့လွန်းသည့် လမ်းကြောင်းကို ဦးတည်နေခြင်းကြောင့် ပယ်ဖျက်သင့်ကြောင်း” ဖေဖော်ဝါရီ ၂၆ ရက်ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
အစိုးရ၏ လုပ်ဆောင်ချက်များကို သုံးသပ်အကြံပြုလေ့ မရှိသည့် နိုင်ငံတော် ပရိယတ္တိတက္ကသိုလ် အနေဖြင့် အဆိုပါ ပညာရေးကိစ္စကို ရုတ်ချည်း ထောက်ပြလိုက်ခြင်းလည်းဖြစ်သည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကလည်း အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ဖေဖော်ဝါရီ ၂၅ ရက်က အလားတူပင် အကြံပြုခဲ့သေးသည်။
ထိုသို့ ပညာရေးကိစ္စတွင် သံဃာတော်များ ဝင်ရောက်အကြံပြုမှုအပေါ် ဆရာတော် အရှင်မိုးသု (မန္တလေး) က “ဝေဖန် ကန့်ကွက်မယ်ဆိုလို့ရှိရင် ခြေခြေမြစ်မြစ်ဖတ်ပြီးတော့ လေးပွင့်ဆိုင်အဖွဲ့ကိုခေါ်ပြီး ဆရာတော်တို့ သဘောထားကတော့ ဒီလိုရှိတယ် ပြောသင့်တာပေါ့။ အခုက အမြင်မကောင်းဘူး ဖြစ်တာပေါ့။ စေတနာမှန်နဲ့လုပ်တယ် ဆိုရင်တောင် ဆရာတော်ကြီးတွေ အစိုးရနဲ့ ပေါင်းလုပ်တယ်၊ အစိုးရ ဘုန်းကြီးတွေဆိုတာက ပိုပြီးခိုင်မာသွားစေတာပေါ့” ဟု ဖေဖော်ဝါရီ ၂၅ ရက်က မဇ္ဈိမကို မိန့်သည်။
နိုင်ငံတော် ပရိယတ္တိ တက္ကသိုလ်၏ အကြံပြုချက်တွင်မူ ဆရာ၊ ဆရာမများအနေဖြင့် “နှစ်သက်ရာ ပါတီသို့ ဝင်ရောက်ခွင့်ရှိသည်” ဟူသည့် ပြင်ဆင်လိုက်သည့် ဥပဒေမူကြမ်းပါ အခန်း (၄) ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (ဃဃ) ကို ပယ်ဖျက်သင့်ကြောင်းလည်း သုံးသပ်ထားသေးသည်။
ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံရေးပါတီများသို့ဝင်ရောက်ပါက “ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများ ဖြစ်ပေါ်လာပြီး သင်ကြားအုပ်ချုပ်မှုများတွင် ဆိုးကျိုးများ များစွာ ပေါ်ပေါက်လာနိုင်ခြင်းကြောင့် ပယ်ဖျက်သင့်ကြောင်း” ဟု အကြံပြုချက်တွင် ပါရှိသည်။
ယင်းအကြံပြုချက်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ အာကာမိုးသူက “ဝန်ထမ်းတွေ အကုန်လုံးက ကျွန်မဟုတ်ဘူး။ သူယုံကြည်ရာတော့ ယုံပစေ့လေ။ သူ့ယုံကြည်ခွင့်ကို ချိုးဖောက်တယ်ဆိုရင်တော့ သူ့ရဲ့ Human Right ကို တော်တော်လေး ချိုးဖောက်ရာကျတဲ့ အမြင်မျိုးဖြစ်တယ်လို့ သုံးသပ်တယ်” ဟု ဖေဖော်ဝါရီ ၂၂ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
ထို့ပြင် ဆရာ၊ ဆရာမများ၏ သင်ကြားမှုအပေါ် ကျောင်းသားများက အကဲဖြတ်မည့် ပြင်ဆင်သည့် ဥပဒေကြမ်း ပါ ပုဒ်မ(၅)၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(စစ)ကိုလည်း “မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီခြင်းကြောင့် ပယ်ဖျက်သင့် ကြောင်း” နိုင်ငံတော် ပရိယတ္တိ တက္ကသိုလ်မှ သင်ကြား/စီမံ ဆရာတော်များ၏ အကြံပြုချက်တွင် ဖော်ပြပါရှိသည်။
အလားတူပင် “အခြား ဘာသားရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေး ကျောင်းများ” ဟူသည့်  ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ ၃၆၊ ပုဒ်မခွဲ (ည) မှာလည်း တိုင်းပြည်နှင့် လူမျိုးအတွက် ရတက်မအေးစရာ၊ ကျောချမ်းစရာများဖြစ်နေခြင်းကြောင့် လုံးဝပယ်ဖျက်သင့်ကြောင်း သုံးသပ်ထားသေးသည်။
သို့သော် မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER) ကမူ ယင်းပုဒ်မခွဲသည် “ဘာသာရေးကို သီးသန့်သင်ကြားသည့် ကျောင်းများကို ဆိုလိုခြင်းမဟုတ်” ဟု ဖေဖော်ဝါရီ ၂၆ရက်တွင် ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။
“အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ပေါ်ပေါက်လာပုံ
လွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသား ပညာရေး ဥပဒေသည် ဗဟိုချုပ်ကိုင်မှု စနစ်များနေခြင်း၊ ကျောင်းသား သမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့် မရှိခြင်း စသည့်အချက်များကြောင့် ပြင်ဆင်ပေးရန် ကျောင်းသားများက ကနဦးတွင် ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ရက်ပေါင်းခြောက်ဆယ်အတွင်း လေးပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းရန် တောင်းဆိုခဲ့သည်။
သို့သော် ကျောင်းသားတို့ တောင်းဆိုသည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အစိုးရက လျစ်လျူရှုခဲ့ပြီး သပိတ်စစ်ကြောင်းများ အရှိန်မြှင့်လာမှသာ ဆွေးနွေးပွဲကို လက်ခံခဲ့သည်။
ယင်းဆွေးနွေးပွဲများ၏ ရလာဒ်အဖြစ် ကျောင်းသားတို့ တောင်းဆိုသည့် လက်ရှိကျင့်သုံးလျက်ရှိသည့် စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များကို ပြင်ဆင်ရန်၊ ဒေသအလိုက်၊ ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန်၊ တိုင်းရင်းသား မျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် ဘာသာစကားအခြေပြု ဘာသာစကားသုံး ပညာရေးစနစ်ကို ထည့်သွင်းရန်၊ ကျောင်းသားများ လွတ်လပ်စွာတွေး ခေါ်စဉ်းစားနိုင်ပြီး ကိုယ်တိုင်လေ့လာစူးစမ်း သင်ယူနိုင်မည့် နစ်စနစ်များ ပြောင်းလဲရန်တို့ ပါဝင်သည့် စုစုပေါင်း (၁၁) ချက်ကို အစိုးရဘက်က မူအားဖြင့် သဘောတူခဲ့သည်။
ထို့နောက် အထက်ပါအချက်များကို အခြေခံရေးဆွဲထားသည့် NNER ၏ ပြင်ဆင်သည့် ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၆ ရက်တွင် လွှတ်တော်တင်ရန် လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် သဘောတူလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့၊ မကွေးကျောင်းတိုက် ဆရာတော်ဖြစ်သည့် ဦးပါမောက္ခကမူ “မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် တိုးတက်ဖို့ အတွက် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ကြစေချင်တယ်။ သဘောထားတွေ မတင်းမာဘဲနဲ့ပေါ့” ဟု ၎င်း၏ အမြင်ကို မိန့်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/39761-2015-02-26-13-36-31

ဂူးဂဲလ်၏ ၀န်ဆောင်မှုအားလုံးနီးပါး မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် စီစဉ်

ဂူးဂဲလ်အနေဖြင့် ၎င်းတို့ ၏၀န်ဆောင်မှုနှင့် ထုတ်ကုန်အား လုံးနီးပါးတွင် မြန်မာစာစနစ်ဖြင့် အသုံးပြုနိုင်ရန် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဂူးဂဲလ်ထုတ်ကုန်ဆိုင်ရာမန်နေဂျာ မစ္စတာ Divon Lanက ပြောကြားသည်။
‘‘အင်တာနက်ကို မြန်မာနိုင်ငံက လူတွေပိုပြီး သုံးစေချင်တယ်ဆိုရင် မြန်မာစကားနဲ့က ပိုပြီး အဆင်ပြေမယ်။ နည်းပညာတွေကို မြန်မာစကားနဲ့ လေ့လာမှုတွေ အများကြီးလုပ်နိုင်မယ်ဆိုရင် လမ်းဘေးက လူတွေကအစ အသုံးပြုနိုင်မှာဖြစ်ပါတယ်’’ဟု ဂူးဂဲလ်ထုတ်ကုန်ဆိုင်ရာမန်နေဂျာမစ္စတာ Divon Lan ကဆိုသည်။
လက်ရှိတွင် မြန်မာစာစနစ်ဖြင့် အသုံးပြု၍ရသော ဂူးဂဲလ်၏ ၀န်ဆောင်မှုများမှာ google.com.mm၊ Gmail၊ Googel Map၊ Android Version 5.0(Lollipop)၊ Chrome Browser နှင့် Google Translate တို့ဖြစ်သည်။
ဆက်လက်၍ ၎င်းတို့၏ ၀န်ဆောင်မှုအသစ်များတွင်လည်း မြန်မာစာစနစ် ထောက်ပံ့ပေးသွားရန် ဆောင်ရွက်လျက်ရှိပြီး ဘာသာစကားများကို အသံဖြင့် ဘာသာပြန်ပေးနိုင်သည့်စနစ်၊ စမတ်ဖုန်း၊ ကင်မရာဖြင့် ရိုက်ကာ ဘာသာပြန်ပေးနိုင်သည့် စနစ်နှင့် Youtube ရှိ ဗီဒီယိုများကို မြန်မာဘာသာသို့ ဘာသာပြန်ပေးသည့်  စနစ်များတွင်လည်း  ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Googleက ဆိုသည်။
‘‘မြို့မှာဖြစ်ဖြစ်၊ ကျေးလက်မှာဖြစ်ဖြစ် ဘယ်မှာပဲနေနေ၊ ဘယ်ဘာသာစကားပဲ သုံးစွဲပါစေ။ ဂူးဂဲလ်အနေနဲ့ အားလုံးတစ်ပြေးညီသုံးစွဲခွင့်ရဖို့ လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်’’ဟု မစ္စတာ Divon Lan ကပြောသည်။

ဂူးဂဲလ်သည် ၎င်းတို့၏ အောင်မြင်မှုအရှိဆုံးဝန်ဆောင်မှုဖြစ်သည့် Google Translate အတွက် ဘာသာစကားပေါင်း ကိုးဆယ်ကျော်ထောက်ပံ့ပေးထားပြီး အဆိုပါဝန်ဆောင်မှုကို အသုံးပြုသူဦးရေ သန်းငါးရာအထိရှိကာ နေ့စဉ်တစ်ဘီလီယံအထိ ဘာသာပြန်ဆိုမှုများပြုလုပ်ပေးနေရကြောင်း သိရသည်။
http://7daydaily.com/story/32629#.VO_f744YuM8

ကိုးကန့်တိုက်ပွဲတွင် တရုတ်နိုင်ငံသားများ ပါဝင်တိုက်ခိုက်ခြင်းမရှိဟု ဖုန်ကြားရှင် ငြင်းဆို

အစိုးရတပ်ဖွဲ့များနှင့် ဖြစ်ပွားနေသော ကိုးကန့်တိုက်ပွဲ တွင် ၎င်းတို့ဘက်မှ တရုတ်နိုင်ငံ သားများပါဝင်တိုက်ခိုက်နေခြင်း မရှိကြောင်း ကိုးကန့်လက်နက် ကိုင်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြား ရှင်က ပြောကြားသည်။
ဖေဖော်ဝါရီ ၂၅ ရက်က တရုတ်ကွန်မြူနစ်ပါတီအာဘော် သတင်းစာ The Global Times သတင်းစာသို့ ၎င်းက ဆက်သွယ် ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း ရိုက် တာသတင်းဌာနက ဖော်ပြထား ခြင်း ဖြစ်သည်။
ဖုန်ကြားရှင်က အဆိုပါသ တင်းစာသို့ တရုတ်ဘာသာစကား အသုံးပြု၍ ဖုန်းဖြင့် ဆက်သွယ် ဖြေကြားခဲ့ခြင်းဖြစ်ပြီး ကိုးကန့် တိုက်ပွဲတွင် တရုတ်နိုင်ငံက ပါဝင် ပတ်သက်မှုမရှိကြောင်း ဖြေ ကြားခဲ့ခြင်းဖြစ်သည်။ ကာကွယ်ရေး ၀န်ကြီးဌာန၏ သတင်းစာရှင်း လင်းပွဲတွင် ကိုးကန့်တိမ်းရှောင် အဖွဲ့ဖြစ်သည့် ဖုန်ကြားရှင်တပ်ဖွဲ့ ၌ တရုတ်ကြေးစားစစ်သားများ ပါဝင်ပတ်သက်နေကြောင်း ပြော ကြားလိုက်ပြီးနောက် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက တရုတ် နိုင်ငံ၏ ပိုင်နက်ကို အသုံးပြု၍ မည်သည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုမှ နယ်နိမိတ်တည်ငြိမ်ရေးကို အ နှောင့်အယှက်ပေးနိုင်သည့် လှုပ် ရှားမှုမျိုးကို ခွင့်မပြုကြောင်း ပြန် လည်တုံ့ပြန်ခဲ့သည်။
‘‘၂၀၀၉ ခုနှစ်မှာ တိုက်ခိုက်ခံ ရပြီးကတည်းက MNDAA တပ် ထဲကို ၀င်ချင်လို့ ကိုးကန့်ဒေသကိုဖြတ်ကျော် ၀င်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ကိုးကန့် ဘက်ခြမ်းက တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့ပါတယ်’’ဟု ဖုန်ကြားရှင်က ဖေဖော်ဝါရီ ၂၅ ရက်တွင်အဆို ပါသတင်းစာသို့ ဖုန်းဖြင့် ဆက် သွယ်ဖြေကြားခဲ့ကြောင်း ရိုက်တာသတင်းက ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံသားများ ကို လက်နက်ကိုင်တိုက်ပွဲတွင် ပါ ၀င်တိုက်ခိုက်ခွင့်မပြုကြောင်းနှင့် တရုတ်နိုင်ငံသားများကို ပြဿနာထဲဆွဲသွင်းခြင်းက ၎င်းတို့ကိုပင် ပြန်လည်ထိခိုက်စေလိမ့်မည်သာ ဖြစ်ကြောင်း ဖုန်ကြားရှင်က ဆက်လက်ပြောကြားသည်။
‘‘တကယ်လို့ တရုတ်နိုင်ငံ သားတွေသာ တိုက်ပွဲထဲမှာ ၀င် တိုက်နေမယ်ဆိုရင် တရုတ်နိုင်ငံ က ပြည်ထဲရေးတာဝန်ရှိအဖွဲ့အ စည်းတွေက ချက်ချင်းကို ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်မှာပဲ။ ဒါအ ရေးအကြီးဆုံးအချက်ပဲ။ ပြီးရင် သူတို့ဘက်က ကျွန်တော်တို့ကို ဖိ အားတွေပြင်းပြင်းထန်ထန် ပေးလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့တပ်ဖွဲ့ရဲ့မူကတော့ တရုတ်နိုင်ငံ သားတွေ ပါဝင်တိုက်ခိုက်ဖို့ ခွင့်မ ပြုပါဘူး’’ဟု ဖုန်ကြားရှင်က The Global Times သတင်းစာအား ပြောကြားသည်။
ထို့ပြင်  ဖုန်ကြားရှင်၏သမက် ကိုးကန့်တပ်ဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ၎င်း တို့မှာ ၂၀၀၉ ခုနှစ်ကတည်းကတရုတ်နိုင်ငံနှင့် အဆက်အသွယ် မ ရှိတော့ကြောင်း ပြောကြားခဲ့သည်။ဖေဖော်ဝါရီ ၂၅ ရက်က လည်း ဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး လောက်ကိုင်ဒေသ ခံများကို အကျပ်ကိုင်၍ လောက် ကိုင်မြို့အတွင်းသို့ အဓမ္မပြန်လည်ခြေချခြင်းများပြုလုပ်နေသည့် လက်ရှိကိုးကန့်ခေါင်းဆောင် ပယ်စောက်ချိန်နှင့် ၎င်း၏ သားတို့ကို သတိပေးသည့်အနေဖြင့် ပယ် စောက်ချိန်၏ အိမ်ကို ခြိမ်းခြောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဦး ထွန်းမြတ်လင်းက ၀န်ခံခဲ့သည်။
http://7daydaily.com/story/32642#.VO_fnY4YuM8

မြောက်ဥက္ကလာပ မျက်နှာဖုံးစွပ် လူသတ်မှု ယနေ့အမိန့်ချမည်

ရန်ကုန်တိုင်း မြောက် ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့ သော မျက်နှာဖုံးစွပ်လူသတ်မှု ၌ ပါဝင်သူများကို ဖေဖော်ဝါရီ  ၂၇ ရက်တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ အမိန့်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါ အမှုမှာ ၂၀၁၁ နို ၀င်ဘာ ၁၇ ရက် ည ၈ နာရီခွဲခန့် တွင် မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက် နွယ်သာကီ ၆ လမ်းရှိ 6 Star စားသောက်ဆိုင်သို့ လိုက်ထရပ်ကားဖြင့် မျက်နှာဖုံးစွပ်နှင့် လူများ ရောက်လာကာ မျက်နှာဖုံးစွပ်ထားသူ ခြောက်ဦးက ဓားရှည်များကိုင်ကာ ကိုကျော်မင်းဆိုသူကို ၀ိုင်းခုတ်ခဲ့သည်။
ဓားဖြင့် ၀ိုင်းခုတ်သတ်စဉ် ကျော်မင်းက ဆိုင်အပြင်သို့ ထွက် ပြေးခဲ့သော်လည်း ဆိုင်အပြင်တွင် အသင့်စောင့်နေသူများက ဓားဖြင့် ၀ိုင်း၍ ခုတ်ခဲ့ပြန်သည်။
‘‘အရင်ဒီအမှုကို စစ်ဆေးနေ တာက ရန်ကုန်အရှေ့ပိုင်း ခရိုင် တရားရုံးမှာ စစ်နေတာပါ။ နောက်ပိုင်း အမှုစစ်နေတဲ့ ကာလအတွင်း လုံခြုံရေးအခြေအနေအရ မြောက်ပိုင်းခရိုင်တရားရုံးကို လွှဲပြောင်းစစ်ဆေးနေတဲ့ အမှုပါ။ ဒီအမှုကိုဒုခရိုင်တရားသူကြီး(၂) က စစ်ဆေးနေပါတယ်’’ ဟု မြောက်ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လူသတ်မှု အမိန့်ချမည့် နေ့တွင်လည်း မြောက်ပိုင်းခရိုင် တရားရုံးမှ ရဲဝန်ထမ်းများနှင့် အင်းစိန်မြို့မရဲစခန်းမှ ရဲဝန်ထမ်း များ ပူးပေါင်းကာ လုံခြုံရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်းစိန်ရဲစခန်းမှ မြို့နယ်မှူးရဲမှူးမြင့်သိန်းက ဆိုသည်။
‘‘ဒီအမှုနဲ့ ပတ်သက်လို့ ဖမ်း ဆီးရမိထားတဲ့ ၁၅ ဦးကို ၂၇ ရက် ရုံးထုတ်မယ်။ စီရင်ချက်ကိုလည်း အဲဒီနေ့မှာ အပြီးချမယ်လို့ သိရ ပါတယ်။ စီရင်ချက်ချမယ့်နေ့မှာ လည်း လုံခြုံရေးကို အပြည့်အ၀ ဆောင်ရွက်ထားပါတယ်’’ဟု ၎င်း က ပြောသည်။
မျက်နှာဖုံးစွပ် လူသတ်မှုစစ် ဆေးခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီး လုံခြုံရေးအခြေအနေအရ  တရားရုံးများ ပြောင်းလဲစစ်ဆေးခဲ့ပြီး သံသယရှိသူ ၂၃ ဦးကို စစ်ဆေးခဲ့ကာ တရားခံဟု ယူဆရသူ ၁၅ ဦးကို အမိန့်ချမှတ်မည် ဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီးအ တွင်း အုပ်စုဖွဲ့ရန် ဖြစ်မှုများ၊ လူ သတ်မှုများ မကြာခဏ ဖြစ်ပွား လေ့ရှိပြီး တရားခံဖော်ထုတ်နိုင် သည့် အမှုများရှိသကဲ့သို့ တရားခံ မပေါ်ပေါက်သေးသည့် အမှုများ လည်း ကျန်ရှိနေပြီး ရန်ကုန်တိုင်း တွင် မြောက်ပိုင်းခရိုင်သည် မှုခင်း အဖြစ်များဆုံး ခရိုင်ဖြစ်ကြောင်း သိရသည်။
http://7daydaily.com/story/32638#.VO_fqo4YuM8

ကိုးကန့်တိုက်ပွဲတွင် တပ်မတော်အရာရှိအပါအ၀င် စစ်သည်လေးဦးထပ်မံကျဆုံး

 လောက်ကိုင်မြို့အနီး တွင် မြန်မာ့တပ်မတော်နှင့် ကိုး ကန့်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် တပ် မတော်ဘက်မှ အရာရှိအပါအ၀င် စစ်သည်လေးဦး ထပ်မံကျဆုံး ခဲ့ကြောင်း ပြန်ကြားရေးဝန် ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက် တွင် သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၆ ရက် နံနက် က လောက်ကိုင်မြို့အနီး မန် ချူးကျေးရွာအရှေ့တောင်ဘက် လျှိုမြောင်ကြားကြံခင်းအနီး၌ တပ် မတော်စစ်ကြောင်းနှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထို့အတူ ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်း လောက်ကိုင်မြို့အ နောက်မြောက်ဘက်တစ်ဝိုက် ၌် တစ်ကြိမ်၊ ချင်းရွှေဟော်နှင့် လုံထန်ကျေးရွာကြားတွင် တစ် ကြိမ်၊ လောက်ကိုင်နှင့် ကုန်းကြမ်း ကြား ၂၃ မိုင်အနီး၌ တစ်ကြိမ် တပ်မတော်စစ်ကြောင်းနှင့် ကိုး ကန့်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်များတွင် ကိုး ကန့်လက်နက်ကိုင်အဖွဲ့ထံမှ အ လောင်းတစ်လောင်း၊ အမ် (၂၂) သေနတ်တစ်လက်၊ တရုတ်လက် ပစ်ဗုံး ငါးလုံး၊ ကျည်မျိုးစုံ ၂၈၆ တောင့်၊ MNDAA ၀တ်စုံ ၁၃ စုံ သိမ်းဆည်းရရှိကာ တပ်မတော်မှ အရာရှိအပါအ၀င် စစ်သည်လေးဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။
ကိုးကန့်ဒေသတိုက်ပွဲများ တစ်လျှောက်တွင် ဖေဖော်ဝါရီ ၂၆ ရက်ထိ တပ်မတော်မှ ၆၄ ဦး ကျဆုံးခဲ့ကာ ကိုးကန့်လက်နက် ကိုင်အဖွဲ့မှ ၈၂ ဦး သေဆုံးခဲ့ ကြောင်း အစိုးရ၏ သတင်းထုတ် ပြန်ချက်များအရ သိရသည်။
http://7daydaily.com/story/32636#.VO_hp44YuM9

အမျိုးသားပညာရေးဥပဒေအတွက် ဆန္ဒပြခဲ့သည့် ကျောက်ဆည်တက္ကသိုလ်ကျောင်းသားများကို အရေးယူမည်ဟုဆို

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး
အမျိုးသားပညာရေး ဥပဒေအမြန်ဆုံးပြင်ဆင်ပြဋ္ဌာန်း ပေးရန်နှင့် ပညာရေးသပိတ်စစ် ကြောင်းများအား ထောက်ခံ ကြောင်း ဆန္ဒပြခဲ့ကြသည့် ကျောက်ဆည်တက္ကသိုလ်ကျောင်းသား များကို ဥပဒေအရ အမှုဖွင့်အရေး ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။
ဗိုလ်မှူးကြီး အောင်ကျော် မိုးက ဖေဖော်ဝါရီ ၂၅ ရက်တွင် မီဒီ ယာတွေ့ဆုံပွဲပြုလုပ်ကာ ကျောက် ဆည်မြို့တွင်းနှင့် ကျောက်ဆည် တက္ကသိုလ်တို့၌  ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားများကို အမှုဖွင့်အရေးယူမည် ဖြစ်ကြောင်း သတိပေးပြောကြား ခြင်း ဖြစ်သည်။
ဆန္ဒပြကျောင်းသားများအား ဥပဒေလိုက်နာရန်နှင့် ဖောက်ဖျက်ပါက အရေးယူမည်ဖြစ်ကြောင်း သွားရောက်တားမြစ်ပြောကြားခဲ့ သော်လည်း လိုက်နာမှုမရှိခဲ့ဟု ဆိုသည်။ လက်ရှိအချိန်တွင် ဆန္ဒပြ ပွဲဦးဆောင်သည့် ကျောင်းသား များကို အမှုဖွင့်အရေးယူရန် စီစဉ် နေပြီး သက်ဆိုင်ရာကျောက်ဆည် ခရိုင်နှင့် ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ မှ အမှုဖွင့်မည်ဖြစ်ကြောင်း ဗိုလ် မှူးကြီး အောင်ကျော်မိုးက ပြော သည်။
‘‘ကျောင်းသားတွေကို ဥပဒေကြောင်းအရ အရေးယူမယ်ဆို တာက ဒါသူတို့ရဲ့ ပညာရေးဥပဒေကို ဆန့်ကျင်လို့ အရေးယူတာ မဟုတ်ဘူး။ သူတို့ရဲ့ ပြစ်မှုကြောင်းအရ ကျူးလွန်တဲ့အတွက်ကြောင့် ပဲ အရေးယူဆောင်ရွက်တာ ဖြစ် ပါတယ်။ ဆန္ဒပြတဲ့သူတွေတိုင်းကို အရေးယူတာမဟုတ်ပါဘူး’’ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ကျောက်ဆည်တက္ကသိုလ်ဆန္ဒပြ ကျောင်းသားများကို အရေးယူ မည့်ကိစ္စနှင့် ပတ်သက်၍ ပြော သည်။ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၀ နာရီကျော်မှ ညနေ ၃ နာရီခန့်အထိ ကျောင်းသား၊ ကျောင်းသူ ၈၀ ခန့်က ကျောက်ဆည်တက္ကသိုလ်တွင်ဆန္ဒပြခဲ့သည်။ကျောက်ဆည်တက္ကသိုလ်တွင်းနှင့် ကျောက်ဆည်မြို့တွင်းရှိ ဗိုလ်ချုပ်ပန်းခြံတို့သို့ လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ကျောက်ဆည်ခရိုင်ကျောင်းသားသမဂ္ဂက  ဦးဆောင် ကာ မန္တလေးရတနာပုံတက္ကသိုလ်မှ ကျောင်းသားအချို့လည်း ပူးပေါင်းပါဝင်ခဲ့သည်ဟု ဆန္ဒပြပွဲဦးဆောင်သည့် ကျောင်းသားများက ပြောသည်။
‘‘ကျောင်းသားတွေတောင်း ဆိုတာကို အချိန်မဆွဲဖို့နဲ့ အမျိုး သားပညာရေးဥပဒေကို အမြန်ဆုံးပြင်ဆင်ပြဋ္ဌာန်းပေးဖို့ ဖိအားပေး တောင်းဆိုတာပါ။ ပြီးတော့ ပညာ ရေးသပိတ်စစ်ကြောင်းတွေကို ထောက်ခံကြောင်း ဆန္ဒပြခြင်း ဖြစ် ပါတယ်’’ဟု ကျောက်ဆည်တက္က သိုလ် ဆန္ဒပြပွဲဦးဆောင်သည့် ကျောက်ဆည်ခရိုင်ကျောင်းသား သမဂ္ဂတာဝန်ခံ ကျောင်းသားကို အောင်မင်းခန့်က ပြောသည်။
ဆန္ဒပြပွဲတွင် မြို့နယ်ထွေ အုပ်နှင့် နယ်လုံဝန်ကြီးတို့ လာ ရောက်တားမြစ်ခဲ့သည်ဟုလည်း ကျောင်းသားများက ဆိုသည်။ သို့ သော် ယခုကဲ့သို့ အမှုဖွင့်အရေးယူ မည်ဆိုသည့်ကိစ္စမှာ အစိုးရအဖွဲ့ မှ ကျောင်းသားများကို အရေးမယူဟူသော ၎င်းတို့ပေးထားသည့် ကတိကို ချိုးဖောက်ခြင်းဖြစ်သည် ဟု ဆန္ဒပြကျောင်းသားများက ဝေဖန်ပြောကြားသည်။
http://7daydaily.com/story/32649#.VO_fho4YuM8

ပန်ဆေးရဲစခန်းအနီးတွင် TNLA အင်အား ၁၀၀ ခန့် တပ်စွဲထား၍ အစိုးရတပ် လုံခြုံရေးပေးရ

တပ်ဖွဲ့ဝင် ၁၄ ဦးသာရှိ နေသည့် နမ့်ခမ်းမြို့ ပန်ဆေးနယ် မြေရဲစခန်းအနီးတွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)က အင်အား ၁၀၀ ခန့်တပ်စွဲထားသောကြောင့် အစိုးရတပ်မတော်က လက်နက်ကြီးပစ်၍ တားဆီးကာ လုံခြုံရေးအသင့်စောင့်ေ ကြောင်း သတင်းရရှိသည်။
ပန်ဆေးနယ်မြေ ရဲစခန်း အရှေ့ကိုက် ၃၀၀ ခန့်အကွာတွင် TNLA အင်အား ၁၀၀ ခန့်က တပ် ဆိုင်ထားခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာ ရှိတစ်ဦးက ပြောသည်။ ဖေဖော် ၀ါရီ ၂၅ ရက် နံနက်က ၎င်းတို့ကို စတင်တွေ့ရှိခြင်းဖြစ်ပြီး အစိုးရ တပ်မတော် ခလရ (၁၂၇)က လက်နက်ကြီး သုံးချက်ပစ်ခတ်ခဲ့သော်လည်း ထိုနေရာတွင်ပင် တပ်ဆိုင်ထားဆဲဖြစ်ကြောင်း သတင်း ရရှိသည်။
‘‘ခလရ (၁၂၇) က လက် နက်ကြီးနဲ့ သုံးချက်ပစ်ထားတယ်။ သူတို့ (TNLA) တွေ နေရာယူထား တုန်းပဲ’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် ပန်ဆေးနယ်မြေရဲစခန်းအနီးသို့ ခလရ (၈၃) ကပါ လုံခြုံရေးယူ ထားကြောင်း သတင်းရရှိသည်။ ပန်ဆေးနယ်မြေရဲစခန်းမှာ နမ့် ခမ်းမြို့နှင့် ၁၅ မိုင်ခန့်သာဝေး သောကြောင့် ဒေသတွင်းလုံခြုံ ရေးအတွက် တပ်မတော်က အသင့်ပြင်ထားခြင်း ဖြစ်နိုင် ကြောင်း နမ့်ခမ်းဒေသခံတစ်ဦးက သုံးသပ်သည်။
TNLA ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပန်ဆေးရွာအနီး ၎င်းတို့ တပ်ဖွဲ့များ ရောက်ရှိနေခြင်း မှာ ဒေသတွင်းဘိန်းခင်းများ ဖျက် ဆီးရန်ဖြစ်ကြောင်း ပြောသည်။ ယခုရက်ပိုင်းအတွင်း နမ့်ခမ်းမြို့ ပန်ဆိုင်းမြို့အပါအ၀င် ရှမ်းပြည် မြောက်ပိုင်းဒေသအများစု၌ အစိုး ရတပ်မတော်နှင့် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံမှု မကြာခဏဖြစ်ပွားနေ သည်။
ပန်ဆိုင်းမြို့တွင် လက်နက် ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ကုန်တင် ကားတစ်စီးကို ဗုံးခွဲဖျက်ဆီးမှု ဖြစ် ပွားခဲ့ပြီး ကွတ်ခိုင်နှင့် သိန်နီးမြို့ အနီးတွင်လည်း နှစ်ဖက်အပစ် အခတ်မှုများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်။
http://7daydaily.com/story/32663#.VO_cC44YuM8

February 26, 2015

မိကျောင်းကန်သပိတ် ဖြိုခွဲခံရ

မိကျောင်းကန်သပိတ်စခန်းဆန္ဒပြသူတွေကို အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ Photo: Nay Myo Htun/RFA
စစ်တပ်ကသိမ်းထားတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန်ရပ်ကွက်က နေအိမ်မြေနေရာတွေ ကိုပြန်ပေးဖို့ မြို့တော်ခန်းမအနီးမှာ တောင်းဆိုနေတဲ့ သပိတ်စခန်းကို ဒီနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက် မနက် ၄ နာရီဝန်းကျင်မှာ ရဲအင်အားအလုံးအရင်းနဲ့ ဝင်ရောက် ဖျက်သိမ်းပြီး၊ သပိတ်စခန်းမှာရှိတဲ့ လူအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မျက်မြင်ကိုယ်တွေ့တစ်ဦးဖြစ်တဲ့ လယ်သမားရေးဆောင်ရွက်သူ ကိုကြည်လွင်က RFA ကို အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီနေ့ ၄ နာရီခွဲ အဲဒီ့ကိုရောက် လည်းရောက်ရော အဲဒီ့မှာ ရဲနဲ့ တပ်အင်အားပေါင်း ၂ဝဝ လောက်ရှိတယ်၊ ဝိုင်းပြီးတော့ လက်နက် ကိုယ်စီနဲ့ အတင်းဖြိုလိုက်တာ၊ အဲ့ဒါပဲတွေ့လိုက်ရတယ်ခင်ဗျ"

မိကျောင်းကန်ရပ်ကွက်အပိုင်း ၁-၂-၃ ကို လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်မှာ စစ်တပ်ကသိမ်းလိုက်တဲ့အတွက် မူလဒေသခံတွေဟာ ရန်ကုန်ရဲ့ မြို့စွန်ဘက်တွေကို ရောက်သွားရပါတယ်။ အဲဒီ့အိမ်ယာမြေတွေပြန်ပေးဖို့ သပိတ်စခန်းဖွင့်တောင်းဆိုနေတာ အခုဆိုရင် ၁၁ လရှိပြီဖြစ်ပါတယ်။

ဒီကိစ္စအတွက် ခေါင်းဆောင်ဦးစိန်သန်းနဲ့ မြို့တော်ခန်းမရှေ့ဆန္ဒပြသူ ၁၄ ဦးကိုလည်း ထောင်ချထားပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/meechaungkan-camp-crackdown-02262015011843.html

တပ်မတော် သိမ်းပိုက်ထားသည့် နယ်မြေ များအား ပြန်လည် သိမ်းယူမည် မဟုတ်ဟု MNDAA ဆို

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် ဒေသတွင် တပ်မတော်မှ သိမ်းပိုက် ထားသည့် စစ်ရေးဗျူဟာ အရ အရေးကြီးသော တောင်ကုန်း များအား ကိုးကန့်တပ် (MNDAA) အနေဖြင့် ပြန်လည် သိမ်းပိုက် သွားမည် မဟုတ်ကြောင်း MNDAA ပြောရေးဆိုခွင့် ရှိသူ ဦးထွန်းမြတ်လင်းက The Messenger Media သို့ ပြောသည်။
                ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင် အဖွဲ့က ယာယီခြေကုပ်ယူ ထားသည့် စစ်ရေးဗျူဟာအရ အရေးကြီးသော လောက်ကိုင်-တာရွှေထန် လမ်းကြောင်းပေါ်ရှိ တောင်ကုန်း များကို တပ်မတော် စစ်ကြောင်း များက ဖေဖော်ဝါရီလ (၂၂) ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်လည် သိမ်းပိုက် နိုင်ပြီ ဖြစ်ကြောင်း တပ်မတော်က ယခုလ (၂၃) ရက်နေ့၌ သတင်း ထုတ်ပြန်ခဲ့သည်။ ကျွန်တော်တို့ အနေနဲ့ အဲဒီတောင်ကုန်းတွေကို ပြန်သိမ်းပိုက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တပ်စခန်းတွေ ကတော့ တောင်ပေါ်မှာ ရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့ တွေ မြို့တွေပေါ်မှာမနေပါဘူး။ ကျွန်တော်တို့ ဘာသာ ကျွန်တော်တို့ နေနေတာပါ ဟု ၎င်းက ဆက်ပြောသည်။
                ယခုလ (၂၃) ရက်နေ့က စစ်ပွဲများ ဖြစ်ပွားနေသော လောက်ကိုင်မြို့ရှိ စီအော အကျဉ်းထောင်မှ အကျဉ်းသားများနှင့် တိုက်ပွဲရှောင် ပြည်သူ များ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ ပါဝင်သော ယာဉ်တန်းကို ယင်းနေ့ ညနေပိုင်းတွင် ပါစင်ကျော်ကျေးရွာနှင့် ချင်းရွှေ ဟော်ကြားရှိ လုံထန်ရွာ အနီး၌ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန် ထားသည်။ ယင်းသို့ပစ်ခတ်မှုကြောင့် ယာဉ်တန်းတွင် လိုက်ပါ လာသော အကျဉ်း ဦးစီးဌာနမှ ၀န်ထမ်း တစ်ဦး၊ အကျဉ်းသူ (၄၄) ဦးနှင့် စစ်သည် တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူ များအား ကွမ်းလုံမြို့ရှိ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်း ရရှိသည်။
 http://www.messengernewsjournal.com/News/Local/detail.php?id=32549

ဖုန်ကြားရှင်အား ဖမ်းဆီးနိုင်ရန် တရုတ် အစိုးရ ကူညီမည်

ကိုးကန့် လက်နက်ကိုင် ခွဲထွက် အဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင်အား ဖမ်းဆီး အရေးယူ နိုင်ရန် တရုတ် အစိုးရမှ ကူညီမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက The Messenger Media သို့ ပြောသည်။ ကျွန်တော်တို့ မြေကို အသုံးချပြီး ဖုန်ကြားရှင်ကို ကူညီနေတာ မဟုတ် ပါဘူး၊ သူတို့ ဗဟို အစိုးရ ပေါ်လစီက မှန်တယ်။ အခုဆို တရုတ် အစိုးရက ကူညီနေပါပြီ ဟု နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးက ဆိုသည်။
         ယင်းကဲ့သို့ ကူညီရာတွင် ဖုန်ကြားရှင် အဖွဲ့နှင့် သက်ဆိုင်သည့် သတင်း အချက်အလက် များအား တရုတ် အစိုးရထံ ပေးပို့ ထားပြီး၊ နှစ်နိုင်ငံ ပူးပေါင်းကာ ဖြေရှင်းပေး သွားမည် ဖြစ်ကြောင်း သိရသည်။ ဖုန်ကြားရှင် အဖွဲ့အား တရုတ် အစိုးရမှ ထောက်ပံ့မှု မရှိသလို တရုတ်နိုင်ငံ အတွင်းတွင်  လည်းနေထိုင်ခွင့် ပြုမည် မဟုတ်ဘဲ နှစ်နိုင်ငံ အပြန်အလှန် ကူညီဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
        တရုတ် အစိုးရက လက်နက်တွေ ထောက်ပံ့ခြင်းလည်း မရှိပါဘူး၊ အဲဒါကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စရာ မရှိဘူး ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဆိုသည်။ သို့သော် တရုတ်ဗဟို အစိုးရမှ ဖုန်ကြားရှင် အဖွဲ့ အား ထောက်ပံ့မှု မရှိသော်လည်း အောက်ခြေ အဖွဲ့ အစည်း များက ထောက်ပံ့ခြင်း ရှိမရှိ အတိအကျ မပြောနိုင် သေးကြောင်း ၎င်းက ဆိုသည်။
        ဖုန်ကြားရှင် အဖွဲ့နှင့် ပတ်သက်၍ ယခုလ (၂၁) ရက်နေ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက နေပြည်တော်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ရာ၌ ဖုန်ကြားရှင်သည် တရုတ်နိုင်ငံ ဟိုတယ် တစ်ခုတွင် နေထိုင်၍ သူ၏ တပ်ဖွဲ့ဝင် များအား ကွပ်ကဲနေကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် ကိုးကန့် ဒဏ်ရာရ စစ်သည်များ ကိုလည်း တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံက လက်ခံ ကုသပေးမှုများ ရှိနေကြောင်း ဓာတ်ပုံ အထောက်အထား အချို့ဖြင့် အသိပေး ထုတ်ပြန် ခဲ့သည်။
 http://www.messengernewsjournal.com/News/Local/detail.php?id=32554

ပြည်တွင်း ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီ (၈)ခုအား လိုင်စင်ထပ်မံ ချပေးမည်

  မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ရန် အတွက် ပြည်တွင်း ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီရှစ်ခုအား ယခု လကုန်ပိုင်းတွင် လိုင်စင် ထပ်မံချပေး သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် ၀န်ကြီးဌာန ထံမှ သိရသည်။ ယင်းကဲ့သို့ ကုမ္ပဏီ များအား လိုင်စင် ထပ်မံ ချထားပေး ခြင်းကြောင့် မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍပိုမို ဖွံ့ဖြိုး တိုးတက် လာမည့် အပြင် အလုပ်အကိုင် များလည်း ဖန်တီးပေး နိုင်မည် ဖြစ်ကြောင်း သိရသည်။
                 လျှောက်ထားတဲ့ ကုမ္ပဏီတွေ အများကြီး ရှိပေမယ့် ဒီကုမ္ပဏီရှစ်ခုက အချက်အလက်တွေ ပြည့်စုံတယ်။ ပြီးတော့ အစိုးရ အဖွဲ့ ကလည်း ခွင့်ပြုတဲ့ အတွက် လိုင်စင် ထပ်ချပေးမှာပါ ဟု ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။ လက်ရှိ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ရန် လိုင်စင်ချထား ပေးသည့် ကုမ္ပဏီ (၁၀) ခုရှိပြီး၊ ယခု ကုမ္ပဏီ ရှစ်ခုအား ထပ်မံ ချထားပေးမည် ဖြစ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေး ကုမ္ပဏီ (၁၈) ခုရှိ လာမည် ဖြစ်ကြောင်း သိရသည်။
                အဆိုပါ ကုမ္ပဏီများမှ ဆက်သွယ်ရေး လုပ်ငန်းများ ဖြစ်သည့် တာဝါတိုင် တည်ဆောက်ခြင်း၊ ဖိုက်ဘာလိုင်း တည်ဆောက်ခြင်းနှင့် ရေဒီယို စခန်းများ တည်ဆောက်ခြင်း စသည့်တို့ကို လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေး ကုမ္ပဏီတွေ ဘယ်လောက်များများ အဓိက ကတော့ ပြည်သူတွေကို အကောင်ဆုံး ၀န်ဆောင်မှုပေး နိုင်ဖို့ပဲ လိုပါတယ် ဟု တယ်လီနော (မြန်မာ) ၏ ပြန်ကြားရေး တာဝန်ခံ ဦးစိုးသူက ပြောသည်။
                ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ရန် နှင့် လုပ်ကိုင်ခွင့် ပြုရန် စီစဉ်နေသည့် ကုမ္ပဏီ များမှာ၊ Y talk ကုမ္ပဏီ၊ Fortune International ကုမ္ပဏီ၊ Call Center ကုမ္ပဏီနှင့် Global Net ကုမ္ပဏီတို့ ပါဝင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန ထံမှ သိရသည်။
 http://www.messengernewsjournal.com/News/Local/detail.php?id=32556

လောက်ကိုင်တိုက်ပွဲမှ စစ်ရှောင်လာသူ နောက်ဆုံးကျန်ရှိ ဒုက္ခသည် ၁၀၀ ကျော် မန္တလေးသို့ ပြန်ပို့ပြီ

လားရှိုးမြို့တွင် နောက်ဆုံးကျန်ရှိသည့် စစ်ဘေးရှောင်ဒုက္ခသည် ၁၂၅ ဦးကို ဖေဖော်ဝါ ရီ ၂၅ ရက်က နေရပ်ပြန်နိုင်ရန် လာရှိုးမြို့မှ မန္တလေးသို့ မော်တော်ယာဉ် ၂၅ စီးဖြင့် ထွက်ခွာသွားပြီဖြစ်ကြောင်း လာရှိုး မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက မဇ္ဈိမကို ပြောသည်။
Kokang-Battle-04
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးနောက် ဒေသခံများနှင့် ရွှေ့ပြောင်းနေထိုင်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်လာကြသည်ကို ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
မန်ဆူ ဘုန်းတော်ကြီးကျောင်းတွင် ခိုလုံနေသည့် ဒုက္ခသည်များအနက် နောက်ဆုံးကျန်ရှိသည့် စစ်ဘေးရှောင် ဒုက္ခသည်များ အမျိုးသား ၉၃ ဦးနှင့် အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၁၂၅ ဦးကို ပြန်လည်ပို့ဆောင်ပေးခြင်း ဖြစ်သည်။
ဦးဝေလင်းက ''အခုလားရှိုးမြို့မှာ နေရပ်ပြန်မယ့် စစ်ဘေးရှောင်ဒုက္ခသည်တွေ မရှိတော့ပါဘူး။ အားလုံးကို နေရပ်ပြန်နိုင်အောင် စီစဉ်ပေးလိုက်ပါပြီ။ နေရပ်ပြန်စစ်ဘေးရှောင်တွေက ညနေထပ်ရောက်လာရင် နေရပ်ပြန်နိုင်အောင် ထပ်မံစီစဉ်ပေးသွားမှာပါ''ဟု ပြောသည်။
လောက်ကိုင်ဒေသတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် လားရှိုးမြို့တွင် စစ်ဘေးရှောင် ဒုက္ခသည် ၅ဝ,ဝဝဝ ကျော် ရှိခဲ့သည်။
မန်ဆူဘုန်းကြီးကျောင်း ဂေါပကအဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး(၃) ဦးစိုင်းဆီးက''လောက်ကိုင်က လာ တဲ့ နေရပ်ပြန်မယ့် စစ်ဘေးရှောင် ဒုက္ခသည်တွေကတော့ မရှိတော့ဘူး။ အကုန်လုံးကို ပြန်နိုင်အောင် ဒီနံနက် (ဖေဖော်ဝါရီ ၂၅ ရက်) စီစဉ်ပေးလိုက်ကြတယ်။ အခု လောက်ကိုင် ဒေသဇာတိပြန်မယ့် စစ်ဘေးရှောင် ဒုက္ခသည်တွေပဲ ရှိတော့တယ်'' ဟု ပြောသည်။
လာရှိုးမြို့မှ မန္တလေးသို့ ပို့ဆောင်ပေးနေသည့် နေရပ်ပြန်စစ်ဘေးရှောင် ဒုက္ခသည်များသည် လောက်ကိုင် ဒေသသို့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အသီးသီးမှ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ရောက်ရှိလာသူ များဖြစ်သည်ဟု ၎င်းက ဆိုသည်။
မန်ဆူဘုန်းတော်ကြီးကျောင်းတွင် လက်ခံထားရှိသည့် လောက်ကိုင်ဒေသတွင်း ဇာတိပြန်ရန် စောင့်ဆိုင်းနေသူ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်မှာ ၃ဝ ခန့် သာရှိတော့သည်ဟုလည်း ၎င်းက ဆိုသည်။
လောက်ကိုင်ဒေသအတွင်း ဖေဖော်ဝါရီ ၉ ရက်က စတင်ကာ ဦးဖုန်းကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရ တပ်မတော်ကြား ဖေဖော်ဝါရီ ၉ ရက်က စ၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
MNDAA ခေါ် ကိုးကန့်တပ်မတော်သည် ၁၉၈၉ ခုနှစ်က မြန်မာအစိုးရစစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် ကိုးကန့် တပ်မတော်၏ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် လက်နက်ထုတ်လုပ်မှုကို ဓာတ်ပုံအ ထောက်အထားနှင့်တကွ မြန်မာအစိုးရ စစ်တပ်က ထောက်ပြပြောဆိုခဲ့သည်ကို ငြင်းဆိုခဲ့သည်။
ယင်းနောက် စုံစမ်းရန်ရောက်ရှိလာသည့် ရဲဝန်ထမ်း ၁၄ ဦးကို ကိုးကန့်တပ်မတော်က သတ်ဖြတ်ပြီး နောက် မြန်မာအစိုးရစစ်တပ်က မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို ဝင်ရောက်ရှာဖွေရာမှ တိုက်ခိုက်ခဲ့သဖြင့် ကိုးကန့် တပ်မတော်ခေါင်းဆောင် ဦးဖုန်ကြားရှင်သည် အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယခု နှစ် ဖေဖော်ဝါရီ ၉ ရက်မှ စတင်ကာ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/39700-2015-02-26-02-02-44

လောက်ကိုင်မှ ဒဏ်ရာရ စစ်သည်များအား HIV ဝေဒနာ ခံစားနေရသော ကလေးငယ် များက လှူဒါန်းမည်

မန္တလေးမြို့ရှိ HIV ကလေးငယ်များက လောက်ကိုင် တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သော စစ်သည်များအား အလှူငွေများ လှူဒါန်းမည် ဖြစ်ကြောင်း ကလေးငယ်များ အုပ်ချုပ်ရေးမှူး ဒေါ်သီတာဆင့်က ပြောသည်။
                 HIV ကလေးများ အနေဖြင့် မိမိတို့အား အလှူရှင်များ လာရောက် လှူဒါန်းထားသော အလှူငွေများ ထဲမှ ထက်ဝက်နှင့် ၎င်းတို့ ကပြ ဖျော်ဖြေမှု များမှ ရရှိသော ရန်ပုံငွေ တချို့ တစ်ဝက်တို့ အပါအ၀င် စုစုပေါင်း အလှူငွေ ခုနစ်သိန်းအား ပြင်ဦးလွင်မြို့ စစ်ဆေးရုံတွင် တက်ရောက် ကုသ နေသော ဒဏ်ရာရ စစ်သည် များထံ သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း သုခရိပ်မြုံ လူငယ် သင်တန်းကျောင်းမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။
                ကလေးတွေရဲ့ စိတ်ထဲမှာလည်း ဒီတပ်မတော်သားတွေ အတွက်ပေါ့။ တစ်ခုခု လုပ်များ ပေးချင်နေ မလား၊ ကျွန်မတို့ တွေးမိပါတယ်။ အဲဒါနဲ့ ဒါလေးကို စီစဉ် ဖြစ်တာပါ။ ကိုယ်လည်း တတ်နိုင် သလောက် လေးပေါ့။ သိပ်အများကြီးလည်း ကျွန်မတို့ အနေနဲ့ မတတ် နိုင်ဘူး။ ဒါက အမှန်အတိုင်း ပြောတာ။ ပြီးတော့ အဲဒီဘက်ဒေသက လာပြီး ဒီမှာ နေနေတဲ့ ကလေးတွေလည်း  ရှိနေတော့ အဲဒါလည်း ပါပါတယ် ဟု ဒေါ်သီတာဆင့်က ပြောသည်။
                မတ်လ (၃) ရက်နေ့တွင် အဆိုပါ လှူဒါန်းမှုအား ပြင်ဦးလွင်မြို့သို့ သွားရောက် လှူဒါန်း သွားမည် ဖြစ်ပြီး၊ တခြား အလှူရှင်များ ထံမှ မိမိတို့ ထပ်ဆင့် အလှူခံခြင်းမျိုး မရှိဘဲ ကလေးငယ်များ အတွက် လာရောက် လှူဒါန်းမှု များနှင့် ရန်ပုံငွေပွဲများ ကပြရာမှ ရရှိသော အလှူငွေများ ထဲမှ တပ်မတော်သား များအား ဂုဏ်ပြုခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
                 ကျွန်မတို့ ကလေးတွေကို ပွဲတိုင်းဝင် နွှဲခိုင်းတယ်။ ဘာပွဲတွေ မန္တလေးမှာ ရှိလဲ၊ ဒါပဲ စောင့်နေတာ။ ရှိရင် ၀င်ကတယ်၊ ၀င်ပြိုင်တယ်။ ဒါမျိုးပဲ လုပ်တယ်။ သူတို့ ကလေးတွေရဲ့ စိတ်ထဲမှာ အဓိက ကတော့ အမြဲ တက်ကြွနေဖို့ပါ။ အဲဒီလို ကရာမှ ရတဲ့ ဆုငွေ တစ်ဝက်လောက် ပါမယ်။ ဒီအလှူမှာ၊ အဲဒီတော့ သူတို့ ကုသိုလ်လည်း ရတယ်လေ။ ဒါမျိုး ဖြစ်စေချင်တာ ဟု တာဝန်ခံ ဆရာမကြီး တစ်ဦးက ပြောသည်။ အဆိုပါ သုခရိပ်မြုံ လူငယ် သင်တန်း ကျောင်းအား ၂၀၁၂ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်တွင် HIV ကလေးငယ် (၄၁) ယောက်အား ပြုစု ပျိုးထောင်ပေးနေကြောင်း သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32586

Gmail ၀န်ဆောင်မှု မြန်မာဘာသာဖြင့် စတင်အသုံးပြုနိုင်

အမေရိကန်အခြေစိုက်နည်းပညာကုမ္ပဏီ ဂူးဂဲလ်သည် ၎င်းတို့၏ ထုတ်ကုန်တစ်ခုဖြစ်သည့် Gmail ကို မြန်မာစာဖြင့် တရားဝင်အသုံးပြုနိုင်ရန် မိတ်ဆက်လိုက်ကြောင်း အတည်ပြု ကြေညာသည်။
ဖေဖော်ဝါရီ ၂၅ ရက်မှစတင်ကာ ပြည်တွင်းရှိ Gmail အသုံးပြုသူများအား မြန်မာဘာသာစကားဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ် ကြောင်း ဂူးဂဲလ်၏ ထုတ်ကုန်ဆိုင်ရာ မန်နေဂျာ Mr. Divon Lan က ပြောသည်။
မြန်မာဘာသာစကားသို့ ပြောင်းလဲအသုံးပြုချင်သူများအ နေဖြင့် Language Drop Down Menu မှ Setting သို့ဝင်၍ Myan-mar Language ကို ရွေးချယ်ကာ အသုံးပြုနိုင်သည်။ သို့ရာတွင် Gmail တွင် အသုံးပြုထားသော မြန်မာစာမှာ Unicode ဖောင့်အမျိုးအစားဖြစ်သည်။ ထို့အတွက် ဂူးဂဲလ်သည် မိုဘိုင်းဖုန်း နှင့် သုံးစွဲသူများအား လွယ်ကူစွာရွေးချယ်အသုံးပြုနိုင်ရန်အခမဲ့ Virtual Keyboard နှစ်ခု ထည့်သွင်းပေးထားကြောင်း သိရသည်။
‘‘မြန်မာစကားပြောဆိုသူများ ၀က်ဘ်ဆိုက်မှာ ရင်ဆိုင်နေရတဲ့ ဘာသာစကားအခက်အခဲကိုလျော့နည်းစေဖို့ ဖြစ်ပါတယ်’’ဟု Mr. Divon Lan က ဆိုသည်။

ဂူးဂဲလ်သည် မြန်မာနိုင်ငံ၌ ၂၀၁၃ က အင်တာနက်ပေါ်တွင်  မြန်မာဘာသာဖြင့် အကြောင်းအရာများရှာဖွေနိုင်ရန် google.com.mm အမည်ရှိ Search Engine ကို စတင်မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံအတွက် Google Map နှင့် Google Android အက်ပလီကေးရှင်းများ ထုတ်လုပ်ထားသည်။
Gmail တွင် မြန်မာစာဖြင့် အသုံးပြုနိုင်ရန် စီစဉ်လုပ်ဆောင် ခဲ့မှုနှင့် ပတ်သက်၍ ဘလော့ဂ်ဂါကိုနေဘုန်းလတ်က‘‘အင်္ဂလိပ်စာမကျွမ်းကျင်တဲ့သူတွေအတွက် ပိုအဆင်ပြေလာမယ့်နည်းလမ်းတစ်ခုဖြစ်မှာပါ။ နယ်တွေမှာ ပိုအကျိုးရှိမှာပေါ့။  ဒါပေမဲ့ မြန်မာနိုင်ငံမှာက ဇော်ဂျီဖောင့်ကို ပိုအသုံးများတယ်။  ဂူးဂဲလ်အနေနဲ့ ဇော်ဂျီသုံးစွဲသူတွေကို အဆင်ပြေအောင်လုပ်ပေးမှ ပိုပြီးတွင်ကျယ်လိမ့်မယ်’’ဟု သုံးသပ်သည်။
http://7daydaily.com/story/32555#.VO6JPI4YuM8

ကိုးကန့်တိမ်းရှောင်အဖွဲ့က လောက်ကိုင်မြို့တွင်းသို့ လက်နက်ကြီးဖြင့်ပစ်၊ တစ်ဦးသေ လေးဦးဒဏ်ရာရ

ကိုးကန့်တိမ်းရှောင်အဖွဲ့က လောက်ကိုင်မြို့တွင်းသို့ ဖေဖော်ဝါရီ ၂၅ ရက် နံနက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကိုးကန့်လက် နက်ကိုင်အဖွဲ့များက လောက်ကိုင်မြို့ မြောက်ဘက်ရှိ စီအော ကျေးရွာဘက်မှ လောက်ကိုင်မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန်၏ နေအိမ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ ပြီး ကိုးကန့်လုံခြုံရေးအဖွဲ့မှ တစ်ဦးသေဆုံး၍ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ မွန်းလွဲတွင် ကုန်းကြမ်း-လောက်ကိုင်ကားလမ်း မိုင်တိုင် ၂၃ အနီးရှိ ကိုးကန့် လက်နက်ကိုင်အဖွဲ့များ ယာယီခြေကုပ်ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော ပွိုင့် -၂၁၇၅ တောင်ကုန်းကို တပ်မတော်က တိုက်ခိုက်သိမ်းယူခဲ့သည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁ နာရီခန့်က ကွတ်ခိုင်မြို့အတွင်း ကင်းလှည့်နေသည့် တပ်မတော်စစ်ယာဉ်တန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ကုန်းကြမ်း-လောက်ကိုင် ကားလမ်းပေါ်ရှိ ၁၈ မိုင်လမ်းဆုံ အနီးတစ်ဝိုက်၌ ကိုးကန့်တိမ်းရှောင်အဖွဲ့များ ယာယီခြေကုပ်ယူထားသည့်စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို ဖေဖော်ဝါရီ ၂၂ ရက်တွင် သိမ်းယူပြီးနောက် တပ်မတော်စစ်ကြောင်းများက ကိုးကန့်လက်နက်ကိုင်အဖွဲ့များ ဆုတ်ခွာသွားသည့် တောင်ကုန်းများ ၀န်းကျင်တွင် နယ်မြေရှင်းလင်းခဲ့သည်။
ယခုလ ၉ ရက်မှစတင်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက်အထိ တပ်မတော်မှ ၆၀ ဦး ကျဆုံးခဲ့ကာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ မှ ၈၀ ဦး သေဆုံးခဲ့ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
http://7daydaily.com/story/32546#.VO6JhI4YuM8

တရားသူကြီးပြောင်းရွှေ့သွား၍ မင်းအုပ်စိုးရုံးချိန်း မတ်လသို့ရွှေ့ဆိုင်း

မင်းအုပ်စိုးကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
လူသတ်မှုဖြင့် တရားစွဲ ခံထားရသော သရုပ်ဆောင်မင်း အုပ်စိုး၏ အမှုကို စစ်ဆေးနေ သော တရားသူကြီး ပြောင်းရွှေ့ သွားသောကြောင့် ဖေဖော်ဝါရီ ၂၅ ရက် ရုံးချိန်းတွင် စစ်ဆေးနိုင် ခြင်းမရှိကြောင်း သတင်းရရှိ သည်။
‘‘ပြောင်းသွားတဲ့ တရားသူ ကြီးနေရာကို နောက်ထပ်တရား သူကြီး မရောက်သေးတာကြောင့် မစစ်ဆေးဖြစ်တာပါ’’ ဟု မင်းအုပ် စိုး၏ ရှေ့နေက ပြောသည်။
အနောက်ပိုင်းခရိုင်တရားရုံး မှ ယခုရက်အတွင်း အမှုကို စစ် ဆေးနေသော တရားသူကြီး အ ပါအဝင် ပြောင်းရွှေ့သွားသည့် တရားသူကြီးသုံးဦးခန့်ရှိကြောင်း သတင်းရရှိသည်။
ထို့ကြောင့် မတ်လ ၁၁ ရက် သို့ ထပ်မံရုံးချိန်းခဲ့ပြီး အဆိုပါရုံး ချိန်းတွင် ၎င်းတို့ဘက်မှ သက်သေ များကို စစ်ဆေးသွားမည်ဟု မင်း အုပ်စိုး၏ ရှေ့နေကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက် ရုံးချိန်းတွင် တရားလိုအနေ ဖြင့် တရားစွဲဆိုခဲ့သော ရဲအရာရှိ အား မင်းအုပ်စိုး၏ ရှေ့နေက မေး ခွန်းများ မေးမြန်းခဲ့သည်။
မေးခွန်းအများစုမှာ အခင်းဖြစ်ပွားချိန်တွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေများကိုသာ မေးမြန်းခဲ့သည့်အတွက် တရားလိုက မသိရှိ ကြောင်း ဖြေကြားခဲ့သည်။
မင်းအုပ်စိုး၏ ရှေ့နေကမူ ယခုအမှုတွင် ၎င်း၏ အမှုသည်မှာ ရည်ရွယ်ချက်ရှိရှိဖြင့် သတ်ခဲ့ခြင်း မဟုတ်ဘဲ လူမှုရေးကိစ္စ စကား များရာမှ မတော်တဆ သေဆုံး ခြင်းသာဖြစ်ကြောင်း ပြောကြား ထားသည်
http://7daydaily.com/story/32542#.VO6Jr44YuM8

ရင်ချင်းဆက် အမြွှာမိန်းကလေးနှစ်ဦးကို အောင်မြင်စွာ ခွဲစိတ်

ရန်ကုန်ကလေးဆေးရုံ ကြီးတွင် အသက်တစ်နှစ်နှင့် ခုနစ်လအရွယ် ရင်ချင်းဆက် မိန်းက လေးအမြွှာခွဲစိတ်ကုသမှု အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။
ခွဲစိတ်ကုသမှုကို ဖေဖော်ဝါ ရီ ၂၄ ရက်က  ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ ရင်ချင်းဆက်မိန်းကလေး အမြွှာကို ၂၀၁၃ က မြောက်ဥက္က လာပဆေးရုံကြီး၌  မွေးဖွားခဲ့ပြီး ရင်ချင်း  ဆက်နေခြင်းကြောင့် ရန်ကုန်ကလေးဆေးရုံကြီးရှိ မွေး ကင်းစ အဆောင်တွင်  လိုအပ် သော  ကျန်းမာရေး ပြုစုစောင့် ရှောက်မှုကို  ခံယူစေခဲ့၍ အသက် တစ်နှစ်နှင့် ခုနစ်လပြည့်ပြီး အ ချိန်တွင် ခွဲစိတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကလေးငယ်နှစ်ဦး ကို  ခွဲစိတ်ပေးခဲ့သည့်  အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက် တာထူးဟန်က‘‘ကျန်းမာရေးက တော့ ရင်ချင်းဆက်နေတာက လွဲလို့ ကျန်တဲ့ကျန်းမာရေးက အ ကုန်ကောင်းတယ်။ မွေးကတည်း က မွေးကင်းစအဆောင်မှာထား ပြီး လိုအပ်တဲ့ ကာကွယ်ဆေးက အစ ပြည့်ပြည့်စုံစုံ ထိုးပြီးသွားပြီ။ ကိုယ်အလေးချိန်  ကလည်း ကောင်းတယ်။ အခုချိန်မှာတော့ အကောင်းဆုံး အခြေအနေရှိပါ တယ်’’ ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ဖြေဆိုခဲ့သည်။
ထိုကဲ့သို့ မခွဲစိတ်ဘဲထား မည်ဆိုပါက ကြီးပြင်းလာချိန်တွင် စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက် များ ကြုံနိုင်ခြင်း၊ ရင်ချင်းဆက် နေမှုကြောင့် တစ်ဦးက ကျန်းမာ ရေးချို့ယွင်းလျှင် နှစ်ဦးစလုံး ထိ ခိုက်လာမည့် ဆိုးကျိုးများရှိခြင်း ကြောင့် ယခုကဲ့သို့ ခွဲစိတ်ကုသရ ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ သည့် ရင်ချင်းဆက်အမြွှာများမှာ ၁၉၇၁ တွင် ရန်ကုန်မြို့၌ မနန်းစိုး၊မနန်းစံ၊ ၁၉၉၃ တွင် အေးအေးငြိမ်း၊ အိအိငြိမ်း၊ ၂၀၀၉ တွင် စိုပြေလင်း၊ စိုပြေ၀င်း၊ ၂၀၁၁ တွင် အင်ကြင်းခိုင်၊ အင်ကြင်းလှိုင်၊ ရန်ကင်း၊ရန်ရှင်း၊ ၂၀၁၃ တွင် ယခုခွဲစိတ်ခဲ့သည့် အမြွှာမိန်းကလေးနှစ်ဦး နှင့် ၂၀၁၄ တွင် မန္တလေးမြို့၌ ရင်ချင်းဆက်အမြွှာ ယောက်ျားလေး နှစ်ဦးတို့ ဖြစ်သည်။
ကျန်းမာရေးဖြစ်စဉ်များတွင် ထူးခြားမှုများအဖြစ် ၂၀၀၂  တွင် မန္တလေးမြို့၌   တင်ပါးဆုံအရိုးကွင်းဆက်ဖြင့် မွေးဖွားလာခဲ့သည့် မိုးမမအောင်၊ မိုးပပအောင်နှင့်၂၀၁၂ တွင် မန္တလေးမြို့ ၌ပင် တင်ချင်းဆက် အမြွှာနှစ်ဦးဖြစ်သည့် အောင်ခန့်ကျော်နှင့် အောင်မြတ်ကျော်တို့နှစ်ဦးကို အောင်မြင်စွာ ဖြင့် ခွဲစိတ်နိုင်ခဲ့သည်။
http://7daydaily.com/story/32592#.VO6HrY4YuM8

ကိုးကန့်တိုက်ပွဲတွင် ‘၀’တပ်ဖွဲ့ပါဝင်ကြောင်း တပ်မတော်၏ ပြောကြားချက်ကို ‘၀’တပ်ဖွဲ့ငြင်းဆို

တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ၌ တပ်မတော်သားနှစ်ဦးကိုတွေ့ရစဉ် (ဓာတ်ပုံ−အောင်သစ်လွင်)
အစိုးရတပ်နှင့် ဖုန်ကြား ရှင်၏ ကိုးကန့်တပ်ဖွဲ့တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲတွင် ‘၀’တပ်ဖွဲ့ပါဝင်ကြောင်း တပ်မတော်၏ ပြောကြားချက်မှာ ချဲ့ကားပြောခြင်းသာဖြစ်ပြီး    ကိုးကန့်တိုက်ပွဲ၌ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ကြားနေအဖြစ်သာ ရပ်တည်နေ ကြောင်း ‘၀’ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော် (UWSA/UWSP)က ပြောကြားသည်။
ကိုးကန့်တိုက်ပွဲတွင်  ‘၀’ နှင့် ဖုန်ကြားရှင်၏သမက်စိုင်းလင်း ဦး ဆောင်သည့် မိုင်းလားတပ်ဖွဲ့ပါဝင်ပတ်သက်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက နေပြည်တော်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားချက်ကြောင့် ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ အဆိုပါအဖွဲ့နှစ်ဖွဲ့၏ ဗဟို ကော်မတီအစည်းအဝေးများကို ‘၀’ဒေသဗဟိုဌာနချုပ် ပန်ဆန်း တွင် ပြုလုပ်လျက်ရှိသည်။
‘‘အခုလက်ရှိကတော့ ဆွေး နွေးနေတုန်းပဲ။ နောက်တစ်ရက်၊ နှစ်ရက်လောက်မှ ပြီးမယ်နဲ့တူ တယ်။ သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ကိစ္စတွေက   ချဲ့ကားပြီး တော့ အဓိပ္ပာယ်မရှိတဲ့ဟာတွေ ဖြစ်နေတယ်။ အခုလောလော ဆယ်တော့ ဒီကိစ္စကိုပဲ ဗဟိုကော် မတီအစည်းအဝေး ထိုင်နေတာ ပေါ့။ ကျွန်တော်တို့အနေနဲ့က ဒီကိစ္စနဲ့    ပတ်သက်ပြီးတော့ မထောက်ခံဘူး။ မပတ်သက်ဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ ကြားနေပဲလို့ ပြောထားပါတယ်။ အသေးစိတ်ကိုတော့ လာမယ့် ကျွန်တော်တို့ဆီက ထုတ်ပြန်မယ့် ထုတ်ပြန်ချက်တွေကိုပဲ စောင့် ကြည့်လိုက်ပါ’’ဟု ‘၀’ပြည်သွေး စည်းညီညွတ်ရေး တပ်မတော်/ ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါ တီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင် မြင့်က ပြောကြားသည်။
အစည်းအဝေးမှာ မူလက နှစ်ရက်ခန့်ပြုလုပ်ပြီး ထုတ်ပြန် ချက်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင်  ထုတ်ပြန်မည်ဟု စီစဉ်ခဲ့သော် လည်း ဆွေးနွေးမှု မပြီးပြတ်သည့် အတွက် ရက်အနည်းငယ် အချိန် ယူပြီးမှသာ အပြည့်အစုံထုတ်ပြန် မည်ဖြစ်ကြောင်း ‘၀’တပ်ဖွဲ့နှင့် နီး စပ်သူတစ်ဦးက အတည်ပြုပြော ကြားသည်။
ကာကွယ်ရေးဝန်ကြီးဌာန  ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ‘၀’တပ်ဖွဲ့ထုတ် လက်နက် များကို ကိုးကန့်တိုက်ပွဲ၌ ဖမ်းဆီး ရမိခဲ့ပြီး ‘၀’၊ မိုင်းလား၊ SSA (၀မ်ဟိုင်း)၊ TNLA နှင့် AA၊ KIA တို့ ပါဝင်ပတ်သက်နေကြောင်း ပြောကြားခဲ့သည်။ KIA ကမူ လောက်ကိုင်တိုက်ပွဲများ မဖြစ်ပွားမီ သံလွင်အနောက်ခြမ်း ရှိ KIA တပ်မဟာ (၄)ဒေသတွင် ဖြစ်ပွားသော တိုက်ပွဲများ၌သာ  ပါဝင်ခဲ့ပြီး ကိုးကန့်ဒေသတိုက်ပွဲများတွင်မူ ပါဝင်ခြင်းမရှိကြောင်း ပြောကြား ထားသည်။ TNLA နှင့် AA တို့မှာကိုးကန့်နှင့် ပူးပေါင်းတိုက်ခိုက် နေကြောင်း ပြောကြားထားပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်ကမူ ၎င်းတို့အ ဖွဲ့ပါဝင်ကြောင်း ပြောကြားချက် ကို ရုပ်သိမ်းပေးရန် ကာကွယ်ရေး ဦးစီးချုပ်ထံ စာရေးသားတောင်း ဆိုထားသည်။
မိုင်းလားတပ်ဖွဲ့ (NDAA) မှာ ဖုန်ကြားရှင်၏  သမက်စိုင်းလင်းဦးဆောင်သည့်အဖွဲ့ဖြစ်ပြီး တိုက်ပွဲတွင် ပါဝင်ပတ်သက်မှု မရှိနိုင်သော်လည်း   ဆက်သွယ်မှုရှိနိုင်ကြောင်း   သတင်းစာဆရာ   ဘာတေးလ်လင့်တနာက ပြောကြား သည်။
ကိုးကန့်ဒေသမှာ စစ်အုပ် ချုပ်ရေးကြေညာထားပြီး တိုက်ပွဲ များ     နေ့စဉ်ဖြစ်ပွားနေသည်။ နှစ်ဖက်အကျအဆုံးများ ရှိနေဆဲ ဖြစ်ပြီး တိုက်ပွဲအတွင်း လောက် ကိုင်မြို့ပေါ်တွင် ပိတ်မိနေသည့် ဒေသခံများလည်း ကျန်ရှိနေသေး ကြောင်း သတင်းရရှိသည်။
http://7daydaily.com/story/32578#.VO6H_o4YuM8

တပ်မတော်(လေ)အတွက် လေယာဉ်ကိုးစီး တပ်တော်ဝင်အခမ်းအနားကျင်းပ

တပ်တော်ဝင်အခမ်းအနားတွင်ပြသထားသော လေယာဉ်များ (ဓာတ်ပုံ−ကာကွယ်ရေးဝန်ကြီးဌာန)
 မြန်မာ့တပ်မတော် (လေ)အတွက် လေ့ကျင့်ရေးဂျက် တိုက်လေယာဉ် (K-8 W)၊ သယ် ယူပို့ဆောင်ရေးနှင့် လေကြောင်း ကင်းထောက်အတွက် အသုံးပြု သော ATR-42 နှင့် BEECH 1900 D လေယာဉ်များ တပ်တော်ဝင် (လွှဲပြောင်းပေးမှု) အခမ်းအနားပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
တပ်တော်ဝင်ရာတွင် K-8 W လေယာဉ် ခြောက်စီး၊ BEECH 1900 D နှစ်စီးနှင့် ATR-42 တစ် စီးတို့ဖြစ်ကြောင်း သတင်းရရှိ သည်။ ယခုအကြိမ်ပြုလုပ်သော လေ့ကျင့်ရေးဂျက်တိုက်လေယာဉ် (K-8 W) များ တပ်တော်ဝင်ခြင်းမှာ တတိယအကြိမ်ဖြစ်ပြီး တပ်မတော်လေသို့ စုစုပေါင်း K-8 W လေယာဉ် ၁၈ စီး လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း မြ၀တီဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။
‘‘K-8 W လေ့ကျင့်ရေးဂျက် တိုက်လေယာဉ်များသည် အပေါ့ စားတိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နိုင်ပြီး ခေတ်မီအဆင့် မြင့်ရှေ့တန်းဂျက်တိုက်လေယာဉ် များ မောင်းနှင်မည့် လေသူရဲများ ကို ကြားခံလေ့ကျင့်ပေးနိုင်သော အပေါ့စားတိုက်ခိုက်ရေးအမောင်း သင် ဂျက်လေယာဉ်အမျိုးအစား ဖြစ်ကြောင်း’’ဟု တပ်တော်ဝင်အ ခမ်းအနားတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောကြား သည်။
ထို့အပြင် ကာကွယ်ရေးဦးစီး ချုပ်က ‘‘တပ်မတော် (လေ)အနေ နဲ့ ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်း ယှဉ်လျှင် နည်းပညာမျိုးဆက်ကွာ ဟမှုများရှိနေရာမှ ၁၉၉၀ ပြည့် နှစ်ဝန်းကျင်တွင် ဒုတိယမျိုးဆက် ဂျက်တိုက်လေယာဉ်များ၊ အလတ်စားသယ်ယူပို့ဆောင်ရေး လေ ယာဉ်များ၊ ဘက်စုံသုံးစွမ်းရည်မြင့်မားသည့် ရဟတ်ယာဉ်များ အသုံး ပြုလာခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်တွင်စတုတ္ထမျိုးဆက်တိုက်လေယာဉ် များစတင်အသုံးပြုလာနိုင်သည့် အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေ သတွင်း နိုင်ငံများကို အမီလိုက်နိုင် ခဲ့ပါကြောင်း၊ ယခုကဲ့သို့ အမီလိုက်နိုင်ရန်မှာ ပန်ကာတပ်လေယာဉ် အဆင့်မှ ဒုတိယမျိုးဆက်ဂျက် တိုက်လေယာဉ်၊ ထိုမှတစ်ဆင့် စတုတ္ထမျိုးဆက်ဂျက်တိုက်လေ ယာဉ်စသည်ဖြင့် မျိုးဆက်များ ခုန်ကျော်တက်လှမ်းခဲ့ရကြောင်း’’ ထည့်သွင်းပြောကြားသည်။
K-8 W လေယာဉ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ CATIC ကုမ္ပဏီနှင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံးတို့ ပူး ပေါင်း၍ မြန်မာနိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
http://7daydaily.com/story/32577#.VO6IAo4YuM8

February 25, 2015

ကိုးကန့်စစ်ဘေးရှောင် သောင်းချီထွက်ပြေး


ကိုးကန့်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကိုးကန့်စစ်ရှောင် ဒုက္ခသည် အနည်းဆုံး ၄ သောင်းလောက် ရှိနေမယ်လို့ ကွမ်းလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုလိုက်ပြီး၊ တရုတ်နယ်စပ်ဒေသမှာ ဒုက္ခသည်အရေး ကူညီနေသူတွေကတော့ ဒီထက်ပိုမယ်လို့ ခန့်မှန်းပါတယ်။ တချိန်တည်းမှာတော့ လောက်ကိုင်မြို့မှာ နယ်မြေအေးချမ်းစ ပြုလာတာကြောင့် ပြန်လာသူတွေလည်း ရှိနေတယ်လို့ အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၉ ရက်နေ့က စတင်ဖြစ်ခဲ့တဲ့ ကိုးကန့်ဒေသ စစ်ပွဲတွေကြောင့် လောက်ကိုင်နဲ့ အနီးအနား မြို့ရွာတွေက ဒေသခံပြည်သူတွေနဲ့ အဲဒီဒေသကို လာရောက် အလုပ်လုပ်ကိုင် နေသူတွေဟာ တရုတ်နိုင်ငံတွင်းနဲ့ လားရှိုးမြို့ဖက်ကို တိမ်းရှောင် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။ လောလောဆည်မှာ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးနေရတဲ့ ကိုးကန့် ဒုက္ခသည်ပေါင်း ၄ သောင်းလောက် ရှိနေတယ်လို့ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟော်ရှောက်ချမ်း က ပြောပါတယ်။

“၄ သောင်းကျော်တယ်၊ ၄ သောင်း၊ အများဆုံး ထွက်ပြေးတာက လောက်ကိုင်ဘက်က၊ ချင်းရွှေဟော်ကလည်း ထွက်တာနည်းတယ်။ အခု ပြန်လာကြပါပြီ။”

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူ တဦးကတော့ ကိုးကန့်ဒေသ နယ်စပ်တကြောက ထွက်ပြေးသူဟာ ဒီထက် ပိုမိုများနိုင်ကြောင်းနဲ့ တရုတ်ပြည်ထဲမှာ စစ်ရှောင် ဒုက္ခသည်စခန်း ၁၀ ခုလောက် ရှိနေကြောင်း ပြောပါတယ်။

“ကျနော်တို့ ပတ်ဝန်းကျင် ဒီဘက်တောက်လျှောက်မှာ ၈ သောင်း၊ ၉ သောင်းလောက် ရှိမယ်လို့။ အများအားဖြင့် ကျနော်တို့ ဒီနိုင်ငံသားတွေပဲ။ တရုတ်ပြည်ကလည်းရှိတယ်။ တချို့က လောင်ထန်တို့၊ ကျောက်ဆည်တို့ အစုံပဲပေါ့ ဒီလောက်ကိုင်ဘက်ကတို့၊ တာရွှေထန်ဘက်ကတို့၊ ရှင်ကိုင်တို့၊ မော်ထိုင်းတို့၊ သုံကျန်တို့၊ ဒီတောက်လျှောက်ပဲကော။ ချွတ်ခြုံဘက်မှာ အများအားဖြင့်က မိုင်းကိုင်ဘက်ကိုသွားတာ။ တရုတ်နယ်စပ်ပေါ့ မိုင်းကိုင်။ တို့ဗမာပြည်နယ်စပ်မှာပဲလေ။ စခန်းတွေကတော့ များတယ်ဗျ။ စခန်းတွေကတော့ တောက်လျှောက်ဆိုရင် ၁၀ ခုကျော်မယ်ဗျ။”

တရုတ်ပြည်အတွင်းကို ထွက်ပြေးသူတွေရှိသလို ကိုးကန့်ဒေသကို လာရောက် အလုပ်လုပ်ကိုင်တဲ့ အစိုးရ၀န်ထမ်းနဲ့ ကြံခင်းလုပ်သားတွေကတော့ မြန်မာပြည်အတွင်းပိုင်းကို ပြန်လာနေကြပါတယ်။ ဒီကနေ့ နေ့ခင်း လားရှိုးမြို့ကနေ မန္တလေးးမြို့ဘက်ကို ပို့ဆောင်ခဲ့သူပေါင်းဟာ ၅၀၀ ကျော်လောက်ရှိပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် စုစုပေါင်း တသောင်းနီးပါးလောက်ကို ပို့ဆောင်စီမံကိန်း ဦးစီးဌာနနဲ့ ယာဉ်လမ်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီတို့က ပို့ဆောင်ခဲ့တယ်လို့ ရှမ်းပြည်နယ် ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးဌာန လက်ထောက် ညွှန်ကြားမှူး ဦးဝေလင်းက ပြောပါတယ်။

“ဒီနေ့ကတော့ ၁၂ နာရီအတိမှာတော့ မော်တော်ယာဉ်က ၉ စီး၊ ကျားက ၃၂၁၊ မက ၁၈၇၊ စုစုပေါင်း ၅၀၈ ဦး။ Total Amount ကတော့ မော်တော်ယာဉ် အစီးရေ ၂၀၆၊ ကျားက ၇၃၇၁၊ မက ၁၇၄၁၊ စုစုပေါင်းက ၉၁၁၂။ သူကတော့ မန္တလေးပဲပို့တာ။ အဲ့ဒါကတော့ ကျနော်တို့ ပို့ဆက်ပေါ့နော်။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန။ ယာဉ်လမ်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ။ အဲ့ဒီဟာကနေ လုပ်ပေးတာ။ တချို့အတွက်ကတော့ သီရိလင်္ကာ မန်ဆူစမ်းချောင်း ဆရာတော်ကနေ ကမကထလုပ်တာ။”

လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ စစ်ရှောင်ဒုက္ခသည် ၈၀၀ ကျော်လောက် ခိုလှုံနေတယ်လို့လည်း လားရှိုးမြို့ရောက် လောက်ကိုင်ဒေသခံ တယောက်က ပြောပါတယ်။ ဒီလို ဒုက္ခသည်တွေ ကိုးကန့်ဒေသက စွန့်ခွာသွားသူတွေ ရှိနေသလို အခြေအနေ စတင်ငြိမ်သက်လာပြီ ဖြစ်တာကြောင့် တရုတ်နိုင်ငံကို တိမ်းရှောင်သွားသူတချို့ လောက်ကိုင်မြို့ကို ပြန်လာနေပြီဖြစ်ကြောင်း အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။  ဒီလ ၂၃ ရက်နေ့ထိ မိသားစု ၁၅၅ စု၊ လူ ၅၀၀ ကျော်နဲ့ ရွှေ့ပြောင်းလုပ်သား၂၅၀ ကျော် လောက်ကိုင်ကို ပြန်လာ ကြကြောင်း ပါရှိပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ လောက်ကိုင်မြို့ကနေ လားရှိုးကို ပို့ဆောင်တဲ့ စီအော် အကျဉ်းထောင်က အကျဉ်းသားတွေ၊ စစ်ရှောင်ပြည်သူတွေနဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ပါစင်ကျော်နဲ့ ချင်းရွှေဟော်ကြား၊ လုံထန်ရွာအနားမှာ ကိုးကန့်အဖွဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အကျဉ်းသူ ၄၄ယောက်နဲ့ အကျဉ်းဦးစီး ၀န်ထမ်း တယောက်နဲ့ စစ်သည်တယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ အစိုးရတပ်ဖက်က လေကြောင်းကပါ ပြန်လည် တိုက်ခိုက်ခဲ့ရကြောင်း၊ ဒီနေ့ထုတ် အစိုးရသတင်းစာမှာဖော်ပြပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/kokang-update/2657866.html

တောင်ကြီး အေးသာယာ ပြည်သူ့အိမ်ရာစီမံကိန်း ဝယ်ယူခွင့် လျှောက်ထားသူ ၂,၆၀၀ ခန့်ရှိနေဟု ပြည်နယ်အစိုးရ ထုတ်ပြန်

တောင်ကြီးအေးသာယာ ပြည်သူ့အိမ်ရာ စီမံကိန်း ဝယ်ယူခွင့် လျှောက်ထားတင်ပြ သူ ၂,၆ဝဝ ဝန်းကျင်အထိ ရှိနေကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်သည်။
ရှမ်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်သည့် အစိုးရဝန်ထမ်းများနှင့် ပြည်သူများအတွက် ယင်းတိုက် ခန်းဝယ်ယူရန် လျှောက်လွှာများကို၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃ဝ ရက်အထိ စတင်ရောင်းချခဲ့ရာ ယခုအချိန်အထိ လျှောက်လွှာစောင်ရေ ၂,၅၉၈ စောင်အထိ ရှိနေသည်ဟု ပြည်နယ်အစိုးရအဖွဲ့က ဖော်ပြ ထားသည်။
အခန်းပေါင်း ၂,၄ဝဝ ကျော်ပါရှိမည့် တောင်ကြီးမြို့မှ အေးသာယာ ပြည်သူ့အိမ်ရာစီမံကိန်း၏ အခြေခံအ ဆောက် အအုံအတွက် ပြည်နယ်အစိုးရမှ အကောင်အထည်ဖော်ခြင်းဖြစ်ပြီး တိုက်ခန်းဆောက်လုပ်မှုကို မင်း ကျန်စစ်ကုမ္ပဏီက ကျခံသွားမည်ဟုလည်း ရှမ်းပြည်နယ် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးစိုင်းဇော်ခမ်း က ပြောကြားထားသည်။
တင်ထားသည့် လျှောက်လွှာများထဲမှ တိုက်ခန်းဝယ်ယူခွင့်ကို လာမည့်မတ်လ ၃ ရက်တွင် ပြန်လည်သတ် မှတ်မည်ဖြစ်ရာ လျှောက်လွှာတင်ရန် ကျန်ရှိသူများအား လည်း ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ အမြန်ဆုံး တင်ပြရန် သတိပေးထားသည်။
အိမ်ထောင်စုပေါင်း ၂,၄ဝဝ အတွက် တိုက်ခန်းပေါင်း ၂,၄ဝဝ ကျော် ရည်မှန်းထားသော်လည်း အဆိုပြုလွှာ တင်သွင်းမှု များနေခြင်းကြောင့် တိုက်ခန်းဝယ်ယူခွင့် ကို ပြန်လည်စိစစ် သတ်မှတ်သွားရခြင်းဖြစ်သည်ဟု လည်း ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်သည်။
တောင်ကြီးမြို့ အေးသာယာ ဂေါက်ကွင်းအရှေ့ဘက်ရှိ မြေ ၄၂ ဒသမ ၁၈၈ ဧကပေါ်တွင် အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး လေးခန်းတွဲ ငါးထပ်အဆောက်အအုံ ၁၂၃ လုံးပါဝင်မည်ဖြစ်ပြီး ခန်းဖွဲ့နှစ်ခန်းနှင့် ဧည့်ခန်း တစ်ခုပါဝင်မည့် တိုက်ခန်းပေါင်း ၂,၄၆ဝ ရှိမည်ဟုလည်း ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ရှင်းပြသည်။
http://www.mizzimaburmese.com/2013-10-20-16-07-17/item/39614-2015-02-24-11-36-01

ကိုးကန့်အခြေစိုက်စခန်းကို မြန်မာတပ်ထိုးစစ်ဆင်


စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့ အနောက်မြောက်ဘက် ကိုးကန့် လက်နက်ကိုင်တပ်တို့ ခြေကုပ်ယူထားတဲ့ ဒေသကို ဒီကနေ့မှာလည်း မြန်မာအစိုးရတပ်ဘက်က နေ့တ၀က်လောက် ထိုးစစ်ဆင်ခဲ့ပါတယ်။ ဒေသကိုတော့ မသိမ်းပိုက်နိုင်ဘဲ နေ့ခင်းပိုင်းမှာ ထိုးစစ်ရပ်သွားတယ်လို့ ကိုးကန့်ဘက်က ပြောပါတယ်။

စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့မှာတော့ စစ်ရှောင်နေတဲ့ ဒုက္ခသည်တချို့ ပြန်လာနေကြတယ်လို့ မြန်မာ့တပ်မတော်ဘက်က ပြောပါတယ်။ အခြေအနေ အသေးစိတ်ကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

တိုက်ပွဲတွေဖြစ်နေတာ သီတင်း ၂ ပတ် ကျော်လာခဲ့ပြီဖြစ်တဲ့ ကိုးကန့်ဒေသဘက်မှာ ဒီကနေ့ အင်္ဂါနေ့မှာလည်း လောက်ကိုင်မြို့နဲ့ ကုန်းကြမ်းမြို့ကြား ဖုန်းချွေးရှန်း ဒေသကို မြန်မာအစိုးရ တပ်ဘက်က မနက်ပိုင်းကစပြီး လက်နက်ကြီးနဲ့ ပစ်ပြီး နှစ်ကြိမ်တိုင်တိုင် ကျားထိုးခဲ့တယ်လို့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“မနက်က ၆ နာရီခွဲလောက်ကနေ စတယ်ဗျ။ လက်နက်ကြီးနဲ့ပစ်တယ်။ ကြည်းတပ်က ထိုးတယ်။ ပြီးတော့ ပြန်ဆုတ်တယ်။ လက်နက်ကြီးနဲ့ ပစ်ထုတယ်။ ကြည်းတပ်က ပြန်ထိုးတယ်။ အဲ့လိုမျိုးလုပ်နေတာ ၁၁ နာရီလောက်ထိ ရောက်သွားတယ်ဗျ။ ကျနော်တို့ဘက်ကတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူးဗျ။ ဟိုတလောတုန်းက ဖုန်းချွေးရှန်းမှာပဲ။ ဖုန်းချွေးရှန်းမှာပဲ အဲ့ဒီဒေသမှာပါပဲခင်ဗျ။”

၅ နာရီကြာ တိုက်ပွဲအတွင်း ကိုးကန့်လက်နက်ကိုင် တပ်ဘက်က အထိအခိုက် အကျအဆုံး မရှိတဲ့အကြောင်းလည်း သူက ပြောပါတယ်။ မနေ့ တနလာင်္နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အတွင်းမှာတော့ မြန်မာ အစိုးရဘက်က ၃ ဦးကျဆုံး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် မနေ့က လောက်ကိုင်မြို့ စီအော အကျဉ်းထောင်က အကျဉ်းသားတွေ၊ ၀န်ထမ်းတွေနဲ့ ပြည်သူတချို့ကို မြန်မာအစိုးရတပ်က လားရှိုးမြို့ကို ပို့ဆောင်တဲ့ ယာဉ်တန်းကို တိုက်ခိုက်ခံရတာကြောင့် ယာဉ်တန်းမှာ ပါလာသူ ၄၆ ဦးတို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပါတယ်။

အခုတိုက်ခိုက်ခံရတယ်ဆိုတဲ့ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက လောင်ထန်းဒေသဟာဆိုရင် မကြာခဏ တိုက်ခိုက်ခံရတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်မှုတွေဟာ ဖုန်ကြားရှင်ရဲ့ ကိုးကန့်လက်နက်ကိုင်တို့ တိုက်ခိုက်တာ ဖြစ်တယ်လို့ မြန်မာအစိုးရတပ်ဘက်က ပြောဆိုနေပေမဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဘက်ကတော့ ဒီဒေသတွေဟာ မြန်မာအစိုးရဘက်က လုံခြုံရေးအရ ထိန်းချုပ်ထားတဲ့နေရာ ဖြစ်တာမို့ အနားတောင် မကပ်နိုင်ဘူးဆိုပြီး အစဉ်တစိုက် ငြင်းဆိုနေတာ ဖြစ်ပါတယ်။ မနေ့က အစိုးရတပ် ယာဉ်တန်း တိုက်ခိုက်ခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကိုးကန့်လက်နက်ကိုင်တွေရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက အခုလို ပြောပါတယ်။

“လောက်ကိုင်ကနေ အစီး ၄၀ ဟုတ်ပါတယ်။ လောက်ကိုင်ကနေ ချင်းရွှေဟော်ကိုပေါ့ သူတို့ပြောတာတော့ သူတို့ကားလာတဲ့ပုံစံက ရှေ့က ပွိုင့်ကား ၂ စီးနဲ့ဗျ။ ပွိုင့်ကား ၂ စီးထဲက ၁ စီးပေါ်မှာ ပွိုင့် 5 လေယာဉ်ပစ်တဲ့ စက်သေနတ်အကြီး တလက်စီပါတယ်။ အဲ့ဒါကို သူတို့က တလမ်းလုံး ဒီအတိုင်းပဲ ပစ်ခတ်ပြီးတော့ ဆင်းလာပါတယ်ခင်ဗျ။ အရပ်သားတွေတောင်မှ ထိတယ်လို့ ပြောတယ်ခင်ဗျ။ တောင်နှစ်ဘက် တဘက် တချက်ပေါ့ သူတို့က လျှောက်ပစ်ပြီးတော့ ဆင်းတာ။ ပြီးတော့ အဲ့ဒီတချိန်တည်းမှာပဲ သူတို့က ကျနော်တို့ကို ထိုးစစ်ဆင်နေပါတယ်။ ကျနော်တို့က လူ အဲ့ဒီလောက် မများပါဘူး။ သူတို့က ထိုးစစ်ဆင်နေတာ။ ကျနော်တို့က ဘယ်လိုလုပ်ပြီး အဲ့ဒီလမ်းကို သွားတိုက်ရမှာလဲဗျ။”

စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့မှာတော့ တည်ငြိမ်စပြုလာပြီဖြစ်ပြီး စစ်ရှောင်သွားသူတွေ ရာနဲ့ချီပြီး ပြန်လာနေပြီ ဖြစ်တယ်လို့လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ပြန်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းက ဗွီအိုအေကို ဒီကနေ့မှာပဲ တယ်လီဖုန်းနဲ့ ဖြေကြားပါတယ်။ အင်္ဂါနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစလို့ အခုချိန်အထိ လူပေါင်း ၁ ထောင်ကျော်တို့ လောက်ကိုင်မြို့ကို ပြန်လာခဲ့ကြပြီလို့ ဖော်ပြပါတယ်။ သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေကတော့ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။

မြန်မာအစိုးရတပ်တွေနဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA တို့ကြား တိုက်ပွဲတွေကတော့ သီတင်း ၂ ပတ်ကြာမြင့်လာပြီ ဖြစ်ပေမဲ့ အခုချိန်ထိတော့ တိုက်ပွဲတွေ ရပ်တန့်နိုင်တဲ့ အနေအထားမျိုး မရှိသေးပါဘူး။

မြန်မာအစိုးရဘက်က အခုတိုက်ပွဲတွေဟာ နိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးလာတာ ဖြစ်တယ်လို့ ပြောဆိုနေပြီး အရင်တုန်းက မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့တခုဖြစ်တဲ့ MNDAA ကိုးကန့်လက်နက်ကိုင် တပ်ဘက်ကတော့ နိုင်ငံရေးအရ တရားဝင် ရပ်တည်ချက် တခုအတွက် ရွေးချယ်စရာ မရှိတော့လို့ တိုက်ရတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2656544.html

အယုဒ္ဓယတွင် မြန်မာအလုပ်သမား ၅၄ ဦးကို ထိုင်းရဲ ဖမ်းဆီး


ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ဘန်ပါဟန်မြို့နယ်မှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက တရားမ၀င် မြန်မာအလုပ်သမား ၅၄ ဦး တင်ဆောင်လာတဲ့ ကား ၈ စီးကို ရပ်တန့်ဖမ်းဆီးခဲ့တယ်လို့ ရဲအရာရှိရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်။

တရားမ၀င်မြန်မာအလုပ်သမားတွေကို အာရှလမ်းမကြီးကနေ ဘန်ကောက်မြို့ကို ပို့ဆောင်မယ်လို့ သတင်းရပြီးနောက် တာဝန်ရှိသူတွေက ဒီကနေ့ ကြားဖြတ်ဖမ်းဆီးခဲ့တာလို့ ပြည်တွင်းလုံခြုံရေးဆိုင်ရာ အယုဒ္ဓယရုံးရဲ့ လက်ထောက်ညွန်ကြားရေးမှူးကပြောပါတယ်။
ဖမ်းဆီးမိသူတွေထဲမှာ မြန်မာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၂၃ ဦးနဲ့ ကလေး ၃ ဦးပါဝင်ပြီး အားလုံးကို တရားမ၀င်ဝင်ရောက်မှုနဲ့ တရားစွဲ နေရပ်ပြန်ပို့မယ်လို့ဆိုပါတယ်။

အာဏာပိုင်တွေက ရပ်တန့် ဖမ်းဆီးခဲ့တဲ့ ကား ၈ စီးထဲက ၃ စီးဟာ မီတာတက္ကစီကားတွေဖြစ်ပြီး ထိုင်းကားမောင်းသမားတွေကိုလည်းဖမ်းဆီးထားကာ အလုပ်သမားတွေကို တရားမ၀င်ပို့ဆောင်မှု အပြင် လူကုန်ကူးမှုနဲ့ပါ တရားစွဲခံရနိုင်တယ်လို့ သတင်းမှာရေးပါတယ်။

မြန်မာအလုပ်သမားတွေဟာ မြန်မာနယ်စပ် တာချီလိတ်တစ်ဖက်ခြမ်းမှာရှိတဲ့ ချင်းရိုင်ခရိုင် မယ်ဆိုင်ကနေ ဘန်ကောက်မြို့က အလုပ်ရှင်ဆီမှာ အလုပ်လုပ်ဖို့ပို့ ဆောင်ပေးခဲ့ရ တယ်လို့ ကားမောင်းသမားတွေက ပြောပါတယ်။
http://burmese.dvb.no/archives/83064

လာမည့်ပညာသင်နှစ်တွင် ပညာရေးအသုံးစရိတ် ကျပ်ဘီလျံ ၁၄၀၀ အသုံးပြုမည်ဖြစ်ပြီး ကျေးရွာတိုင်း၌ ကျောင်းဆရာတစ်ဦးထားရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးပြောကြား

လာမည့်ပညာသင်နှစ်တွင် ပညာရေးအသုံးစရိတ် ကျပ်ဘီလျံ ၁၄၀၀ အသုံးပြုသွားမည်ဖြစ်ပြီး ကျေးရွာတိုင်းတွင် ကျောင်းဆရာတစ်ဦးထားရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီကပြောကြားသည်။

ဦးသိန်းစိန်အစိုးရသစ်လက်ထက်တွင် ပညာရေးအသုံးစရိတ်အား ၂၀၁၁ ခုနှစ်မှစတင်ကာ ကျပ်ဘီလျံ ၃၀၀၊ ၂၀၁၂ ခုနှစ်တွင် ဘီလျံ ၆၀၀၊ ၂၀၁၃ ခုနှစ်တွင် ဘီလျံ ၉၀၀၊ ၂၀၁၄ ခုနှစ်တွင် ဘီလျံ ၁၁၀၀ အထိ နှစ်စဉ်တိုးမြှင့်အသုံးပြုလျက်ရှိကာ ၂၀၁၅-၂၀၁၆ ပညာရေးနှစ်တွင် ပညာရေးအသုံးစရိတ် ကျပ်ဘီလျံ ၁၄၀၀ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးစနစ်မြှင့်တင်ရန်အတွက် ၂၀၁၁-၂၀၁၂ ပညာရေးနှစ်တွင် လေ့ကျင့်မှုမရှိဘဲ ကျောင်းဆရာ၊ ဆရာမများခန့်အပ်ခဲ့သည့်အတွက် လာမည့်နှစ်တွင် ကျောင်းဆရာ၊ ဆရာမ ခြောက်သောင်းကျော်အား သင်တန်းပေးလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီက "တချို့ရွာတွေက လူနည်းနည်းပဲရှိတဲ့အတွက် ကျောင်းဆောက်ဖို့မဖြစ်နိုင်ဘူး။ ရေရှည်မှာဖြစ်လာနိုင်ပေမယ့် အခုဘာလုပ်ရင်ရမလဲဆိုတော့ ပညာရေးဥပဒေမှာရော၊ ပညာရေးမူဝါဒမှာရော ကျေးရွာတိုင်းမှာ အနည်းဆုံးဆရာတစ်ယောက်ရှိဖို့အရေးကိုလည်း ကျွန်မတို့အစီအစဉ်ဆွဲနေပါတယ်။ လူတိုင်းပညာသင်ရေးရရှိဖို့အတွက်ကို ကျောင်းတွေမှာ ဆရာပေးဖို့ ကျွန်မတို့စီစဉ်ပါတယ်။ကျောင်းရှိရေးကိုလည်း ဒေသမှာရှိတဲ့အစိုးရအဖွဲ့ကိုပေးပါတယ်။ ဆရာတွေအတွက်ကိုလည်း မြို့နယ်ကပဲခန့်ဖို့စီစဉ်ပါ။ ကျေးရွာကပဲစီစဉ်ပါလို့ပြောပေမယ့်လည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်" ဟုပြောကြားသည်။

ဆက်လက်၍ "စိန်ခေါ်မှုက ဘာပြန်လာသလဲဆိုတော့ ဆရာတွေလေ့ကျင့်ဖို့ပါပဲ။ လာမယ့်နှစ်မှာ ဆရာ၊ ဆရာမခြောက်သောင်းကျော်ကို လေ့ကျင့်ပေးဖို့ရှိပါတယ်။ လေ့ကျင့်မှုမရှိဘဲနဲ့ လူတွေကိုခန့်လိုက်ရတာဟာ အရင်ဖြစ်နေပေမယ့် ကျောင်းတွေမှာ ဒါတွေကတော့ရောက်သွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာတွေရဲ့အရည်အသွေးရှိအောင်၊ အစိုးရချမှတ်ထားတဲ့ပညာရေးဖြစ်အောင်ကတော့ ကျွန်မတို့အများကြီးဆွဲတင်ရဦးမှာဖြစ်ပါတယ်" ပြည်ထောင်စုဝန်ကြီးဒေါ်ခင်စန်းရီကပြောကြားသည်။

လက်ရှိတွင် ကျောင်းထောက်ပံ့ကြေးအနေဖြင့် ကျောင်းသားဦးရေ ၁၀၀ ရှိသည့် မူလတန်းကျောင်းတစ်ကျောင်းအား တစ်နှစ်လျှင် ကျပ်ရှစ်သိန်းနှုန်းထောက်ပံ့ပေးနေသည့်ငွေကြေးများမှာ နိုင်ငံတော်အစိုးရမှ ရာခိုင်နှုန်း ၆၀နှင့် ကမ္ဘာ့ဘဏ်မှ (ချေးငွေ၊ ထောက်ပံ့ငွေ) ရာခိုင်နှုန်း ၄၀ ပါဝင်ကြောင်း သိရသည်။ 
http://www.news-eleven.com

ကျောင်းသား ခေါင်းဆောင်အချို့ ကွန်ဒိုနှင့်ကား ရသည်ဆိုသည့် သတင်းကို ပြန်ရှင်းမည်မဟုတ်ဟု ဆို

ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားသူများအဖွဲ့ ဦးဆောင်ကော် မတီအဖွဲ့ဝင်များသည် ကွန်ဒိုတိုက်ခန်းများနှင့် ကားများကို အဖွဲ့အစည်းအချို့ထံမှ လက်ခံရရှိထားသည်ဟူသော လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံနေသည့် သတင်းများသည် အခြေအမြစ်မရှိဘဲ ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို မလိုလားသူများ၏ လက်ချက်သာဖြစ်သည်ဟု ဦးဆောင်ကော်မတီအဖွဲ့ဝင် မဖြိုးဖြိုးအောင်က မဇ္ဈိမကို ပြောသည်။
Four-Star-Fourth-Meet-For-ESU-Law-03
ကျောင်းသားများ သပိတ်မှောက်ဆန္ဒပြနေသည့် အမျိုးသားပညာရေးဥပဒေအပေါ် လေးပွင့်ဆိုင်ဖြစ်သည့် အစိုးရ၊ လွှတ်တော်၊ NNERနှင့် ကျောင်းသားကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ဖေဖော်ဝါရီလ ၁၁ရက်၊ မနက်ပိုင်းက ကျင်းပနေစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)
အဆိုပါသတင်းများမှာ ခိုင်မာသော လူမှုကွန်ရက်များမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ တရားမဝင်ခိုင်မာမှု မရှိသည့် စာမျက်နှာများမှ ထွက်ပေါ်လာခြင်းဖြစ်သည့် အတွက် ပညာရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို တစ်စုံတစ်ရာ ထိခိုက်နှစ်နာမှုရှိ မည်မဟုတ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၎င်းက''ထူးထူးခြားခြား မရှင်းလင်းချင်ပါဘူး။ ဖတ်တဲ့သူတိုင်းက ဒါဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာကို သိနေတာပဲရှင်။ နီးစပ်တဲ့ အသိုင်းအဝိုင်းကလည်း သိပါတယ်။ ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေး ကို နှောင့်နှေးကြန့်ကြာအောင် ဟန့်တားတဲ့ အတားအဆီးဖြစ်တဲ့ အကျိုးမဲ့လုပ်ရပ် ဖြစ်ပါတယ်။ မူဝါဒတွေကို ခိုင်ခိုင်မာမာ မကန့်ကွက်နိုင်တဲ့ အခါကျတော့ ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေတယ်လို့ပဲ မြင်ပါတယ်''ဟု ပြောသည်။
ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားသူများအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုမင်းသွေးသစ်က ထွက်ပေါ်လာသည့် ကောလာဟလများနှင့်ပတ်သက်၍ တစ်စုံတစ်ရာဖြေရှင်းမည်မဟုတ်ဘဲ ယင်းသတင်းကို စတင်ဖြန်ချိသူများသည် သက်သေခိုင်လုံပါက ကားနံပါတ်နှင့် တိုက်ခန်းနံပါတ်များပါ ဖော်ပြသင့်သည်ဟု ဆိုသည်။
၎င်းက ''ဒီဟာက အစိုးရဘက်က ပြည်သူတွေ ကျွန်တော်တို့ပေါ်ကို အကြည်အညို တန်အောင်လို့ ဝါဒဖြန့် ချိနေတာပါ''ဟု ပြောသည်။
ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာ အာကာမိုးသူက''အခုက ဆိုက်ဘာအတက်တွေ ပေါ်လာတဲ့နောက်ပိုင်းမှာ တိုက်ခိုက်မှုတွေရှိလာနိုင်ပါတယ်။ အခုကောလဟလတွေ က တရားမဝင်တဲ့ စာမျက်နှာတွေကနေ လာတာပါ။ ပြည်သူလူထုအနေနဲ့ ဘယ်ဟာကို ကောင်းတယ်။ ဘယ်ဟာကို ဆိုးတယ် ကြည့်သင့်ပါတယ်''ဟု ပြောသည်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ကျောင်းသား၊ ပြည်သူများ နားလည်မှု လွဲမှားစေအောင် လေးပွင့်ဆိုင် သဘောတူညီချက်ကို ဖောက်ဖျက်၍ နိုင်ငံပိုင်မီဒီယာများတွင် လွဲမှားစွာ ဖော်ပြခဲ့ကြောင်းကိုလည်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) တို့ ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၂ ရက်က ပညာရေးဝန်ကြီး ထံလိပ်မူ ၍ အိပ်ဖွင့်ပေးစာပေးပို့ခဲ့သည်။
လက်ရှိအချိန်တွင် ကျောင်းသားသပိတ် စစ်ကြောင်း(ပင်မ)သည့် လက်ပံတန်းမြို့ နယ်သို့ ဖေဖော်ဝါရီ ၁၇ ရက်ကပင်ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်အထိ ခေတ္တရပ်နားမည်ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/39644-2015-02-25-03-04-41

ကိုးကန့်တိုက်ပွဲတွင် ပါဝင် ပတ်သက်ခဲ့သည်ဆိုသည့် တပ်မတော် ပြောကြားချက် ရုပ်သိမ်းပေးရန် SSPP/SSA တောင်းဆို

ကိုးကန့်တိမ်းရှောင်အ ဖွဲ့နှင့် တပ်မတော်တို့ကြား ဖြစ်ပွား သော တိုက်ပွဲများတွင် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ် မတော် (SSPP/SSA)ပါဝင်ပတ် သက်ခဲ့မှုကြောင့် တာဝန်ယူရမည် ဟု တပ်မတော်၏ ပြောကြားချက် ကို ပြန်လည်ရုပ်သိမ်းပေးရန် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စာပေးပို့တောင်းဆိုလိုက်သည်။ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA)ဥက္ကဋ္ဌက ဖေဖော်ဝါရီ ၂၃ ရက်စွဲဖြင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာရေးသားပေးပို့၍ တောင်းဆိုခြင်း ဖြစ်သည်။
ထိုသို့ တောင်းဆိုသည့်စာ ၌ ‘‘ဒုဗိုလ်ချုပ်ကြီး မြထွန်းဦး၏ သတင်းစာရှင်းလင်းပွဲ၌ ကိုးကန့် အရေးအခင်းတွင် မိမိတို့ SSPP/ SSA ပါဝင်ပတ်သက်နေသည်ဟု ပြောဆိုခြင်းသည် လက်တွေ့ဖြစ် ရပ်နှင့် မကိုက်ညီသော တစ်ဖက် သတ်စွပ်စွဲချက်များသာ ဖြစ်ပါ သည်။ ‘‘ဖုန်ဝမ်အမ်းဆိုသူကိုလည်းမိမိတို့ မသိပါ။ SSA (၀မ်ဟိုင်း) အဖွဲ့မှ စိုင်းလောဝ်ခေါင်းဆောင် သော အင်အား ၁၀၀ ခန့်စသည် များသည်လည်း လုံးဝမမှန်ကန်ပါ။ စိုင်းလောဝ်ဆိုသူလည်း မရှိပါ။ အင်အား ၁၀၀ ဆိုသည်မှာလည်း မဟုတ်မှန်ပါ။ ၎င်းဖြစ်ရပ်ဖြစ်စဉ် များတွင် မိမိရှမ်းပြည်တိုးတက် ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မှ လုံးဝပါဝင်လှုပ်ရှားခဲ့ခြင်း မရှိပါ’’ ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ပေးစာတွင် ဖော်ပြပါရှိသည်။
နေပြည်တော်ဘုရင့်နောင် ရိပ်သာတွင် ပြုလုပ်သောသတင်း စာရှင်းလင်းပွဲ၌ ဖုန်ဝမ်အမ်းခေါင်းဆောင်သော အင်အား ၁၀၀ ခန့်နှင့် SSA (၀မ်ဟိုင်း)အဖွဲ့မှ စိုင်းလောဝ်ခေါင်းဆောင်သော အင်အား ၁၀၀ ခန့်သည် မုံးပေါ်လေး တံတားမှ တာပါး တံတားသို့ ချီတက်ခဲ့၍ လောက်ကိုင်၊ မုံးကိုး ဒေသကို တိုက်ခိုက်ရန် လမ်းကြောင်း သုံးကြောင်းဖြင့် ၀င်ရောက်ခဲ့ကြောင်း၊ တပ်မတော်က ကြိုတင်သတင်းရရှိ၍ နယ်မြေရှင်းလင်းခြင်း  ဆောင်ရွက်ခဲ့ရာ လောက်ကိုင်ကို သိမ်းပိုက်မည့် ၎င်းတို့၏ရည်ရွယ်ချက်အောင်မြင်မှု မရရှိဘဲ တာမုံဝါးသို့ ဆုတ်ခွာစောင့်ဆိုင်းခဲ့ကြောင်း ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့သည်။
ကိုးကန့်တိမ်းရှောင်အဖွဲ့မှ ပါဝင်တိုက်ခိုက်ခဲ့သော အဖွဲ့များ အနေဖြင့် တာဝန်ယူရမည်ဖြစ် ကြောင်း သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်နှင့် မြန်မာအ စိုးရတို့သည် ၂၀၁၁ နှောင်းပိုင်းတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ပြီးခဲ့သည့် နှစ်လယ်က တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။
http://7daydaily.com/story/32516#.VO1AWI4YuM8

ကိုးကန့်တိုက်ပွဲတွင် ပါဝင်ပတ်သက်ကြောင်း တပ်မတော်ပြောကြားမှု ‘၀’ နှင့် မိုင်းလားအဖွဲ့ ပူးတွဲကြေညာချက် ယနေ့ထုတ်ပြန်မည်

လောက်ကိုင်ဒေသတွင် တပ်မတော်သားများ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် (ဓာတ်ပုံ−လင်းဘိုဘို/အီးပီအေ)
ကိုးကန့်တိုက်ပွဲတွင် ‘၀’ နှင့် မိုင်းလားအဖွဲ့တို့ ပါဝင်နေ ကြောင်း တပ်မတော်၏ ပြောကြား ချက်နှင့် ပတ်သက်၍ ‘၀’ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်နှင့် မိုင်းလားအဖွဲ့တို့က ပူးတွဲကြေ ညာချက်တစ်စောင်ကို ဖေဖော်ဝါ ရီ ၂၅ ရက်တွင် ထုတ်ပြန်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ထိုသို့ ထုတ်ပြန်နိုင်ရန် ‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် မိုင်းလားအဖွဲ့တို့ ဖေ ဖော်ဝါရီ ၂၄ ရက်တွင် အစည်း အဝေးပြုလုပ်ခဲ့ကြောင်း တရုတ် မြန်မာနယ်စပ်ရှိ အဆိုပါအဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြု ပြောကြားသည်။
ဖုန်ကြားရှင်၏ တပ်များ ကိုး ကန့်ဒေသသို့ ၀င်ရောက်တိုက် ခိုက်မှုတွင် ‘၀’တပ်ဖွဲ့ထုတ်လက် နက်များဖမ်းဆီးရမိခဲ့ခြင်းကြောင့် ‘၀’တပ်ဖွဲ့    ပါဝင်ပတ်သက်မှုရှိနေကြောင်းနှင့် ဖုန်ကြားရှင်၏ သမက် ဦးစိုင်းလင်း၏ မိုင်းလားအဖွဲ့ (NDAA)၊ KIA ၊ SSA (၀မ်ဟိုင်း) နှင့် TNLA ၊ AA အဖွဲ့တို့ပါဝင်နေ ကြောင်း ဒုဗိုလ်ချုပ်ကြီး မြထွန်းဦး က နေပြည်တော်တွင် စနေနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲ၌ ပြောကြားခဲ့သည်။
ကိုးကန့်တိုက်ပွဲတွင် TNLA နှင့် AA (ရက္ခိုင့်တပ်မတော်)တို့ ပါဝင်တိုက်ခိုက်ကြောင်း ပြောကြား ထားပြီး KIA ကမူ ၎င်းတို့မပါဝင်ကြောင်း ငြင်းဆိုထားသည်။ ‘၀’တပ်ဖွဲ့ကမူ အခြေအနေများ ရှုပ်ထွေးနေချိန်တွင် မှန်းဆပြောကြားရန် မသင့်ကြောင်း အဆိုပါအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောသည်။
‘‘ကျွန်တော်တို့အခုချိန်မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ကောင်း ကောင်းမပြောနိုင်သေးပါဘူး။ အ ခြေအနေအားလုံးကို သေချာမသိ သေးဘဲနဲ့ ရမ်းပြောလို့လည်း မ ကောင်းပါဘူး။ ကြေညာချက် ထွက်မှာပါ’’ဟု ‘၀’ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၊ ‘၀’ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA/UWSP)၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့်က 7Day Daily အား   ဖုန်းဖြင့် ဖြေကြား သည်။
ဖုန်ကြားရှင်၏ ဖုန်ညီအစ်ကို ဆွေမျိုးများမှာ ဗမာပြည်ကွန်မြူ နစ်ပါတီ၏ ခေါင်းဆောင်ဟောင်း များဖြစ်ပြီး ‘၀’ခေါင်းဆောင်များအ ပေါ် သြဇာလွှမ်းမိုးမှုရှိရာ ဖုန်ကြား ရှင်အပေါ် အကူအညီများသေချာ ပေါက်ပေးနိုင်မည် ဖြစ်သော်လည်း တိုက်ပွဲဧရိယာတွင်   ပါဝင်မည် မဟုတ်ကြောင်း တရုတ်-မြန်မာ နယ်စပ် စစ်ရေးလေ့လာသုံးသပ် သူတစ်ဦးက ပြောသည်။
ထို့ပြင် ‘၀’တပ်ဖွဲ့မှာ လက်နက်နှင့် ခဲယမ်းမီးကျောက်များကို ဖုန်ကြားရှင်တပ်ဖွဲ့အား ကူညီထောက်ပံ့မှုများရှိနိုင်ပြီး KIA မှာမူ ဖားကန့်နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေ၍ ကိုးကန့်တပ်ဖွဲ့ကို ကူနိုင်ခြေမရှိကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလ်လင့်တနာက ပြောသည်။
‘‘မိုင်းလားအဖွဲ့က ကိုးကန့် ကို ၀င်တိုက်ပေးမယ်လို့တော့ မ ထင်ဘူး။ ဒါပေမဲ့ မိုင်းလားခေါင်း ဆောင် စိုင်းလင်းက ဖုန်ကြားရှင် ရဲ့ သမက်။ ဒါကြောင့် ဖုန်ကြား ရှင်နဲ့ စိုင်းလင်းကြားမှာ အဆက် အသွယ်တွေရှိမှာပဲ။ ဒါပေမဲ့ ‘၀’က တော့ သူ့နယ်ထဲမှာ စစ်ပြင်တာ ကို ခွင့်ပြုမယ်မထင်ဘူး’’ဟု ၎င်းက ပြောသည်။
‘၀’နှင့် မိုင်းလားအဖွဲ့တို့မှာ အစိုးရနှင့် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးရယူထားသည်မှာ ၂၅ နှစ်ကြာပြီ ဖြစ်သည့် လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ငြိမ်းချမ်းရေး   ဆွေးနွေးပွဲများပြုလုပ်နေ သည့်အဖွဲ့များဖြစ်ကြသည်။ ကိုးကန့်တိုက်ပွဲတွင် ပါဝင်ပတ်သက်သူများ တာဝန်ယူရမည်ဟု ကာကွယ်ရေးဦးစီးချုပ်က ပြောကြားထားပြီး ၀နှင့် မိုင်းလားအဖွဲ့တို့က မူ  ပါဝင်ပတ်သက်မှုမရှိကြောင်း ကာကွယ်ရေးဦးစီးချုပ်အား ပြန်လည်ပြောကြားထားသည်။
လက်ရှိကိုးကန့်တိုက်ပွဲအ ခြေအနေမှာ တပ်မတော်က စစ်ဗျူဟာအရ အရေးကြီးတောင်ကုန်း များကို သိမ်းပိုက်နိုင်ပြီး နှစ်ဖက် အကျအဆုံးများရှိနေဆဲ ဖြစ် ကြောင်း အစိုးရသတင်းထုတ်ပြန် ချက်များက ဖော်ပြသည်။ ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးကြေညာထားပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ ပြန်လည်တည်ငြိမ်စပြု လာသော လောက်ကိုင်ဒေသသို့ စစ်ဘေးရှောင်ဒုက္ခသည်များ ပြန်လည်    အခြေချဝင်ရောက်လာ ကြောင်း အစိုးရသတင်းစာများက ဖော်ပြသည်။
http://7daydaily.com/story/32508#.VO1Aj44YuM8

ချင်းပြည်နယ်ရှိ စာသင်ကျောင်းများအတွက် ဆရာအင်အား ကိုးရာကျော်ထပ်ဖြည့်မည်

ချင်းပြည်နယ်ရှိ စာသင် ကျောင်းများအတွက် လိုအပ်ရှိနေသော မူလတန်းပြပညာရေးဝန်ထမ်း ၉၇၄ ဦးအား ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ထပ်မံခန့်အပ်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး  ဒေါက်တာဘမောင်က ဖေဖော်ဝါရီ ၂၄ ရက် တွင် ပြောသည်။
  ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများနေထိုင်သည့် ကျေးရွာ၊မြို့နယ်များသည် တောင် ကုန်းတောင်စောင်းများပေါ်တွင် တည်ဆောက်နေထိုင်ကြပြီး တစ်ရွာနှင့်  တစ်ရွာခြေလျင်ဖြင့်သာ သွားလာနေရသည်။
ထို့ကြောင့် ကလေးငယ်များ အနေဖြင့် လမ်းပန်းဆက်သွယ် ရေး အခက်အခဲကြောင့် ပညာ သင်ယူနိုင်ခြင်း အခက်အခဲမရှိစေ ရန် ကျေးရွာများတွင် မူလတန်းကျောင်းများ တိုးမြှင့်တည်ဆောက်ဖွင့်လှစ်လျက် ရှိသည်။
ထိုသို့ စာသင်ကျောင်းများ အသစ်ဖွင့်လှစ်ခြင်းမှာ လိုအပ်နေ သည့် နေရာများတွင် ဖြည့်ဆည်း နိုင်ရန်နှင့် အလုပ်ရရှိသော်လည်း ၀င်ရောက်တာဝန်ထမ်းဆောင် ခြင်း မရှိသည့်လစ်လပ်နေရာများ ဖြည့်ဆည်းနိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု ဒေါက်တာဘမောင် က ပြောသည်။
 ‘‘မူလတန်းကျောင်းတွေ လည်း အသစ်တိုးမြှင့်ဖွင့်လှစ်နေ တယ်။ ဒါ့အပြင် ပညာရေးဝန်ကြီး ဌာန ချမှတ်ထားတဲ့ တစ်အပေါင်းလေး စည်းမျဉ်းအရ လိုအပ်နေတဲ့ နေရာတွေမှာ တာဝန်ထမ်းဆောင် နိုင်ဖို့ပါ’’ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ပြောသည်။

ချင်းပြည်နယ်တွင် ၂၀၁၁-၁၂ ပညာသင်နှစ်မှ ၂၀၁၄-၁၅ ပညာသင်နှစ်အထိ အစိုးရ ဖွင့် လှစ်ထားသည့် မူလတန်းကျောင်း အနေဖြင့် ၄၅ ကျောင်း၊ မူလတန်း ကျောင်းခွဲ ၉၀၊ ကျောင်းတွဲဖက် မူလတန်းကျောင်း လေးကျောင်းရှိ သည်။ အဆိုပါ ကျောင်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် နေ့စားလပေး မူလတန်းပြပညာရေး ၀န်ထမ်း ၁,၇၈၀ ဦး ခန့်ထားခဲ့ပြီ ဖြစ်သည်။
http://7daydaily.com/story/32501#.VO03BI4YuM8

ကိုးကန့်တိုက်ပွဲကြောင့် တရုတ်နယ်စပ်သို့ တိမ်းရှောင်သွားသော ဒုက္ခသည်အချို့ နေရပ်ပြန်လာ

လောက်ကိုင်ဒေသတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များကို တွေ့ရစဉ်(ဓာတ်ပုံ - အောင်သစ်လွင်)
ကိုးကန့်ဒေသတွင် အစိုးရတပ်နှင့် ဖုန်ကြားရှင်၏ ကိုးကန့် တပ်ဖွဲ့တို့ တိုက်ပွဲများပြင်းထန်စဉ် တရုတ်နယ်စပ်သို့ တိမ်းရှောင်သွားသော ဒေသခံအချို့ ယခုရက်ပိုင်းအတွင်း လောက်ကိုင်ဒေသသို့ ပြန်လည်ဝင်ရောက်လာကြောင်း စစ်ရှောင်ဒုက္ခသည်များက ပြောသည်။
‘‘ပြန်တာက စနေနေ့ (ဖေဖော်ဝါရီ ၂၂ ရက်)ကတည်းက ပြန် တာပေါ့။ မြန်မာ လေးရာ၊ ငါးရာ လောက်ပေါ့။ ကြံခုတ်တယ် သူတို့ က။ ဒီနေ့ (ဖေဖော်ဝါရီ ၂၄)ရက်လည်း နည်းနည်းပါးပါးပြန်ကြတယ်။ ကျွန်တော်တို့ကတော့ မပြန်ဘူး။ အခြေအနေက ဘာမှန်းမသိဘူးလေ။ လူကတော့ သုံးလေးထောင်ကျော်ရှိတုန်းပဲ’’ဟု တရုတ်မြန်မာနယ်စပ် နယ်ခြားမှတ်တိုင်အမှတ် ၁၂၅ တွင် ခိုလှုံနေသည့် ကိုးကန့် ဒေသခံ ကိုရန်က ဖုန်းမှတစ်ဆင့် ပြောကြားသည်။
အစိုးရထုတ်ပြန်သည့် သ တင်းတွင်လည်း လောက်ကိုင်မြို့ အတွင်း တည်ငြိမ်အေးချမ်းစပြု လာ၍ တစ်ဖက်နိုင်ငံနယ်စပ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည့် ပြည် သူများအနက် အိမ်ထောင်စု ၁၅၅ စု၊ လူဦးရေ ၅၃၉ ဦးနှင့် ရွှေ့ပြောင်းလုပ်သား ၂၅၇ ဦး၊ စုစုပေါင်း ၇၉၆ဦး လောက်ကိုင်မြို့အတွင်း ပြန် လည်ဝင်ရောက်နေထိုင်နေကြောင်း ဖော်ပြထားသည်။

နယ်စပ်ဒေသနယ်ခြားမှတ် တိုင်များတွင် ခိုလှုံနေရသည့် ကိုး ကန့်ဒေသခံများအား တရုတ်နိုင်ငံ ဘက်က အစားအသောက်နှင့် အ ၀တ်အထည်များ လာရောက်ကူ ညီသော်လည်း ဒုက္ခသည်အရေအ တွက်များ၍ အခက်အခဲရှိကြောင်းသိရသည်။
ကိုးကန့်တိုက်ပွဲကြောင့် မြန် မာဘက်ခြမ်းမှ ဒုက္ခသည် လေး သောင်းကျော် တရုတ်နိုင်ငံဘက် သို့ ၀င်ရောက်ခိုလှုံနေပြီး လေး ထောင်ခန့်မှာ တရုတ်-မြန်မာနယ်စပ်မျဉ်းအနီး နယ်ခြားမှတ်တိုင်များ၌ ခိုလှုံနေရဆဲ ဖြစ်သည်။ ထို့ပြင် လောက်ကိုင်ဒေသခံမဟုတ်သည့် ရွှေ့ပြောင်းလုပ်သား ဦးရေသောင်းချီ ရန်ကုန်၊ မန္တလေးနှင့် လားရှိုးမြို့များသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ လက်ရှိတွင် ကိုးကန့်ဒေသမှာ စစ်အုပ်ချုပ်ရေးကြေညာထားပြီး ပြစ်မှုကျူးလွန်သူများကို တပ်မတော်က စစ်ခုံရုံးဖွဲ့၍ ပြစ်ဒဏ်ချမှတ်နိုင်သည်။
http://7daydaily.com/story/32500#.VO03A44YuM8

February 24, 2015

ထောင်ပြောင်းစဉ် ဒဏ်ရာရသည့် ကချင်အမျိုးသမီး အကျဉ်းသူတစ်ဦး အသက်အန္တရာယ် စိုးရိမ်ရ

လာက်ကိုင် အကျဉ်းထောင်မှ အကျဉ်းသားများအား လားရှိုးထောင်သို့ ပြောင်းရွှေ့စဉ် လမ်းခုလတ်တွင် လက်နက်ဖြင့်
ပစ်ခတ်ခံရမှုကြောင့် ယာဉ်တိမ်းမှောက်ပြီး ဒဏ်ရာရခဲ့သူများအနက် ကချင်အမျိုးသမီး အကျဉ်းသူတစ်ဦးမှာ အသက်အန္တရာယ်
စိုးရိမ်ရသည်ဟု ကွမ်းလုံမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းမြို့က ဖေဖော်ဝါရီ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
Kokang-Battle-07
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ဘေးရှောင်လာကြသူများနှင့် ရှေ့တန်းထွက်လာသည့် တပ်မတော်သားများကို ဖေဖော်ဝါရီ ၁၈ ရက်က လောက်ကိုင်မြို့အနီး တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
လောက်ကိုင်မြို့၊ စီအော အကျဉ်းထောင်မှ အကျဉ်းသားများ၊ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင် ဒေသခံများကို ဖေဖော်ဝါရီ ၂၃ ရက်က လားရှိုးမြို့သို့ ပြောင်းရွှေ့စဉ် လုံထန်ရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ယာဉ်တိမ်းမှောက်ပြီး ဒဏ်ရာအသီးသီးရခဲ့သဖြင့် အကျဉ်းသူ အမျိုးသမီး ၄၅ ဦး၊ ယာဉ်မောင်းတစ်ဦးနှင့် ထောင်ဝါဒါ အမျိုးသမီး ၃ ဦးတို့ကို ကွမ်းလုံဆေးရုံသို့ ပို့ဆောင်ကုသခဲ့ခြင်း ဖြစ်သည်။
ထိုသူများအနက် ဒဏ်ရာပြင်းထန်သည့် အကျဉ်းသူ အမျိုးသမီး နှစ်ဦးကို အတွင်းလူနာအဖြစ် ကုသထားရပြီး အသက်အန္တရာယ်စိုးရိမ်ရသူမှာ
အသက်သုံးဆယ်ကျော်အရွယ် မလုအောင် အမည်ရှိ ကချင်အမျိုးသမီး အကျဉ်းသူဖြစ်သည်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ သိန်းမြို့က ပြောသည်။
“အခုထိ သတိမလည်သေးဘူး။ အသက်စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနိုင်တယ်။ သေကောင်းလည်း သေနိုင်တယ်ပေါ့နော်။ တိုးတက်တဲ့ လက္ခဏာရှိပေမယ့် အာမခံလို့ မရသေးဘူးပေါ့” ဟု ဆေးရုံအုပ်ကြီးက ဆိုသည်။
ဒဏ်ရာရရှိသူအားလုံးမှာ လက်နက်ဖြင့် ပစ်ခတ်ခံရသည့် ဒဏ်ရာများ မဟုတ်ဘဲ ယာဉ်တိမ်းမှောက်မှုကြောင့် ရရှိသည့် ဒဏ်ရာများဖြစ်ကြောင်း၊
အတွင်းလူနာ နှစ်ဦးမှ အပ ဒဏ်ရာရရှိခဲ့သည့် အကျဉ်းသူအားလုံးကို ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) နံနက် ၁၁ နာရီတွင် ပြည်ထဲရေးဌာနသို့ လွှဲပြောင်းကာ လားရှိုးအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း၊ အကျဉ်းသူ အများစုမှာ မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျသူများ ဖြစ်ကြောင်းလည်း ဆေးရုံးအုပ်ကြီးက ရှင်းပြသည်။
ကိုးကန့်ဒေသတွင် တိုက်ပွဲစဖြစ်ကတည်းက ကွမ်းလုံဆေးရုံတွင် ဆေးဝါးနှင့်ဝန်ထမ်း အလုံအလောက် ထားရှိသော်လည်း “လူငါးဆယ်လောက်
ဒလဟောရောက်လာတော့ နည်းနည်းတော့ မနိုင်မနင်းဖြစ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။
ဖေဖော်ဝါရီ ၉ ရက်ကစပြီး အစိုးရတပ်နှင့် ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်
ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားရာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို သမ္မတအမိန့်ဖြင့် တပ်မတော်သို့ အာဏာလွှဲပေးခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/39611-2015-02-24-10-17-51

ကိုးကန့်တိုက်ပွဲပါဝင်မှု စွပ်စွဲချက် ရုပ်သိမ်းပေးရန် သမ္မတထံ SSPP တောင်းဆို



ဖေဖေါ်ဝါရီ ၂၄ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဖြစ်ပွားနေသော တိုက် ပွဲတွင် သျှမ်းပြည်တပ်မတော် SSPP/SSA ပါဝင်ပတ်သက်မှု ရှိသည်ဆိုသည့် အစိုးရ၏ စွပ်စွဲ ချက်သည် မဟုတ်မှန်သောကြောင့် ရုပ်သိမ်းပေးပါရန် နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေး စာတစောင် ပို့လိုက် သည်။

ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ ရက်စွဲဖြင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံသို့ - ‘ကိုးကန့်ဒေသအတွင်းလက်နက်ကိုင်ပဋိပက္ခတွင် ၎င်းတို့ ပါဝင် ပတ်သက်ခြင်းမရှိကြောင်း၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမဖြစ်သင့် ကြောင်း၊ နိုင်ငံရေးနည်းလမ်းအရ တဦးပေါ်တဦးအပြန်အလှန်အလေးပေး တန်ဖိုးထား၍ တွေ့ဆုံ ဆွေးနွေးအဖြေရှာခြင်းသာတခုတည်းသောနည်းလမ်းဖြစ်ကြောင်း” အစရှိပါဝင်သော အချက် ၅ ချက်ပါ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့သည်။

“ကျနော်တို့ ရရှိထားတဲ့ အပစ်ခတ်ရပ်စဲရေး မပျက်ပြားစေရေးအတွက် ကျနော်တို့ အတတ် နိုင်ဆုံး ကြိုးစားပြီး ထိန်းသိမ်းနေပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမြန်ဆုံး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ကိုပဲ မျှော်လင့်တောင့်တနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒီစွပ်စွဲချက်က မဟုတ်မှန်ပါဘူး။ လက် ရှိအနေ အထားရ အစိုးရတပ်ကို ကင်းပုန်းတိုက်ခိုက်တာတွေတောင်မှ လုံးဝမရှိစေဖို့၊ မလုပ်ဖို့ ကျနော် တို့ တားမြစ်ထားတယ်။ ဒီစွပ်စွဲချက်တွေ ပြန်ရုပ်သိမ်းပေးပါလို့ သမ္မတထံ စာပေးပို့ရတာပါ ” - ဟု ပါတီအထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင် က ပြောသည်။

ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ကိုးကန့်တိုက်ပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ သျှမ်းပြည်တပ်မတော် SSPP/SSA ၊ မိုင်းလားတပ်ဖွဲ့အမည်ရ NDAA-ESS ၊ UWSA ဝ တပ်ဖွဲ့ နှင့် ပလောင်တပ်ဖွဲ့အမည်ရ TNLA တို့ ပါဝင်ပတ်သက်နေသည်ဟု နေပြည်တော်အစိုးရက ပြောသည်။

အစိုးရမှ ယခုကဲ့သို့ စွပ်စွဲပြောဆိုသည့် - ကိုးကန့်ပြဿနာသည် အချုပ်အခြာအာဏာကို ထိပါး လာနေသည်ဆိုသည့်ကိစ္စ၊ ကိုးကန့်ဒေသအား တပ်မတော်ထံ အာဏာလွှဲပေးသည့်ကိစ္စရပ်များ သည် ကျောင်းသားဆန္ဒဖေါ်ထုတ်မှု၊ မြေယာပြဿနာ နှင့် လက်ပံတောင်းပြဿနာများမှ အာရုံလွှဲလိုသော ကြောင့် ဖန်တီးလာခြင်းဖြစ်နိုင်သည်ဟု ကိုယ်ရေးအမြင်ဖြင့် စဝ်ခွန်ဆိုင် က သုံးသပ်ပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

အလားအလာကောင်းသည့် ခရီးသွားဒေသအဖြစ် ဖုန်ဂန်ရာဇီ ခရီးစဉ်ကို နေရှင်နယ်ဂျီအိုဂရပ်ဖစ်မှ ထုတ်လွှင့်သွားမည်

ခရီးသွားဒေသအဖြစ် အလားအလာကောင်းလာနိုင်သည့် ပူတာအိုဒေသ ဖုန်ဂန်ရာဇီတောင်ပေါ်ခရီးစဉ် ဗီဒီယိုကို National Geographic မှ ထုတ်လွှင့်သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
National-Geographic
ကချင်ပြည်နယ်၊ ပူတာအိုဒေသရှိ ဖုန်ဂန်ရာဇီတောင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိုတယ်ခရီး)
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ကမ္ဘာလှည့်ခရီးသည်များကို ယဉ်ကျေးမှုခရီးစဉ်များ၊ အပန်းဖြေခရီး စဉ်များ၊ ဘုရားဖူးခရီးစဉ်များ၊ မြစ်တွင်းသွား အပျော်စီးသင်္ဘောခရီးစဉ်များ၊ မီးပုံးပျံခရီးစဉ်များဖြင့် အဓိက ဆွဲဆောင်လျက်ရှိပြီး လက်ရှိအချိန်တွင် သဘာဝ အခြေခံ ခရီးစဉ်များဖြင့် ကမ္ဘာလှည့်ခရီးသည်များကို ပိုမိုဆွဲဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
ရေခဲဖုံးလွှမ်းနေသော တောင်တန်းဒေသဖြစ်သည့် ပူတာအိုဒေသသည် ကမ္ဘာလှည့်ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာနိုင်ပြီး အဆိုပါတောင်တန်းဒေသများကို ခြေလျင်တောင်တက်ခရီးသည်များက စိတ်ဝင်စားလျက်ရှိကြသည်။
ပြီးခဲ့သည့်လများတွင် Myanmar City Star Travels and Tours ခရီးသွားကုမ္ပဏီ၏ စီစဉ်မှုဖြင့် ပူတာအိုဒေသ ဖုန်ဂန်ရာဇီတောင်ပေါ်သို့ National Geographic အဖွဲ့မှ သွားရောက်ခဲ့ပြီး ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် အဆိုပါအဖွဲ့တို့ တွေ့ဆုံခဲ့သည်။
ဖုန်ဂန်ရာဇီတောင်ပေါ်ခရီးစဉ်သည် အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းတွင်ပင် ကျယ်ပြန့်စွာ ဆွဲဆောင်နိုင်မည့် ခရီးစဉ် အနေအထားမျိုးရှိနေပြီး ကမ္ဘာ့အလှဆုံးခရီးသွားနေရာတစ်ခုဖြစ်နေရာ နိုင်ငံခြားခရီးသွားများ အများအပြားလာရောက်ရေးအတွက် ဈေးကွက်မြှင့်တင်ကြော်ငြာသွားရန် လိုအပ်သည်ဟု National Geographic အဖွဲ့က ပြောကြားခဲ့သည်။
ပူတာအိုဒေသ ဖုန်ဂန်ရာဇီတောင်ပေါ်သို့ တက်ရောက်ခဲ့သည့် အဆိုပါအဖွဲ့၏ ခရီးစဉ်များကို National Geographic က ထုတ်လွှင့်မည့် ဗီဒီယိုအစီအစဉ်၊ ဝက်ဆိုက်၊ မဂ္ဂဇင်းများတွင် ဖော်ပြသွားမည် ဖြစ်သည်။
ပူတာအိုဒေသတွင် လက်ရှိအချိန်၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ နှစ်လုံး၊ အခန်း ပေါင်း ၂၄ ခန်းသာ ရှိသေးသော်လည်း ကမ္ဘာလှည့် ခရီးသွားများ အများဆုံးလာရောက်သည့် အာဆီယံဒေသတွင်း နိုင်ငံများအနက် ရေခဲဖုံးလွှမ်းတောင်တန်းများသည် မြန်မာနိုင်ငံ မြောက်ဖျားပိုင်းတွင်သာ တည်ရှိသည့်အတွက် သဘာဝအခြေခံ စွန့် စားမှု ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းနေသည်။
ဖုန်ဂန်ရာဇီဘေးမဲ့တောကို သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း စခန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်ပြီး ပူတာအို လေယာဉ်ဖြင့် သွားရောက်နိုင်ကာ နွေရာသီတွင် မော်တော်ကားဖြင် သွားရောက်နိုင်သည်။ ပူတာအိုမြို့မှတစ်ဆင့် မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ မြို့များသို့ သွားရောက်နိုင်ပြီး ပူတာအိုမြို့မှ မိုင် ၁၈ဝ အကွာတွင် ခါကာဘိုရာဇီတောင်၊ ဖုန်ဂန်ရာဇီတောင်များရှိသည်။ ပူတာအိုသည် ကချင်ပြည်နယ်၏ မြောက်ဖက်အကျဆုံးရှိ မြို့တစ်မြို့လည်း ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-07-17/item/39606-2015-02-24-08-56-08